|
အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ ပုသိမ်မြို့ ငွေဆောင်ကမ်းခြေသို့ သွားရောက်ကာ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲကျင်းပမည့်နေရာသို့ သွား ရောက်ကြည့်ရှုစစ်ဆေး |
|
 |
|
အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲ ကျင်းပမည့် ငွေဆောင်ကမ်းခြေ၌ အဆောက် အဦး ဆောက်လုပ်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးစဉ် |
|
နေပြည်တော် ဖေဖော်ဝါရီ(၁)။ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူသည် ဇန်န၀ါရီ(၂၉)ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသ ကြီး ပုသိမ်မြို့သို့ရောက်ရှိကာ ပုသိမ်ဟိုတယ် ဧည့်ခန်းမ၌ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဝင်း နိုင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာန ဦးစီးမှူး ဦးစိုးညွှန့် တို့ နှင့်တွေ့ဆုံ၍ ငွေဆောင်ကမ်းခြေ၌ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် မြေနေရာ ရရှိရေးနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ ရွက်လှေ ပြိုင်ပွဲအား ပုသိမ်မြို့ ငွေဆောင်ကမ်းခြေတွင် ကျင်းပမည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။
ဒုတိယ၀န်ကြီးသည် ဇန်န၀ါရီ(၃၀)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အား ကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ခွဲ အုပ်ချုပ်ရေး မှူး၊ မြို့နယ်ခွဲ မြေစာရင်းဦးစီးမှူးတို့နှင့် အတူ ငွေဆောင်ကမ်းခြေရှိ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲ ကျင်းပမည့် နေရာသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ရွက်လှေပြိုင်ပွဲ ကျင်း ပမည့် နေရာအား ခြံစည်းရိုးကာရံရေး၊ သတ်မှတ်ရရှိထားသည့် မြေဧရိယာ အတွင်း ရှင်းလင်းဖယ်ရှားရေး၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲအား ငွေဆောင်ဒေသတွင် ကျင်းပနိုင်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသဖြင့် ဒေသခံများ၊ ဒေသအဖွဲ့အစည်း များအနေဖြင့် လုပ်ငန်းအဆင့်တိုင်း၌ ဥပဒေဘောင်အတွင်း မှ မှန်ကန်စွာ ၀ိုင်းဝန်းကူညီဆောင်ရွက်ကြရေး များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် ပြိုင်ပွဲကျင်းပမည့်နေရာ၊ ကွန်တိန်နာများ ထား ရှိမည့်နေရာ၊ ရွက်လှေများ ဆိုက်ကပ်အသုံးပြုမည့် တံတားနေရာ၊ ရုံးအ ဆောက်အဦးနေရာ၊ ဒိုင်လူကြီးများ နားနေဆောင်နှင့် အစည်းအဝေးခန်းမ နေရာများအား လည်းကောင်း၊ လမ်းဖောက်လုပ်မည့်နေရာများအား လည်း ကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခြံစည်းရိုးများ ကာရံရေးနှင့် အ ဆောက်အဦးများ ဆောက်လုပ်နိုင်မှု အခြေအနေများအား ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
|
| |
|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားက စားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၌ ရွက်လှေ အားကစားစခန်းတည်ဆောက်မည့် မြေ နေရာ သွားရောက်ကြည့်ရှု
|
|
 |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီအတွင်းရေးမှူး၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၌ရွက်လှေ အားကစားစခန်းတည်ဆောက်မည့် မြေနေရာသွားရောက်ကြည့်ရှုစဉ် |
|
ရန်ကုန်၊ ဖေဖော်ဝါရီ(၁)ရက်။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ ဇန်နဝါရီ လ(၂၉)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဝင်းနိုင်၊ တိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အားကစားကဏ္ဍဆိုင်ရာ ငွေဆောင်ကမ်းခြေတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင် ပွဲ ရွက်လှေပြိုင်ပွဲ များကျင်းပပြုလုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည်။
ဆက်လက်ပြီး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူသည် ဇန်နဝါရီ(၃ဝ) ရက်နေ့တွင် ငွေဆောင်ကမ်းခြေ၌ ဒေသဆိုင်ရာ တာဝန်ရှိသူ များ၊ ကျေးရွာပြည်သူများ နှင့်အတူ ရွက်လှေများထားရှိမည့် နေရာ၊ ဆိုက်ကပ် ရန်နေရာ၊ နားနေရန်နေရာနှင့် ရုံးခန်းနေရာများအား ကြည့်ရှုပြီး မြေနေရာ သတ်မှတ် ခြံခတ်ရေး၊ ရွှေ့ပြောင်းရန်ရှိသည်များရွှေ့ပြောင်းရေးနှင့် လိုအပ် ချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
