|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယ အသုတ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှု အားပေး |
|
 |
|
 |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှုအားပေးစဉ် |
|
 |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ အမျိုးသား (၅၄)ကီလို ဘင်တန်ဝိတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော စူပါ (ဘားအံကလပ်အသင်း)အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ပေးအပ်ချီးမြှင့်စဉ် |
|
နေပြည်တော် ၊ အောက်တိုဘာ(၁)။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီဥက္ကဌအားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ ၌ကျင်းပသော ၂၀၁၁ခုနှစ်ပထမအကြိမ်နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များအား ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။
အဆိုပါ အခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူနှင့်နည်းပြများ တက်ရောက်ကြသည်။
ဗိုလ်လုပွဲ စဉ်များတွင် အမျိုးသား(၅၄)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ စူပါ(ဘားအံ ကလပ်အသင်း) နှင့် စောအောင်နိုင်(ကျိုင်းတုံကလပ်အသင်း)တို့ ယှဉ်ပြိုင်ထိုး သတ်ကြရာ စူပါ(ဘားအံကလပ်အသင်း)က စောအောင်နိုင်(ကျိုင်းတုံကလပ် အသင်း)ကို ဒုတိယအချီ (၁ မိနစ် ၄၀ စက္ကန့်)တွင် အလဲထိုး၍ လည်း ကောင်း၊ အမျိုးသား (၅၇)ကီလို ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌ ၀ီလျှံ(ဘားအံကလပ်အသင်း) နှင့် လှစ်လှစ်လေး (ရန်ကုန်ကလပ်အသင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ၀ီလျှံ(ဘားအံကလပ်အသင်း)က လှစ်လှစ်လေး (ရန်ကုန်ကလပ်အသင်း)ကို ပထမ အချီ (၆ စက္ကန့်)တွင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းက အမျိုးသား (၅၄)ကီလို ဘင်တန်ဝိတ်တန်း ဗိုလ်လုပွဲတွင် တတိယဆုရ နိုင်အောင်လင်း(ပဲခူးကလပ်အသင်း)၊ ဒုတိယဆုရ စောအောင်နိုင် (ကျိုင်းတုံကလပ်အသင်း) နှင့် ပထမဆုရ စူပါ(ဘားအံကလပ်အသင်း)တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသောင်းထိုက်က အမျိုးသား (၅၇)ကီလို ဖယ်သာဝိတ်တန်း ဗိုလ်လုပွဲ တွင် တတိယဆုရ ဆက်ထူးအောင် (လွိုင်ကော်ကလပ်အသင်း)၊ ဒုတိယဆုရ လှစ်လှစ်လေး(ရန်ကုန်ကလပ်အသင်း) နှင့် ပထမဆုရ ၀ီလျှံ (ဘားအံကလပ် အသင်း)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက အကောင်း ဆုံး အမျိုးသားအားကစားသမားဆုရ ၀ီလျှံ(ဘားအံကလပ်အသင်း)အား အကောင်းဆုံးအားကစားသမားဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament အထူးအစီအစဉ် အဖြစ် မီနီမာရသွန် အလွတ်တန်းနှင့် အသက်(၂၀)နှစ်နှင့်အောက်ပြိုင်ပွဲများကို ၂၀၁၁ခုနှစ် အောက်တိုဘာ(၂၃)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ်/ခရိုင်/တိုင်းဒေသ ကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦစီးဌာနများမှ တဆင့် အောက်တို ဘာ(၁၅)ရက်နေ့အရောက် အမည်စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိ သည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊
ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဌာန
ဝန်ကြီးတက်ရောက်ဆုချီးမြှင့် |
|
 |
|
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ခင်က
အမျိုးသား/အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဒိုင်း ဆုရ
ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဆုများ
ပေးအပ်ချီးမြှင့်စဉ်
|
|
 |
|
အမျိုးသား/အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဒိုင်းဆုရ
ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန အသင်းအား တွေ့ရစဉ် |
|
ရန်ကုန်၊ အောက်တိုဘာ(၁)ရက်။ ၂ဝ၁၁ ခုနှစ်၊
ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊
ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက
ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ အမျိုးသား ရေကူးကန်ရှိ
မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်
လေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဆု
ပေးပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်
ရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်နှင့်ဇနီး
ဒေါ်မြင့်မြင့်သန်း၊ တပ်မတော်စားပွဲတင်တင်းနစ် ကော်မတီဥက္ကဌ
အမှတ်(၂)တပ်မတော်ဆေးရုံ (ကုတင်-၅ဝဝ)တပ်မှူး
ဗိုလ်မှူးချုပ်စိန်လင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်
အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊
ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ
အမျိုးသားတစ်ဦးချင်း ဗိုလ် လုပွဲအဖြစ် သက်ကိုကိုလတ်
(ဘဏ္ဍာ/အခွန်) နှင့် အောင်ထွဋ်(ကာကွယ်ရေး) တို့
ယှဉ်ပြိုင်ကစားကြရာ သက်ကိုကိုလတ် (ဘဏ္ဍာ/အခွန်)က (၄)ပွဲ၊
(၁)ပွဲဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ဆုပေးပွဲအခမ်းအနားကို
ဆက်လက်ကျင်းပရာ
အသက်(၄၅)နှစ်အထက်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊
အမျိုးသား/အမျိုးသမီးနှစ် ယောက်တွဲပြိုင်ပွဲ၊
အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ
ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး
အသင်းလိုက်ပြိုင်ပွဲများ၌ ဆုရရှိသူများအား
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီးဌာန ဝန်ကြီး၏ဇနီး ဒေါ်မြင့်မြင့်သန်း၊
မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ
ဦးမြမောင်၊ အမှုဆောင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး
ပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက်
မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်က
အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရ ဘဏ္ဍာ/အခွန်
ဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရ ကာကွယ်ရေး ဝန်ကြီးဌာနအသင်း၊ တတိယ
ဆုရ လယ်/ဆည်ဝန်ကြီးဌာန(က)အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန (ခ)
အသင်းတို့အား လည်းကောင်း၊ တပ်မတော်စားပွဲတင် တင်းနစ်ကော်မတီ
ဥက္ကဌ၊ အမှတ်(၂) တပ်မတော်ဆေးရုံ(ကုတင်-၅ဝဝ)တပ်မှူး
ဗိုလ်မှူးချုပ် စိန်လင်းက အမျိုးသမီးအကောင်းဆုံး
အားကစားသမားဆုရ ဆွေဆွေဟန် (အားကစား ဝန်ကြီးဌာန) နှင့်
အမျိုးသား အကောင်းဆုံး အားကစားသမားဆုရ သက်ကိုကိုလတ်
(ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန)တို့အား အကောင်းဆုံး စားပွဲတင် တင်းနစ်
အားကစားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ခင်က
အမျိုးသား/အမျိုးသမီးအသင်းလိုက် တံခွန်စိုက် ဒိုင်းဆုရ
ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဆုများ ပေးအပ်ချီး
