|
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ (ဒုတိယ ပတ်) စုပေါင်းလမ်း လျှောက်ပွဲ ပါဝင်ဆင်နွှဲ
|
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၁ဝ)ရက်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဌာန အသီးသီးမှ ဝန်ကြီး များနှင့် ၄င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ် ခွန်းရီ နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ယနေ့နံနက်(၆)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကစားပြိုင်ဝင်း ရှေ့စုရပ်၌ ကျင်းပသော ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ၌ ပါဝင် ဆင်နွှဲသည်။
အဆိုပါ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(ဒုတိယပတ်) လူထုအားကစား လလမ်းလျှောက်ပွဲသို့ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီး အကဲများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ဂီတ အစည်းအရုံးမှ အနုပညာရှင်များ၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့ နယ်၊ ဒဂုံမြို့နယ် နှင့် ပုဇွန်တောင်မြို့နယ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၆၅၈၃)ဦးတို့ သည် အ.ထ.က(၃) မင်္ဂလာတောင်ညွန့်မြို့နယ် ဘင်ခရာတပ်ဖွဲ့နှင့်အတူ အောင်ဆန်းကစားပြိုင်ဝင်းရှေ့ အထူးတန်းရှေ့ စုရပ်မှတဆင့် ဂျိုးဖြူလမ်း အ တိုင်း ၄င်းမှတစ်ဆင့် တိရစ္ဆာန်ဥယျာဉ်ပတ်လမ်း ၊ ၄င်းမှအထက်ပန်းဆိုးတန်း လမ်း ၊ ၄င်းမှတစ်ဆင့် အောင်ဆန်းကွင်း အရှေ့ဘက်ပွဲကြည့်စင်သို့ စုပေါင်း လမ်းလျှောက်ကြပြီး အောင်ဆန်းကစားပြိုင်ဝင်းအတွင်း၌ ကိုယ်လက်ကြံ့ခိုင် ရေး လေ့ကျင့်ခန်းများ တပျော်တပါးပြုလုပ်ကြသည်။ ထို့နောက် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပကြပြီး၊ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သုဝဏ္ဏ လူငယ် အားကစား လေ့ကျင့်ရေး စခန်းစုရပ်တွင် အင်အား(၁၉၉၄)ဦး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းစုရပ်တွင် အင်အား(၆၅၁၃)ဦးတို့ စုပေါင်းလမ်း လျှောက်ပွဲတွင် အသီးသီး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ(၉)ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲ အဖြစ် မြိတ်မြို့နယ်အသင်းနှင့် ကျွန်းစုမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျွန်းစုမြို့နယ် အသင်းက မြိတ်မြို့နယ်အသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
ဒီဇင်ဘာ(၁ဝ)ရက်နေ့တွင် ဒုတိယအကြိုဗိုလ်လုပွဲ အ ဖြစ် ထားဝယ်မြို့နယ်အသင်းနှင့် လောင်းလုံမြို့နယ်အသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
|
|
|
|
အောင်ပွဲရ ကရင်ပြည်နယ်အမျိုးသမီး (အေရိုးဗစ်)အသင်းအား ဂုဏ်ပြု ဆု ချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁ဝ)ရက်။ ၂ဝ၁၁ ခုနှစ် (၁၇)ကြိမ်မြောက်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကရင်ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ (၈)ရက်နေ့ ၊ ည(၇)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ လူမှုရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးချစ်လှိုင်၊ ကရင်ပြည်နယ် အားကစား နှင့် ကာယပညာကော်မတီ ဥက္ကဌ (သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ပြည်နယ် ဝန်ကြီး) ဦးစောဆာလောလှ ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုး သမီး အားကစားအဖွဲ့ချုပ် အဝေးရောက်နာယက ဒေါ်ညွန့်ညွန့်ဝေနှင့် ပြည် နယ် အမျိုးသမီး အားကစားဆပ်ကော်မတီဝင်များ၊ ပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်ဝင်း၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်နှင့် ဆုရအားကစားသမားများ တက် ရောက်ကြသည်။
