|
နေပြည်တော် ဇန်န၀ါရီ(၁၂)။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် တာဝန် ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို ကားလမ်းမပေါ်ရှိ အားကစားဝန်ကြီးဌာန စက်ဘီးလေ့ကျင့်ရေး ကွပ်ကဲမှုရုံးမြေနေရာသို့ရောက်ရှိပြီး ရုံးအဆောက်အဦးဖောက်လုပ်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးသည် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းနှင့် ပွဲကြည့် စင်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ တည်ဆောက်ပြီးစီးမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဘော်လီဘောအားကစား ပြိုင်ဝန်းအတွင်း တည်ဆောက်လျက်ရှိသော လက်ဝှေ့လေ့ကျင့်ရေး အားကစား ရုံသို့ လည်းကောင်း၊ နေပြည်တော် ဘတ်စကက်ဘောအားကစားပြိုင်ဝန်း အ တွင်း တည်ဆောက်နေသော ဖူဆယ်ဘောလုံးအားကစား လေ့ကျင့်ရေးခန်းမ အားလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် လယ်ဝေးမြို့နယ် အား ကစားကွင်း အဆင့်မြှင့်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဘောလုံး ကွင်း အောက်ခံရေစစ်မြောင်း ဖောက်လုပ် ထားရှိမှု၊ ၁၂၀' x ၉၀' နှင့် ၂၄၀' x ၉၀' မိုးလုံလေလုံအားကစားလေ့ကျင့်ရေးရုံ (၂)ရုံ တည်ဆောက် နေမှုနှင့် (၂) ထပ်ပွဲကြည့်စင် တိုးချဲ့ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေကြာပင်ရပ်ကွက်ရှိ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာ၌ ဖွင့်လှစ်ထားရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးနှင့် အောင် နိုင်ရေးအထောက်အကူပြုအဖွဲ့ရုံးသို့ ရောက်ရှိကာ တာဝန်ရှိသူများအား တွေ့ ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
|