|
(၁၇)ကြိမ်မြောက်
တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည် |
|
 |
|
 |
|
(၁၇) ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်
ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပမည် |
|
ရန်ကုန်၊ စက်တင်ဘာ(၁၁)ရက်။ ၂ဝ၁၁ ခုနှစ်၊
စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်းရှိ
ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲရုံတွင် (၁၇)ကြိမ်မြောက်
တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ
ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား အားဖြင့်
အမျိုသား အသင်းလိုက် ပြိုင်ပွဲ၊
အမျိုးသားအဖွဲ့လိုက်(၃)ယောက်တြွဲ့ပိုင်ပွဲ၊ အမျိုးသား (၂)
ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအဖွဲ့လိုက် (၃)ယောက်တွဲပြိုင်ပွဲနှင့်
အမျိုးသမီး (၂)ယောက်တွဲ ပြိုင်ပွဲများ ပါဝင်ကျင်းပမည်ဖြစ်ပြီး
မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။ |
|
|
|
မြန်မာဝူရှူးအားကစားအဖွဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဝူရှူး အားကစားနည်း သွားရောက်
ပူးတွဲလေ့ကျင့်မည် |
|
 |
|
 |
|
 |
|
မြန်မာဝူရှူးအဖွဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်သွားရောက်ပူးတွဲလေ့ကျင့်မည် |
|
ရန်ကုန်၊ စက်တင်ဘာ(၁၁)ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့နှင့် ဝူဟန်မြို့တို့တွင်
ဝူရှူးအားကစားနည်း ပူးတွဲလေ့ကျင့်ရန်အတွက် မြန်မာနိုင်ငံ
ဝူရှူးအားကစားအဖွဲ့ချုပ်မှ အုပ်ချုပ်သူ များဖြစ်ကြသော
ဦးထွန်းထွန်းဦး(ဆန်း ဆို)နှင့် ဦးခင်စိုး(ထောက်လု)တို့ခေါင်းဆောင်၍
နိုင်ငံခြား နည်းပြဆရာ(၂)ဦး တို့နှင့်အတူ တင်လင်းအောင်၊
မောင်မောင်သန်း၊ ရာစုမောင်၊ ထွန်းထွန်းဝင်း၊ ဝေယံလင်း၊ သူရစိုး၊
ဝေဖြိုးအောင်၊ ကျော်ဇင်သစ်၊ ငြိမ်းချမ်းကိုကို၊ လှလှဝင်း၊ စုလှိုင်ဦး၊
စန္ဒီဦး၊ အိမ့်မီမီ နှင့် ဝေမာထွန်းသိန်း တို့သည် စက်တင်ဘာလ(၁၅) ရက်နေ့
မှအောက်တိုဘာလ(၁၅)ရက်နေ့အထိ တစ်လကြာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအသင်းနှင့်
ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ |
|
|
|
|