|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့ အင်ဒို နီးရှားနိုင်ငံသို့ထွက်ခွာ |
|
 |
|
၂၀၁၁ခုနှစ်၊
နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌
ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲသို့
သွားရောက် ယှဉ်ပြိုင်မည့် အားကစား နှင့် ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် ခေါင်းဆောင် သော တိုက်ကွမ်ဒို၊
စက်ဘီး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ရေကူး၊ တင်းနစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊
ပိုက်ကျောင်ခြင်း၊ နပမ်းနှင့် ကျွမ်းဘား အားကစားအသင်းများအား
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် |
|
နေပြည်တော်၊ နိုဝင်ဘာ(၁၀)။ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲသို့
သွားရောက် ယှဉ်ပြိုင်မည့် အားကစား နှင့် ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ် ခေါင်းဆောင် သော
တိုက်ကွမ်ဒို၊ စက်ဘီး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ရေကူး၊ တင်းနစ်၊
ဘော်လီ ဘော၊ သေနတ်ပစ်၊ ပိုက်ကျောင်ခြင်း၊ နပမ်းနှင့် ကျွမ်းဘား
အားကစားအသင်းများ စုစုပေါင်းအင်အား (၁၄၆)ဦးတို့သည်
ယနေ့ညနေ(၄) နာရီက အင်ဒိုနီးရှား နိုင်ငံ ပါလမ်ဘန်မြို့သို့
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွား သည်။
အဆိုပါ အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ရွက်လှေ၊
လှေလှော်၊ မြားပစ်၊ ကရာတေးဒို၊ မြင်းစီး၊ ကြက်တောင်၊
တိုက်ကွမ်ဒို၊ စက်ဘီး၊ စားပွဲတင်တင်းနစ်နှင့် ဘတ်စကက်ဘော
စုစုပေါင်း အားကစား အသင်း(၁၀) သင်းတို့သည်
အသင်းအုပ်ချုပ်သူများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ
ဂျာကာတာမြို့သို့ ပြိုင်ပွဲဝင်ရန် ယနေ့ နံနက်(၁၀)နာရီမှ စ၍
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသီးသီးထွက်ခွာကြကြောင်း
သတင်းရရှိသည်။
|
| |
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့
ပါဝင် ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင်
ကျွမ်းဘားအားကစားသမားများ အား ထောက်ပံ့ငွေလှူဒါန်း |
|
ရန်ကုန်၊ နိုဝင်ဘာ(၁ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင်
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ် မည့်
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်
ယှဉ်ပြိုင်ကြမည့် မြန်မာ့ လက်ရွေးစင်
ကျွမ်းဘားအားကစားသမား များအား နိုဝင်ဘာ(၈)ရက်နေ့တွင်
တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံ
ကျွမ်းဘား အဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံ
အမျိုး သမီး အားကစားအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်ဆွေဆွေချစ်က ငွေကျပ်(၁ဝ)သိန်း
လှူဒါန်းရာ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းဝင်း
(ရွှေသပြေဆောက်လုပ်ရေး)နှင့် အမှုဆောင် အဖွဲ့ဝင်များက
လက်ခံခဲ့ကြောင်း သတင်းရရှိသည်။ |