|
|
|
 |
|
 |
|
 |
|
အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း
ရေကူး အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးစဉ် |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း
စခန်းသွင်းလေ့ကျင့်လျက် ရှိသော အားကစားသမားများအား
လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး
ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်စဉ် |
|
 |
|
 |
|
အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း
အာဆီယံအသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲ ၏ မြန်မာလက်ရွေးစင်
လူငယ်ဘောလုံးအသင်းနှင့် ဗီယက်နမ်ဘောလုံးအသင်း တို့
ယှဉ်ပြိုင်နေမှုအားကြည့်ရှုအားပေးစဉ် |
|
|
|
မြန်မာနိုင်ငံအမျိုးသား
အားကစားကော်မတီဥက္ကဌ
အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
အားကစားလေ့ကျင့်ရေး စခန်း များ လိုက်လံစစ်ဆေး |
ရန်ကုန်၊ စက်တင်ဘာ(၁ဝ)ရက်။ မြန်မာနိုင်ငံ
အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းသည် တာဝန် ရှိသူများ လိုက်ပါ၍ ၂ဝ၁၁
ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်၍ အောင်မြင်မှုဆုတံဆိပ်များ မြင့်မားစွာ ရရှိစေ ရေးအတွက်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၏ လေ့ကျင့်ရေး
စခန်း အသီးသီးတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစား သမားများ ၏
လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ဦးဝိစာရလမ်း အမျိုးသား
ရေကူးကန် အားကစားလေ့ကျင့်ရေးစခန်းသို့ရောက်ရှိလာပြီး ရေကူး၊ စားပွဲတင်
တင်းနစ်နှင့် ဂျူဒိုအားကစားသမားများ၏ ပြင်းပြင်းထန်ထန်
လေ့ကျင့်နေမှုများ ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်
အာရှအားကစားပြိုင်ပွဲသည် အချိန် ကာလနီးကပ်လာသည်နှင့်အမျှ
မိမိတို့မြန်မာအားကစားအဖွဲ့ အနေဖြင့် အောင်မြင်မှု ဆုတံဆိပ်များ
အဆင့်မြင့်မားစွာရရှိ နိုင်စေရေးအတွက် တစ်ဦး ချင်း၊ အသင်း/အဖွဲ့လိုက်
နည်းစနစ် မှန်မှန်၊ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်သွားကြရန်နှင့်
ချမှတ်ထားသောစည်းကမ်းများကို တိကျစွာ လိုက်နာ သွားကြရန်
လမ်းညွှန်မှာကြားကာ အားကစားသမားများအား ထောက်ပံ့ချီးမြှင့် ငွေများ
ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စမ်းချောင်းမြို့နယ် ပဒုမ္မာ အားကစား
ကွင်းရှိ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်
အားကစားလေ့ကျင့်ရေးစခန်းသို့လည်း ကောင်း၊ တာမွေမြို့နယ် ကျိုက္ကဆံ
မြားပစ်အားကစားလေ့ကျင့်ရေး စခန်းသို့ လည်းကောင်း သွားရောက်၍
အားကစားသမားများ၏ လေ့ကျင့်နေမှုများ၊ နေ ထိုင်စားသောက်မှု၊
အာဟာရဖြည့်တင်း ကျွေးမွေးမှုနှင့် အားကစားသမားများ
ကျန်းမာကြံ့ခိုင်မှုရှိစေရေးတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအ
နေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ
အားကစားသမားများအတွက် ထောက်ပံ့ချီးမြှင့် ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် သင်္ဃန်းကျွန်းမြို့နယ်၊
လူငယ် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်သော အာဆီယံအသက်
(၁၉)နှစ်အောက်ဘောလုံး ပြိုင်ပွဲ မြန်မာလက်ရွေးစင် လူငယ်ဘောလုံးအသင်း
နှင့် ဗီယက်နမ်ဘောလုံးအသင်းပွဲစဉ်သို့ သွားရောက်ပြီး နှစ်ဖက်အသင်း
အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်
တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတူ လိုက်လံနှုတ်ဆက်၍
ပြိုင်ပွဲယှဉ်ပြိုင်ကစားမှုအား ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။ |
|
|
|
|