ဆက်လက်၍ အငယ်တန်း(၉)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယ ၊ အကြီးတန်း (၉)ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယ၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယ၊ တစ်ဦးချင်းပြိုင်ပွဲတွင် စတုတ္တရရှိကာ တိုင်းဒေသကြီးနှင့်ပြည်နယ် အ ဆင့်တွင် ဒုတိယဆုရရှိခဲ့သော အောင်ပွဲရ ကရင်ပြည်နယ် အမျိုးသမီး(အေရိုး ဗစ်)အသင်းကို အဝေးရောက်နာယကနှင့် ပြည်နယ်အမျိုးသမီး အားကစားဆပ် ကော်မတီဝင်များ ( လွှတ်တော် ဒုတိယဥက္ကဌဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ) က ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ (၄၃)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက် တောင် ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
|
|
 |
|
 |
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၁ဝ)ရက်။ ၂ဝ၁၁ခုနှစ်၊
(၄၃)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်
အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အားကစား
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား အားကစားနှင့်ကာယပညာဦးစီး ဌာန
ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ ၊ မြန်မာနိုင်ငံကြက်
တောင်ရိုက် အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ဆွေ၊ ဒုတိယ ဥက္ကဌဦးမြသောင်း၊
အတွင်းရေးမှူး ဦးရော်ဘင်တင်၊ မြန်မာနိုင်ငံကြက်တောင်ရိုက်
အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့်ပြိုင်ပွဲဝင် အားကစားသမားများ
တက်ရောက်ကြသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အဖွင့်အမှာစကားပြောကြား၍
ပြိုင်ပွဲအားဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင် အသင်းများအား
လိုက်လံနှုတ်ဆက်သည်။ ထို့နောက်ပြိုင်ပွဲဝင်အ သင်းများက အားကစားသစ္စာ
အဓိဌာန်(၄)ချက် ရွတ်ဆိုပြီး အားကစားကွင်း အတွင်းမှ
ပြန်လည်ထွက်ခွာသွားကြကာ ပြိုင်ပွဲများ ကို ဆက်လက် ကျင်းပ ကြောင်း
သတင်းရရှိသည်။
|
|
|
|
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လုပ်ငန်း ကဏ္ဍများနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များတွင် လူ့စွမ်းအား အရင်းအမြစ်အသုံးပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေး
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁ဝ)ရက်။ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားက စားပြိုင်ပွဲကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံ အား ကစားအဖွဲ့ချုပ်အသီးသီးတွင် လူ့စွမ်းအား အရင်းအမြစ် အသုံးပြုနိုင်ရေး ညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ တွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် တက်ရောက် အမှာစကားပြောကြားသည်။
တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ ချုပ်များမှ ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အထွေထွေအတွင်းရေးမှူးများ၊ အမှု ဆောင်များတက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မ တီ အထွေထွေအတွင်းရေးမှူး ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂ဝ၁၃ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်တွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား အဖွဲ့ချုပ်များ အနေဖြင့် မိမိအဖွဲ့ချုပ် အားကစားနည်းအလိုက် အားသာမှု၊ အား နည်းမှု ၊ အားကစား နည်းအလိုက် လွှမ်းမိုးချုပ် ကိုင်ထားမှု၊ ဒိုင်ဂျူရီ ၊
Offocoal များ သုံးမည့်အရေအတွက် ၊ ယာယီ လုပ်အားပေးများအတွက် ကွန်ပျူတာ ကျွမ်းကျင်သူများ၊ စကိုးဘုတ်တင်သူများ၊ ဧည်သည်များ ကြိုဆိုနေရာချထား ရေး၊ လုံခြုံရေး၊ ဆုများသယ်ယူခြင်း၊ အလံတင်/အလံချခြင်း ၊ ပြိုင်ပွဲအတွင်း သန့်ရှင်းရေး ဆောင်ရွက်သူများ၊ ပြိုင်ပွဲအထောက်အကူပစ္စည်းများ သယ် ဆောင်ချထားရေး၊
VIP ကြိုဆိုဧည့်ခံရေး၊ ယာဉ်များရပ်နား နေရာချ ထားရေး နှင့် လုံခြုံရေး အစရှိသည့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားသည်။
ဆက် လက်၍ အဖွဲ့ချုပ်အသီးသီးမှဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့က အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ မိမိတို့၏ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် လုပ်ဆောင်ရမည်များကို ရှင်းလင်းတင်ပြကြပြီး အားက စား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က နိဂုံး ချုပ် အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
|
|
|
|
|