မြှင့်ခဲ့ ကြောင်း သတင်း ရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ International Grand Master စစ်တုရင်ပြိုင်ပွဲ ဆုပေး
ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း
ဆက်သွယ်ရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးတက်ရောက်ဆုများ ချီးမြှင့် |
|
 |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန
ပြည်ထောင် စုဝန်ကြီးကိုယ်စား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်က ပထမတံခွန်စိုက်
ချန်ပီယံဆုရ အင်တာ နေရှင်နယ်မာစတာ ဝင်းဇော်ထွန်း(မြန်မာ)အား
တံခွန်စိုက် ချန်ပီယံဆုအား ပေးအပ် ချီးမြှင့်စဉ် |
|
 |
|
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က
အင်တာနေရှင်နယ်အဆင့် လက်မှတ်ရ ဗီယက်နမ်နိုင်ငံမှ Nguyen Ven
Hai (ငုယင်ဗန်ဟိုင်း)အား Diploma Certificate
လက်မှတ်ပေးအပ်ချီးမြှင့်စဉ် |
|
ရန်ကုန်၊ အောက်တိုဘာ(၁)ရက်။ အားကစားဝန်ကြီးဌာန
အားကစားနှင့်ကာယ ပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ အင်တာနေ ရှင်နယ် ဂရင်းမာစတာ
စစ်တုရင်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့
နံနက်(၉)နာရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်ရှိ Ruby House
ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဆုပေးပွဲအခမ်းအနားသို့
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်၊ အားကစားဝန်ကြီးဌာနမှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ စစ်တု
ရင်အဖွဲ့ချုပ်ဥက္ကဌဦးမောင်မောင်လွင်နှင့်အမှုဆောင်များ၊မြန်မာ့ရိုးရာစစ်တုရင်
ဆပ်ကော်မတီ ဥက္ကဌ ဦးဝင်းအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊
ဖိတ်ကြားထားသူ များ၊ ဆုရအားကစားသမားများနှင့်
သတင်းနှင့်စာနယ်ဇင်းများမှ တာဝန်ရှိသူ
များတက်ရောက်ကြသည်။အစီအစဉ်အရ မြန်မာ့ရိုးရာစစ်တုရင်ဆပ်ကော်မတီ
ဥက္ကဌ ဦးဝင်းအောင်က အင်တာနေရှင်နယ်အဆင့်လက်မှတ်ရ ဗီယက်နမ်
နိုင်ငံမှ Nguyen Ven Hai (ငုယင်ဗန်ဟိုင်း)နှင့် ဝင်းဇော်ထွန်း
(မြန်မာ)အား လည်းကောင်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ
ဦးမောင်မောင်လွင်က Diploma Certificate လက်မှတ်ရ
ဗီယက်နမ်နိုင်ငံမှ GM. Bui Vinh(ဗွေးဗင်)၊ GM. Nguyen Anh Dung
(ငုယင် အန်ဒေါင်း)၊ IM Mok Tze Meng မောက်ကီမန်(မလေးရှား)၊ IM
Goh Wei Ming Kevin ဂိုဝီမင်းကီဗင် (စင်ကာပူ)၊ FM. Nguyen Van
Hai ငုယင်ဗန်ဟိုင်း(ဗီယက်နမ်) တို့အားလည်းကောင်း၊ မြန်မာမှ
ဇော်ဝင်းလေး၊ ဝင်းဇော်ထွန်း၊ မျိုးနိုင်၊ အောင်အောင်၊
ထွန်းထွန်းသန်း၊ မင်းထူး၊ ထွန်းလင်းကျော်တို့အား Diploma
လက်မှတ်များပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး
မြန်မာနိုင်ငံအမျိုးသားအား ကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစား ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်မှ ပထမဆုရ
အင်တာနေရှင်နယ် မာစတာ ဝင်းဇော်ထွန်း (မြန်မာ)အားလည်းကောင်း၊
ဒုတိယဆုရ FM Nguyen Van Hai ငုယင်ဗန်ဟိုင်(ဗီယက်နမ်)နှင့်
တတိယဆုရ GM Bui Vinh ဗွေးဗင်(ဗီယက်နမ်) တို့အား
တစ်ဦးချင်းဆုများပေးအပ်ချီးမြှင့်ပြီး၊ ပထမတံခွန်စိုက်
ချန်ပီယံဆုရ အင်တာနေရှင်နယ်မာစတာ ဝင်းဇော်ထွန်း(မြန်မာ)အား
တံခွန်စိုက် ချန်ပီယံဆု အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍
