|
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို စစ်တွေမြို့ ဝေသာလီ အားကစားကွင်း၌ ဆက်လက် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၁ဝ)ရက် နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် စစ်တွေခရိုင်(က)အသင်းနှင့် စစ်တွေခရိုင် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေခရိုင်(က) အသင်းက စစ်တွေခရိုင် (ခ)အသင်းကို (၆)ဂိုး၊(၃)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၁)ရက် နေ့ တွင် ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် ကျောက်ဖြူမြို့နယ်အသင်းနှင့် သံတွဲမြို့နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ(၁ဝ)ရက်နေ့တွင် ဒုတိယအကြို ဗိုလ်လုပွဲအဖြစ် ထားဝယ်မြို့နယ်အ သင်းနှင့် လောင်းလုံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထားဝယ်မြို့နယ် အသင်းက လောင်းလုံမြို့နယ်အသင်းကို (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ (၁၂)ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကျွန်းစုမြို့နယ်အသင်း နှင့် ထားဝယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
(၆)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင် ရောက် ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ပြည်ပထွက်ခွာ
|
|
 |
|
အင်ဒိုနီးရှားနိုင်ငံဆိုလိုမြို့တွင်ကျင်းပမည့်(၆)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၁)ရက်။ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ (၁၂)ရက်နေ့မှ (၂၂)ရက် နေ့ထိ အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့တွင် ကျင်းပမည့် (၆)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) ဦးဆောင်၍ အားကစားသမား (၅၅)ဦး ပါဝင်သောအဖွဲ့သည် ယနေ့နေ့လယ် (၂း၁၅)တွင် လေကြောင်းခရီး ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွား ရာ အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြ သည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့မှ ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ မျက်မမြင်စစ်တုရင်နှင့် ထိုင်လျက်ပုတ် ဘော်လီဘော အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆို ပါ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော (၅)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ရွှေ(၁၄)ခု၊ ငွေ(၁၉)ခုနှင့် ကြေး(၇)ခု ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
|