|
နေပြည်တော် ဇန်န၀ါရီ(၁၀)။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေး လုပ်ငန်းကော်မတီ လပ္ပတ္တာနှင့် မြောင်းမြခရိုင် တာဝန်ခံ အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ဇန်န၀ါရီ(၈)ရက် နံနက်(၈)နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကံကြီးကျေးရွာသို့ ရောက်ရှိပြီး ကံကြီး၊ ကံချောင်၊ ဒနှုံးချောင်း၊ ထော်ရီနှင့် လက်ခုပ်ကျေးရွာအုပ်စုများရှိ ပြည်သူများ နှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရမှ ချမှတ်ပေးထားသော ကျေးလက်ဒေသ ဖွံ့ ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်ကြီး (၈)ရပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးရွာများရှိ အခြေခံပညာကျောင်းများ သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများက လက်ခံရယူသည်။
ဆက်လက်၍ ACE ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်းက ကျောင်းအသီးသီးသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် ဆရာ/ဆရာမများ အ တွက် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တပင်ကျေးရွာသို့ ရောက်ရှိပြီး စစ်တပင်၊ ကျုံဝါး၊ ကြာဖူးငုံ၊ ရှမ်းကွင်း၊ ကညင်ကွင်းနှင့် တံတားကူးကျေးရွာ အုပ်စုများရှိ ပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါး မှု လျော့ချရေးအစီအစဉ်များအား ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများရှိ အခြေခံပညာကျောင်း များသို့ အားကစားပစ္စည်းများအား လည်းကောင်း၊ ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ကျောင်းသုံးဗလာစာအုပ်နှင့် ဆရာ/ဆရာမများအတွက် ကျောင်းဝတ် စုံများအားလည်းကောင်း ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းများမှ ဆရာ /ဆရာမများက လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့နယ် ပြည်သူ့အားကစား ကွင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဘောလုံးကွင်းအား ပြန်လည်ပြုပြင် ဖောက်လုပ်ရေး၊ ပွဲကြည့်စင် အဆင့်မြှင့် ဆောက်လုပ်ရေးနှင့် ရေရရှိရေး၊ ပြေး လမ်းဖောက်လုပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည် ထောင်စုဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ခံများနှင့် ညှိ နှိုင်းဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြခရိုင် ဧည့်ရိပ်သာ၌ ကျင်းပ သော အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်အားပေးရာ အလှူရှင် A.C.E ဆောက်လုပ်ရေးကုမ္ပဏီနာယက မြန်မာနိုင်ငံမိခင် နှင့် ကလေးစောင့်ရှောက် ရေးအသင်း ဗဟိုကော်မတီဝင် ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်းက မြောင်းမြမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အလှူငွေ ကျပ်သိန်း(၂၀)ပေးအပ် လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးသည် မြောင်းမြမြို့ နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ကျောင်း သား/ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ကန်တော့ပွဲသို့ တက်ရောက် ကာ ကျေးဇူးရှင်ဆရာကြီး/ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများ၊ ပူဇော်ငွေ များဖြင့် တစ်ဦးချင်း လိုက်လံ လှူဒါန်းကန်တော့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က အသက်(၆၀)ပြည့် အငြိမ်း စားယူသွားကြသော ဆရာကြီး/ဆရာမကြီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် မတည်လှူဒါန်းငွေ ကျပ်သိန်း(၅၀)အားလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပြုပြင်မွမ်းမံရေးနှင့် ဖောင်ဒေးရှင်းအတွက် မတည်ငွေအဖြစ် ကျပ်သိန်း(၁၀၀) စီအားလည်းကောင်း ပေးအပ်လှူဒါန်းရာ အာစရိယပူဇော်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဒေါက်တာ သန်းဦးနှင့် ကျောင်းအုပ်ဆရာကြီး ဦးတင်အေးတို့မှ လက်ခံရယူကြသည်။
ဆက်လက်၍ A.C.E ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာ စာအုပ်နှင့် စာရေးကိရိယာများအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးတင်အေးက လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာနရှိ ၀န်ထမ်းများအားလည်းကောင်း၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း မြောင်းမြလုပ်ငန်းခွဲရှိ ယမကာ လုပ်ငန်းဌာန၀န်ထမ်းများအားလည်း ကောင်း သွားရောက်တွေ့ဆုံကာ လုပ်ငန်းလမ်းညွှန်မှုများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာ သို့ရောက်ရှိကာ ကွယ်လွယ်အထက်တန်းကျောင်းခွဲ၊ စက္ကော့မူလတန်းကျောင်း နှင့် ကွယ်လွယ်ကွမ်းခြံမူလတန်းကျောင်းမှ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အစီအစဉ်များအား လည်း ကောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးတိုးတက် မြင့်မားရေးအပြင် ဆရာ/ ဆရာမများအနေဖြင့် ကျောင်းသင်ခန်းစာပြင်ပ ပြည်သူ့နိတိအစရှိသော ယဉ် ကျေးလိမ္မာစေသော ပညာရပ်များ၊ လူမှုဆက်ဆံရေး ပညာရပ်များ၊ ကိုယ်တိုင် ရှာဖွေလေ့လာတတ်ပြီး ထုတ်နုတ်တင်ပြနိုင်သော အလေ့အထများ၊ ပူးပေါင်း ဆောင်ရွက်တတ်သော အလေ့အထများနှင့် အားကစားစိတ်ဓါတ်ရှိပြီး ကျန်းမာ ကြံ့ခိုင်သူများ ဖြစ်လာစေရေးတို့အတွက် လေ့ကျင့်သင်ကြားပေးကြရန် ဆွေး နွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ကွယ်လွယ်ကျေးရွာရှိ ဘုန်း တော်ကြီး (၆)ကျောင်းအား လှူဖွယ်ဝတ္တုများနှင့် န၀ကမ္မ ငွေကျပ် (၁)သိန်းစီ အားလည်းကောင်း၊ အခြေခံပညာကျောင်းများ အတွက် အားကစားပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကရိယာများ၊ ဆရာ/ဆရာမများ အတွက် ကျောင်းဝတ်စုံများအားလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသတင်းရရှိသည်။
|