|
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၂ )ရက်။ ၂ဝ၁၁ ခုနှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒိုင်း ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို စစ်တွေမြို့ ဝေသာလီအား ကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၁၁)ရက် နေ့တွင် ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် ကျောက်ဖြူခရိုင်အသင်းနှင့် သံတွဲခရိုင် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ သံတွဲခရိုင်အသင်းက ကျောက်ဖြူခရိုင်အသင်း ကို (၅)ဂိုး၊(၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၃)ရက်နေ့ ဗိုလ်လုပွဲအ ဖြစ် စစ်တွေမြို့နယ်(က) အသင်းနှင့် သံတွဲမြို့နယ် အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၂)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲများ ဒီမော ဆိုအားကစားကွင်း၌ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ အဖြစ်ဒီဇင်ဘာ(၁ဝ)ရက်နေ့တွင် ဆောင်တူရွာသစ်အသင်းနှင့် ငံရိုးကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆောင်တူရွာသစ်အသင်းက (၃) ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ကုန်းသာကျေးရွာအသင်းနှင့် ငွေတောင်(ခ)အ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ တဖက်(၃)ဂိုးစီ ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြသည်။
ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ဆင်တောင်ကျေးရွာအ သင်းနှင့် စံပြ(၆)မိုင်ကျေးရွာ အသင်းတို့သည် လည်းကောင်း၊ ဒီ/ကျေးရပ်ကွက် အသင်းနှင့် နောင်ပုလဲရပ်ကွက်အသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ် ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အ မျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၂)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်၍ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် ယှဉ်ပြိုင်ကစားလျှက်ရှိရာ ဒီဇင်ဘာ(၁၁)
ရက်နေ့ အုပ်စုပတ်လည်ပြိုင်ပွဲများအဖြစ် ကသာခရိုင်အသင်းနှင့် ခန္တီးခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကသာခရိုင်အသင်းက ခန္တီးခရိုင်အသင်းကို (၇)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ကလေးခရိုင် အသင်း နှင့် မော်လိုက်ခရိုင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ (၃၇)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆု ပေးပွဲအခမ်းအနားကျင်းပ
|
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ (၁၂)ရက်။ ၂ဝ၁၁ ခုနှစ်၊ (၃၇)ကြိမ်မြောက် ဝန်ကြီးဌာန ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကို ယနေ့ နေ့လည်(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့ ဆက်သွယ်ရေး စာတိုက်ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင် ၊ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ ဒုတိယဥက္ကဌ ဦးဝင်းအောင်၊ တာဝန်ခံနာယကများ၊ အတွင်းရေးမှူး ဦးခင်မောင်ဦး နှင့်အမှု ဆောင်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများတို့ တက်ရောက်ကြ သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားအား တတိယတန်းတစ်ဦးချင်း ကစားခုံဆု ရရှိ သူများ၊ တတိယတန်းအသင်းလိုက်ဆုရရှိသူများ၊ ဒုတိယတန်း တစ်ဦးချင်း က စားခုံ ဆုရရှိသူများ၊ ဒုတိယတန်း အသင်းလိုက်ဆုရရှိသူများ၊ ပထမတန်း တစ် ဦးချင်း ကစားခုံရရှိသူများ၊ ပထမတန်းအသင်းလိုက် ဆုရရှိသူများ၊ အမြန်ရွေ့ ကစားခုံဆုရရှိသူများ၊ အမြန်ရွေ့အသင်းလိုက်ဆုရရှိသူများအား တာဝန်ရှိသူ များက ချီးမြှင့်ကြပြီး တတိယတန်း အသင်းလိုက် တံခွန်စိုက်ဒိုင်းရရှိသော ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (ခ) အသင်းနှင့် ဒုတိယတန်း အသင်းလိုက် တံခွန်စိုက်ဒိုင်းရရှိသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့အား မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဒုတိ ယဥက္ကဌ ဦးဝင်းအောင်မှလည်းကောင်း၊ ပထမတန်းအသင်းလိုက် တံခွန် စိုက် ဒိုင်းအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမြန်ရွေ့ အသင်းလိုက် တံခွန်စိုက်ဒိုင်း ရရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့အား မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ ချုပ် ဥက္ကဌ ဦးမောင်မောင်လွင် မှလည်းကောင်း၊ မြန်မာနိုင်ငံ စွယ်စုံတံခွန် စိုက် ဒိုင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းအား ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေး စာတိုက်ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|
|
|