|
| |
|
၂၀၁၂ ခုနှစ်၊ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ |
|
 |
|
 |
|
၂၀၁၂ ခုနှစ်၊ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီ ဦးအေးမြင့်ကြူ အဖွင့်အမှာစကားပြောကြားနေစဉ် |
|
နေပြည်တော် ဖေဖော်ဝါရီ(၁)။ ၂၀၁၂ ခုနှစ်၊ နေပြည်တော် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော် အားကစားဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီ ဦးအေးမြင့်ကြူ တက် ရောက် အဖွင့်အမှာစကားပြောကြားသည်မှာ နွေရာသီအခြေခံအားကစား သင် တန်းများ ဖွင့်လှစ်ကြရာတွင် အစဉ်အလာ လုပ်ရိုးလုပ်စဉ်ထက် ပိုမိုကာ နိုင်ငံ တော်၏ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်အား ကျောင်းသားလူငယ်များထံ အခြေခံအစပြုသည့် လုပ်ငန်း တစ်ရပ်အနေဖြင့် အလေးအနက်ထား ဆောင်ရွက်အကောင် အထည် ဖော်သွားကြရန်လိုကြောင်း၊ နိုင်ငံတော် ထူထောင်ရေးတွင် အနာဂတ်လူငယ် များအနေဖြင့် ကိုယ်စွမ်းရော ဥာဏ်စွမ်းပါ ထက်မြက်ထူးချွန်သူများ ဖြစ်ကြရန် လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှ ဥာဏ်ရည် ပိုမိုရွှင်လန်းမည်ဖြစ်ရာ သက်ဆိုင်ရာကျောင်းများအနေဖြင့် မိမိတို့ကျောင်းတွင်ရှိသည့် အားကစားကွင်း များတွင် ရှိသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြား ပေးကြစေလို ကြောင်း၊ ပညာရေးရော အားကစားကဏ္ဍများတွင် ပါ ယှဉ်ပြိုင်ကြိုးစား လိုစိတ် များ ပေါ်ပေါက်လာစေရေန် ယှဉ်ပြိုင်အားကစားနည်းများကို လေ့ကျင့်သင် ကြား ပေးကြစေလိုကြောင်း အကြံပြုမှာကြားသည်။
ထို့နောက် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(အထက်မြန်မာပြည်) ဦးအုန်းမြင့်ဦးနှင့် ပညာရေး ၀န်ကြီးဌာန အမှတ်(၂) အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ရွှေတို့က သင်တန်းဖွင့်လှစ်လေ့ကျင့်ပေးရန် အခြေအနေ များနှင့် စပ် လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော် ကောင်စီနယ် မြေအတွင်းမှ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများ၊ ကျောင်း အုပ်ဆရာ/ဆရာမကြီးများက အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြ ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|
| |
|
၂ဝ၁၂ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ |
|
 |
|
 |
|
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် ၂ဝ၁၂ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် အဖွင့် အမှာစကားပြောကြားစဉ်
|
|
ရန်ကုန်၊ ဖေဖော်ဝါရီ(၁)ရက်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်မည့် ၂ဝ၁၂ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့် လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁)နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာ ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့် အထွေ ထွေအတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားက စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အဖွင့် အမှာစကားပြောကြားရာတွင် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်၊ အမှတ်(၃)အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယခင်နှစ်များထက်ကျောင်းသား/ကျောင်းသူ သင်တန်း သားများ ပါဝင်သင်ကြားနိုင်ရေး၊ ဝန်ကြီးဌာနအောက်ရှိ တာဝန်ပေးအပ်ထား သော ဌာနခွဲများကလည်း မိမိတို့ အခန်းကဏ္ဍအလိုက် ပါဝင်ဆောင်ရွက် သွား ကြရန်၊ လူငယ်မောင်/မယ်များက အားကစားကို လိုက်စားခြင်းမှသည် တစ်မျိုး သားလုံး၏ ကာယ၊
ဥာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အောင် မြင်မှုအလားအလာရှိသော မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော် ထုတ်လေ့ကျင့်ပေးရန်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် ဒေသနှင့်လိုက်လျောညီထွေမှုရှိ၍ လူအများ စိတ်ပါဝင်စားသော အားက စားနည်းများကို ဖွင့်လှစ်သင်ကြားပေးသွားရန်နှင့် သင်တန်းသားများအား လက် ရည်စမ်းပြိုင်ပွဲများ ပြုလုပ်ပေးမှသာ အနှစ် သာရရှိမှာဖြစ်ကြောင်းဖြင့် ပြော ကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့်ပညာ ပေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးချကီယိုးက သင်တန်းဖွင့်လှစ်မည့် အစီ အစဉ်များအား ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး ၂ဝ၁၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရေး အတွက် အားကစားနည်းအလိုက် သင်တန်းဖွင့်လှစ်နိုင်မှု အခြေအနေ၊ လက်ခံ ရရှိနိုင်မည့် ခန့်မှန်းသင်တန်းသားဦးရေ၊ သင်တန်းအချိန်၊ သင်တန်း နေရာ များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို အားကစား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးများနှင့် တာဝန်ရှိသူတို့က ရှင်းလင်း တင်ပြ ကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီး ၂ဝ၁၂ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများကို မတ်လ (၁၂)ရက်နေ့မှ ဧပြီလ (၆)ရက် နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီး တို့တွင် မီနီမာရသွန်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပမည် |
|
နေပြည်တော် ဖေဖော်ဝါရီ(၁)။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်မည့် အလားအလာရှိသော မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်လျက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်နှင့် မန္တလေးတိုင်းဒေသကြီး အောင်မြေမန္တလာမြို့နယ်တို့တွင် မီနီမာရ သွန်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများအား ဖော်ပြပါနေ့ရက်များအတိုင်း ကျင်းပ ကာ ဆုကြေးငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ကီလိုမီတာ(၂၀) မီနီမာရသွန် ပြိုင်ပွဲ၊ မီတာ(၁၀၀)၊ (၂၀၀)၊ (၄၀၀) အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများကို အမျိုးသား/အမျိုးသမီး ပြိုင်ပွဲများအဖြစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်တွင်ဖော်ပြပါပြိုင်ပွဲ(၁၄)မျိုးစလုံးကိုမတ်လ(၂၃)ရက်တွင် လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေမန္တလာမြို့နယ်တွင် ဖော်ပြပါ ပြိုင်ပွဲ(၁၄) မျိုးစလုံးဖြင့် မတ်လ(၂၆)ရက်တွင်လည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ် ရာ မီနီမာရသွန်ပြိုင်ပွဲများအတွက် ပထမဆု ကျပ်(၇)သိန်း၊ ဒုတိယဆု ကျပ်(၃) သိန်း၊ တတိယဆု ကျပ်(၂)သိန်း၊ စတုတ္ထဆု ကျပ်(၁)သိန်းနှင့် ပဉ္စမနှင့် ဆဌမ နေရာများအတွက် ကျပ်(၅)သောင်းစီနှင့် ကွင်းတွင်း ပြေးခုန်ပစ်ပြိုင်ပွဲများအ တွက် ပထမဆု ကျပ်(၃)သောင်း၊ ဒုတိယဆု ကျပ်(၂)သောင်း၊ တတိယဆု ကျပ်(၁)သောင်း ချီးမြှင့်ပေးမည်ဖြစ်သည်။
ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ မြန်မာ့လက်ရွေးစင်အားကစားသမားများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်ထားခဲ့ဘူးသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး)မှ အားကစားသမားများ၊ ၀န်ကြီးဌာနပေါင်းစုံနှင့် ပြည်နယ်/တိုင်းဒေသကြီး အလွတ်တန်းနှင့် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ Champion Challenge Cup Tournament ပြိုင်ပွဲများ၌ မီတာ(၃၀၀၀)တားဆီးကျော်၊ မီတာ(၅၀၀၀)၊ မီတာ (၁၀၀၀၀)နှင့် မာရသွန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သူများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘဲ ပြိုင်ပွဲကျင်းပသည့်နေ့တွင် အသက်(၁၄)နှစ်နှင့် အထက်ရှိပြီး အသက်(၂၀)မပြည့်သေးသူဖြစ်ကြောင်းမှန်ကန်သည့် အထောက် အထားပြသနိုင်ရမည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာပြည်တစ်ဝှမ်းလုံးရှိ မည်သည့်ဒေသတွင်နေထိုင်သူမဆို ဖော်ပြပါ စည်းကမ်းနှင့်ကိုက်ညီသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဒေသတစ်ခု တွင် တစ်ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင်နိုင် ကြောင်း သတင်းရရှိသည်။
|
| |