မြန်မာ့ရိုးရာစစ်တုရင်ဆပ်ကော်မတီ ဥက္ကဌက မလေးရှား၊ စင်ကာပူ၊
ဗီယက်နမ်နှင့် စစ်တုရင်အဖွဲ့ချုပ်များသို့ မြန်မာ့
ရိုးရာစစ်တုရင်အားကစားပစ္စည်းများ ပေးအပ်သည်။ ဆက်လက်ပြီး
မြန်မာ့ ရိုးရာစစ်တုရင်သရုပ်ပြကစားခြင်းနှင့်
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့မှ ရှေ့ ဆက်လက်
ဆောင်ရွက်သွားမည့် စာနယ်ဇင်းများနှင့်တွေ့ဆုံသတင်းစာ ရှင်း
လင်းပွဲကိုဆက်လက်ပြုလုပ်ရာ
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင် မောင်လွင်က
အဖွဲ့ချုပ်အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အချက်
အလက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့ရိုးရာစစ်တုရင်
ဆပ်ကော်မတီ ဥက္ကဌ ဦးဝင်းအောင်က ရိုးရာစစ်တုရင်အားကစားနည်းနှင့်
ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်းတင်ပြကြကာ
တက်ရောက်လာကြသော စာနယ်ဇင်း များမှ ပုဂ္ဂိုလ်များက
သိလိုသည်များကို မေးမြန်းကြကာ အဖွဲ့ချုပ် ဥက္ကဌမှ
ပြန်လည်ဖြေကြားခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ် အင်တာနေရှင်နယ်
ဂရင်းမာစတာ စစ်တုရင်ပြိုင်ပွဲသို့ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား၊
စင်ကာပူနှင့် မြန်မာနိုင်ငံမှ အင်တာနေရှင်နယ်
ဂရင်းမာစတာများနှင့် မာစတာများ စုစုပေါင်း(၁၃)ဦး
ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၄င်းပြိုင်ပွဲဖြစ်မြောက်ရေးအတွက်
မြန်မာနိုင်ငံစစ်တု ရင်အဖွဲ့ချုပ် နာယက ဦးခင်မောင်ဟန် (Future
Engineering)မှ ငွေကျပ် (၁ဝ) သိန်း၊ နာယက ဦးဝင်းအောင် (MGW-
ဆောက်လုပ်ရေး)က ငွေကျပ် (၁၅)သိန်း၊ မြန်မာနိုင်ငံစစ်တုရင်
အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင် (MD, Excellent Creation
Co., Ltd)က ငွေကျပ် သိန်း(၄ဝ)၊ ဦးခင်မောင်ဦး (MD, Beauty W.F
Co., Ltd) က ငွေကျပ်(၁၅)သိန်း၊ ဦးဝင်းအောင် (M.D Future
Engineering)က ငွေကျပ်(၁၅)သိန်းနှင့် ဦးထွန်းရွှေ-ဒေါ်လှယဉ်ဝင်း
(PISM) က ငွေကျပ်(၃)သိန်းတို့ ကို ပံ့ပိုးလှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဖလား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ |
|
ရန်ကုန်၊ အောက်တိုဘာ(၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကချင်ပြည်နယ်၊
ပူတာအိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (အလွတ်တန်း)
ဘောလုံးပြိုင်ပွဲကို သြဂုတ်လ (၁ဝ)ရက်နေ့မှစတင်၍
မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ် လျက်ရှိရာ
စက်တင်ဘာ(၂၈)ရက်နေ့တွင် ကွာတား ဖိုင်နယ်ပြိုင်ပွဲများအဖြစ်
မူလာရှီးဒီအသင်းနှင့် ကောင်ကထောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
မူလာရှီးဒီအသင်းက ကောင်ကထောင်အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့်
လည်း ကောင်း၊ စက်တင်ဘာ(၂၉)ရက်နေ့တွင် လေယာဉ်ကွင်း အသင်းနှင့်
ပန်းသခင် ကလပ် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပန်းသခင်ကလပ်အသင်းက
လေ ယာဉ်ကွင်းအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊
စက်တင်ဘာ(၃ဝ)ရက် နေ့တွင် ဖုန်ကန်လူငယ်အသင်းနှင့်
မန်စေအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖုန်ကန်လူငယ်အသင်းက
မန်စေအသင်းကို (၅)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွား ကြောင်း
သတင်းရရှိသည်။
|
|
|