|
မြန်မာအားကစားအသင်း ကြေးတံဆိပ်နှစ်ခု
ထပ်မံဆွတ်ခူးရရှိ |
|
 |
|
 |
|
အမျိုးသမီး နှစ်ယောက်တွဲ(K2) မီတာ(၅ဝဝ) ကယက်လှေလှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်ဆွတ်ခူးရရှိသွားသော မြန်မာ့လက်ရွေးစင် မြင့်မြင့်သန်းနှင့် နှင်းဝေလွင်
|
|
 |
|
 |
|
 |
|
 |
|
 |
|
အမျိုးသမီးတစ်ဦးချင်း Poomsae ကကွက် ပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုကို ဆွတ် ခူးရရှိသွားသော
မြန်မာ့လက်ရွေးစင် ယမင်းကေခိုင် |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၂)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲကို နိုဝင်ဘာ (၁၂)ရက်နေ့တွင် ဆက်လက် ကျင်းပလျက်ရှိရာ အမျိုး သမီး နှစ်ယောက်တွဲ(K2) မီတာ(၅ဝဝ) ကယက်လှေလှော် ပြိုင်ပွဲ၌ မြန်မာ့ လက်ရွေးစင် မြင့်မြင့်သန်းနှင့် နှင်းဝေလွင်တို့က တတိယ ကြေးတံဆိပ်ကို ဆွတ်ခူးရရှိပြီး၊ ယင်းပြိုင်ပွဲတွင် ဗီယက်နမ်က ပထမ၊ စင်ကာပူက ဒုတိယ ရရှိ သည်။
ဆက်လက်၍ တိုက်ကွမ်ဒိုအားကစားနည်းတွင် အမျိုးသမီးတစ်ဦးချင်း Poomsae ကကွက် ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ယမင်းကေခိုင်က တတိယ ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး၊ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားက ပထမ၊ စင်ကာပူ က ဒုတိယ ရရှိသည်။
|
|
|
|
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အမျိုးသားအ လွတ် တန်းဘောလုံးပြိုင်ပွဲ ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၂)ရက်။ ၂ဝ၁၁ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား (၂၅)မြို့နယ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၃) ရက်နေ့မှ စတင်၍ မကွေးတိုင်းဒေသကြီး တိုင်းအားကစားကွင်း၊ မကွေးခရိုင် ကွင်း နှင့် မင်းဘူးခရိုင်ကွင်းများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆို ပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်းပေါင် (၂၁)သင်း၊ အုပ်စု(၅)အုပ်စုခွဲ၍ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ပထမအဆင့်အုပ်စုပွဲစဉ်များကို နိုဝင်ဘာ (၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၂)ရက်။၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၅)ရက်နေ့မှ စတင်၍ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၄)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ကမ္ဘောဇ
FC ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ(၁၅)ရက်နေ့ ညနေ(၃)နာရီတွင် ကမ္ဘောဇ
FC ဘောလုံး ကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျန်ပွဲစဉ်များကို ဂနိုင်ရေး ဘောလုံးကွင်း တွင် ဆက်လက် ကျင်းပ၍ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ကမ္ဘေဇ
FC ဘောလုံးကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|