|
နေပြည်တော် ဇန်န၀ါရီ(၁၁)။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်း ကော်မတီ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် တာ
ဝန်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့သည် ဇန်န၀ါရီ(၉)ရက် နံနက်ပိုင်းက မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းပညာရတနာခန်းမ၌ ကျင်းပသော မြောင်း မြမြို့ပေါ်ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ပံ့ပိုး အကူအညီပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြောင်းမြမြို့ပေါ် (၁၆)ရပ် ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖ များ၊ စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများမှ မိမိရပ်ကွက်အလိုက် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လိုအပ်ချက်အား တင်ပြကြသည်။
ဆက်လက်၍ တင်ပြလာသော လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနအသီးသီးက လုပ်ငန်းဖေါ်ဆောင်နိုင်မှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုင်ငံတော်မှ ချမှတ် ဆောင် ရွက်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ်(၈)ရပ်အား ရှင်းလင်းပြော ကြားသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေး ပံ့ပိုးအကူအညီ ပေးအပ်ပွဲကို ကျင်းပရာ ACE ဆောက်လုပ်ရေး ကုမ္ပဏီ ဦးဖြိုးကိုကိုတင့်ဆန်းက မြောင်းမြမြို့ပေါ်ရပ်ကွက် များအတွက် ဖွံ့ဖြိုးတိုးတက် ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ ကုန်ကျမည့် ပံ့ပိုးအကူအညီ ငွေကျပ် (၉၂၃)သိန်းအား မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်က တိုင်းဒေသ ကြီးအတွင်း တရားဥပဒေ စိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ချမှတ် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးကူညီသူများအား ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
|