|
၂၀၁၁ခုနှစ်၊ပထမအကြိမ် Champion Challenge Cup Tournament ဒုတိယအသုတ်ပြိုင်ပွဲဖွင့်ပွဲနှင့် အားကစားဝန်ကြီးဌာန အင်္ဂလိပ်ဘာသာ စကားနှင့်I.C.Tနည်းပညာသင်တန်း(၃/၂၀၁၁)ဖွင့်ပွဲများသို့ အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ တက်ရောက်ဖွင့်လှစ် |
|
 |
|
 |
|
 |
|
 |
|
 |
|
နေပြည်တော် ၊ စက်တင်ဘာ(၁၂) ။ ၂၀၁၁ခုနှစ်၊ ပထမအကြိမ် Champion Challenge Cup Tournament ဒုတိယအသုတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈နာရီခွဲ)က နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစား ခန်းမ၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ တက် ရောက်၍ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းနှင့် အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ကလပ်အသင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ကလပ်အသင်းများ ကွင်းအတွင်း ၀င်ရောက်နေရာယူထားကြပြီး မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန၀န်ကြီး၏ကိုယ်စား ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ က အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ထို့နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ ချုပ်မှ ပဏာမလူငယ်လက်ရွေးစင်အားကစားသမားများ၏ လက်ဝှေ့ပြိုင်ပွဲများ ဖြင့်သရုပ်ပြကစားကြကာဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ဆက်လက် ၍ ဒုတိယ၀န်ကြီးသည် နေပြည်တော်အားကစားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသော အားကစားဝန်ကြီးဌာန အင်္ဂလိပ်ဘာသာစကား နှင့်I.C.Tနည်း ပညာသင်တန်း (၃/၂၀၁၁) ဖွင့်ပွဲသို့ ရောက်ရှိကာ ပြည်ထောင်စုဝန်ကြီး၏ ကိုယ်စား အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် သင်တန်းသားများ က ဒုတိယ၀န်ကြီးအား တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အား ကစားနှင့်ကာယပညာဦးစီးဌာန အသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိနှင့်နည်းစနစ်မှူး စုစုပေါင်း(၂၄)ဦး တို့တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ်(၄)ပတ်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ (၂၃)ကြိမ်မြောက် မြန်မာ နိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် |
|
 |
|
 |
|
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ယနေ့နံနက်(၈)နာရီက ရန်ကုန် မြို့၊မင်္ဂလာတောင်ညွှန့်မြိုနယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားက စားခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၁၁ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူ များ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးစဉ် |
|
ရန်ကုန်၊စက်တင်ဘာ(၁၂)ရက်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ သည်ယနေ့နံနက်(၈)နာရီကရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြိုနယ်၊အောင်ဆန်း အားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၁၁ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဌ ပြန်လည်နေရာချ ထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်နေဝင်း(ကာကွယ်ရေး ဝန်ကြီးဌာန)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌဦးမျိုးမြင့်နှင့်အမှုဆောင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်မသန်စွမ်းအားကစားအသင်းများ ကွင်းအ တွင်း နေရာယူကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ၂ဝ၁၁ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အား ကစားပြိုင်ပွဲတွင် အဖွင့်အမှာ စကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေသည် ပထမနေ့ အမျိုးသား/ အမျိုးသမီး ဒူးအောက်တစ်ဖက်ပြတ် မီတာ(၁ဝဝ)အပြေးပြိုင်ပွဲအား ကြည့်ရှု အားပေးပြီး အောင်နိုင်ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|
|
|
|
 |
|
 |
|
 |
|
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေသည် ယနေ့နံနက်(၈)နာရီက ရန်ကုန် မြို့၊မင်္ဂလာတောင်ညွှန့်မြိုနယ်၊အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားက စားခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၁၁ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူ များအားကစားပြိုင်ပွဲ ပြိုင်ပွဲအား ကြည့်ရှုအားပေးကာ အောင်နိုင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်စဉ် |
|
|
|
မြန်မာ့လက်ဝှေ့အားကစားအဖွဲ့ ကာဇစ္စတန်နိုင်ငံတွင်လက်ဝှေ့အားက စားနည်း
သွားရောက် ပူးတွဲလေ့ကျင့်မည်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၂)ရက် ။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် ထူးချွန်အောင်မြင်စွာ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ရန်အတွက် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ မြန်မာ့လက်ဝှေ့ အားကစားအဖွဲ့သည် ကာဇစ္စတန်နိုင်ငံ
Almaty မြို့တွင် စက်တင်ဘာလ(၁၆)ရက်နေ့မှ အောက်တို ဘာလ(၂၁)ရက်နေ့အထိ
Joint Training ပူးတွဲသွားရောက် လေ့ကျင့်မည် ဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမင်းဟန်၊ အမျိုးသားအုပ်ချုပ်သူနှင့် နည်းပြ ချုပ်အဖြစ် ဦးတင်မောင်ဖေ၊ အမျိုးသမီးအုပ်ချုပ်သူ ဒေါ်ရေး၊ နည်းပြအဖြစ် ကာဇစ္စတန်နိုင်ငံမှ
Mr. KASSYMKAOV, BERIKBOLAMARTAEVICH ၊ အ သင်းဆရာဝန်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာစောဘုန်းနီ၊ နည်းပြ များအဖြစ် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဦးအောင်မြင့်၊ ဦးထွန်းထွန်းဝင်း၊ ဦးကျော်စွာအောင်၊ အမျိုးသား အားကစားသမားများအဖြစ်
ဝေဖြိုးထွန်း၊ ထက်အောင်၊ မောင်ငယ်၊ ကျော်ကျော်လတ်၊ နိုင်လင်းအောင်၊ ပြည့်ဖြိုးဟိန်း၊ ရဲနိုင်၊ ကျော်ကျော်ထက်၊ အောင်ပြည့်ဖြိုး၊ ဝေလင်းအောင်၊ အောင်ကိုကိုနှင့် အမျိုးသမီး အားကစားများအဖြစ် ကြူကြူသင်း၊ မေချစ်ဦး၊ သက်ထားစံ၊ နွယ်နီဦး၊ နှင်းမို့မို့နိုင်၊ နော်မုချေ၊ နယ်လီ၊ မူမူထွေး၊ ကြူကြူလှိုင်တို့လိုက်ပါ သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
|