(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်
မြန်မာအားကစားအသင်း ငွေ တံဆိပ် နှစ်ခု ဆွတ်ခူးရရှိ |
|
 |
|
တစ်ယောက်လှော် မီတာ (၁ဝဝဝ-
C1)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ ဝင်းထိုက် |
|
 |
|
 |
|
နှစ်ယောက်တွဲ
မီတာ(၁ဝဝဝ-C2)ဲပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ ဝင်းထိုက်နှင့် ရဲအောင်စိုး |
ရန်ကုန်၊ နိုဝင်ဘာ(၁၁)ရက်။
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို
ယနေ့စတင်ဖွင့်လှစ်ရာ ကနူးလှေလှော်ပြိုင်ပွဲတွင် ဝင်းထိုက်က
တစ်ယောက်လှော် မီတာ(၁ဝဝဝ-C1)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုကိုရရှိသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုကို အင်ဒိုနီးရှားနိုင်ငံနှင့် တတိယဆုကို
ဗီယက်နမ် နိုင်ငံတို့က အသီးသီးရရှိသွားသည်။
အလားတူ မီတာ(၁ဝဝဝ-C2)နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ဝင်းထိုက် နှင့် ရဲအောင်စိုးတို့က ငွေတံဆိပ်ဆုကို ထပ်မံရရှိသည်။၊
အဆိုပါပြိုင်ပွဲတွင် ပထမဆုကို အင်ဒိုနီးရှားနိုင်ငံ၊ တတိယဆုကို
ထိုင်းနိုင်ငံတို့ကိုရရှိကြောင်း သတင်းရရှိသည်။ |
|
|
|
၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြီးစီး
|
ရန်ကုန်၊ နိုဝင်ဘာ(၁၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး အား ကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၆)ရက်နေ့ ညနေ(၄)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ လူမှုရေး ရာဝန်ကြီး ဒေါက်တာမြင့်သိန်း၊ အမျိုးသမီးအားကစား ကော်မတီအဖွဲ့ဝင်များ နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ အားက စား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဆုပေးပွဲအခမ်းအနားကို ဆက် လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန် ဝန်ကြီး ၏ဇနီး ဒေါ်ဥမ္မာကျော်က အသက်(၁၂)နှစ်အောက် (၉)ယောက်တွဲ (အကြီး တန်း) ပြိုင်ပွဲတွင် ပထမရရှိသော ကလေးမြို့နယ်အသင်းအား ဆုကြေးငွေကျပ် (၁)သိန်း(၁)သောင်းကို လည်းကောင်း၊ ဒုတိယရရှိသော မုံရွာမြို့နယ်အသင်း အား ဆုကြေးငွေကျပ် (၈)သောင်းကို လည်းကောင်း၊ တတိယရရှိသော ဝက်လက်မြို့နယ်အသင်းအား ဆုကြေးငွေကျပ်(၆)သောင်းကို လည်းကောင်း၊ ချင်းတွင်းအားမာန် မန်နေဂျာ ဒေါ်မာမာဝင်းက အငယ်တန်း(၁၂)နှစ်အောက် (၉)ယောက်တွဲ ပြိုင်ပွဲတွင် ပထမရရှိသော မုံရွာမြို့နယ်အသင်းအား ဆုကြေး ငွေကျပ် (၁)သိန်း(၁)သောင်းကိုလည်းကောင်း၊ ဒုတိယရရှိသော ကလေးမြို့ နယ်အသင်းအား ဆုကြေးငွေ ကျပ်(၈)သောင်းကိုလည်းကောင်း၊ တတိယ ရရှိသော ကန့်ဘလူမြို့နယ်အသင်းအား ဆုကြေးငွေကျပ်(၆)သောင်းကိုလည်း ကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၏ ဇနီး တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဌ ဒေါ်နန်းဝတ်ရည်လဲ့က အကြီးတန်း (၃) ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ကလေးမြို့နယ်အသင်းအား ဆုကြေးငွေ ကျပ် (၇)သောင်းကိုလည်းကောင်း၊ ဒုတိယရရှိသော မုံရွာမြို့နယ်အသင်းအား ဆုကြေးငွေ ကျပ်(၅)သောင်း(၁)ထောင်ကို လည်းကောင်း၊ တတိယဆု ရရှိ သော ကလေးဝမြို့နယ်အသင်းအား ဆုကြေးငွေကျပ် (၃)သောင်း(၅)ထောင် ကိုလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဝင် ဒေါက်တာ ဒေါ်ခင်နိုင်ဦးက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးမြို့နယ် အ သင်းအား ဆုကြေးငွေကျပ်(၄)သောင်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မုံရွာမြို့နယ်အသင်းအား ဆုကြေးငွေ ကျပ်(၂)သောင်း(၇)ထောင် ကိုလည်း ကောင်း၊ တတိယဆုရရှိသော ကလေးမြို့နယ်အသင်းအား ဆုကြေးငွေ ကျပ် (၁)သောင်း(၅)ထောင်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝေဝေခိုင်မှ ပထမတံခွန်စိုက် ဆုဖလားရရှိသော ကလေးမြို့နယ်အသင်း အား တံခွန်စိုက် ဆုဖလားနှင့် ဆုကြေးငွေကျပ် (၁)သိန်းကို လည်ကောင်း အ သီးသီးဆုများပေး အပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
မြန်မာအားကစားအဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ မြန်မာနိုင်ငံ အမျိုး သမီးအားကစားအဖွဲ့ချုပ် နာယကများမှ ပို့ဆောင်နှုတ်ဆက်
|
ရန်ကုန်၊ နိုဝင်ဘာ(၁၁)ရက်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ၌ကျင်းပမည့် (၂၆)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အား ကစား အဖွဲ့များဖြစ်ကြသော တိုက်ကွမ်ဒို၊ စက်ဘီး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ရေကူး၊ တင်းနစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ နပမ်းနှင့် ကျွမ်း ဘားအားကစား အဖွဲ့ဝင်များသည် ယမန်နေ့ညနေ(၄)နာရီက အင်ဒိုနီးရှား သမ္မတနိုင်ငံ ပါလမ်ဘန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားရာ မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် သက်ဆိုင်ရာအားကစားနည်းများအလိုက် တာဝန်ခံ နာယကနှင့် နာယက အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်သန်းဝင်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဇနီး)၊ ဒေါ်ရီရီဝင်း (ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီး၏ဇနီး)၊ ဒေါက်တာဒေါ်ရီရီထွေး (ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး)၊ ဒေါ်မူမူခင် (ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး)၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်နှင့်အမှုဆောင်အဖွဲ့ဝင်များမှ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
|