|
နေပြည်တော် ဇန်န၀ါရီ(၁)။ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် တာဝန်ရှိသူ များ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်း ပသော ၂၀၁၁-၂၀၁၂ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဘော်လီဘောကွင်း၌ ကျင်းပလျက်ရှိသော အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယ နေရာလုပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားနေကြပုံများအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)နေပြည်တော် အားကစား ကွင်း၌ ကျင်းပနေသော အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများ အား ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားမီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ပထမရရှိသော မောင်သက်ထွန်းနိုင် (မွန်ပြည်နယ်)၊ ဒုတိယရရှိသော မောင် မြင့်နိုင်(ရခိုင်ပြည်နယ်)နှင့် တတိယရရှိသော မောင်ဆွေမျိုးဦး(မန္တလေးတိုင်း ဒေသကြီး)တို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အမျိုးသမီးမီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ပထမရရှိသောမသင်းမြတ်မွေး(ရှမ်းပြည်နယ်-ခ)၊ ဒုတိယရရှိသောမယဉ်မိုးနွယ် (စစ်ကိုင်းတိုင်းဒေသကြီး)နှင့် တတိယ ရရှိသော မဒေါရစ်ပီပီ(ကယားပြည်နယ်) တို့အားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖူဆယ်ဘောလုံး အားကစားခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးကာ သတ်မှတ် ကာလအတွင်း ပြီးစီးအောင် တည်ဆောက် ကြရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဘိလိယက် အားကစားခန်းမသို့ရောက်ရှိပြီး
အဖွဲ့ချုပ်လက်ရွေးစင် အားကစားသမားများ၏လေ့ကျင့်နေမှုများအား
ကြည့်ရှုအားပေးကာ Training Programများ ရေးဆွဲကာ အပတ်စဉ်/ လစဉ်
စံချိန်ယူ စစ်ဆေးခြင်းများ ပြုလုပ် ပေးရေး၊ လစဉ်ပြိုင်ပွဲများ
ကျင်းပပေးရေး၊ အရည်အချင်းပြည့်ဝသည့် ပြည်ပ နိုင်ငံသား နည်းပြများ
ငှားရမ်းလေ့ကျင့်ရေး၊ ပြုပြင်ရန်လိုအပ်သည် ဘိလိယက် ခုံများအား
အမြန်ဆုံးပြုပြင်ရေး၊ အားကစားသမားကောင်းများ ဖြစ်စေရေးအ တွက်
အဓိကလိုအပ်ချက်ဖြစ်သည့် အိပ်ချိန်၊ စားချိန်နှင့် လေ့ကျင့်ချိန်များ
တိ ကျမှန်ကန်ရေးနှင့်သတ်မှတ်စည်းကမ်းများ လိုက်နာရေးတို့ကို
မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ဆည်သို့ ရောက်ရှိကာ ပွဲကြည့် စင် တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ တာလွှတ်မည့် နေရာရှိ အားကစားသမားများ နားနေဆောင် ဆောက်လုပ်ထားရှိမှု အခြေ အနေ များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လက်ရွေးစင် လှေလှော် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်ရှိ BMX စက်ဘီး ပြိုင်ကွင်း၊ Mountain Bike စက်ဘီးပြိုင်ကွင်းနှင့် Down Hill စက်ဘီးပြိုင်ကွင်း များအား လိုက်လံကြည့်ရှုစစ်ဆေးကာ BMX စက်ဘီးသရုပ်ပြစီးနင်းမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
|