|
မြန်မာအားကစားအသင်း ငွေတံဆိပ်(၂)ခုနှင့်ကြေးတံဆိပ်(၅)ခု ထပ်မံ ဆွတ်ခူးရရှိ
|
|
 |
|
 |
|
နိုဝင်ဘာ (၁၂)ရက်နေ့တွင် ကရာတေးဒို အသင်းလိုက် ''ခတ'' ပြိုင်ပွဲ၌ အောင်ခန့် ၊ မင်းဟိန်းခန့်၊ ကျော်ကျော်ထွန်းတို့က ငွေတံဆိပ်ဆုဆွတ်ခူး
|
|
 |
|
အမျိုးသမီး(၂ဝ)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးသွားသော ကေခိုင်မျိုးထွန်း
|
|
 |
|
 |
|
 |
|
 |
|
ကနူးလှေလှော်ပြိုင်ပွဲ တစ်ယောက်လှော်မီတာ(၂ဝဝ-C1)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးသွားသော ဝင်းထိုက်
|
|
 |
|
 |
|
 |
|
ကနူးလှေလှော်ပြိုင်ပွဲ နှစ်ယောက်လှော်မီတာ (၂ဝဝ-C2)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးသွားသော ဝင်းထိုက်နှင့် ရဲအောင်စိုး
|
|
 |
|
တိုက်ကွမ်ဒို 62-67 Kg (Welter Weight) ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူး သွားသောရွက်ဝါထွန်း
|
|
 |
|
 |
|
ကရာတေးဒိုပြိုင်ပွဲ အမျိုးသား ကုမိတဲ့ (၆ဝ)ကီလိုအောက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးသွားသော စန်းတိုး
|
|
 |
|
 |
|
အမျိုးသားတစ်ဦးချင်း English Billeard Single ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁)ခုစီ ဆွတ်ခူးသွားသော ကျော်ဦးနှင့် နေသွေးဦး
|
|
 |
|
 |
|
မြှားအဆင့် သတ်မှတ်ပြိုင်ပွဲ |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၃)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ဆက်လက် ကျင်းပလျက်ရှိရာ နိုဝင်ဘာ (၁၂)ရက်နေ့က ကရာတေးဒို အသင်းလိုက် ''ခတ'' ပြိုင်ပွဲတွင် အောင်ခန့် ၊ မင်းဟိန်းခန့်၊ ကျော်ကျော်ထွန်း တို့က ငွေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည်။
နိုဝင်ဘာ (၁၃)ရက်နေ့တွင်အမျိုးသမီး (၂ဝ)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် ကေခိုင်မျိုးထွန်းက ငွေတံဆိပ်ဆုကို လည်းကောင်း၊ ကနူးလှေလှော်ပြိုင်ပွဲတွင် ဝင်းထိုက်က တစ်ယောက်လှော် မီတာ(၂ဝဝ-C1)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ နှစ်ယောက်လှော် မီတာ(၂ဝဝ-C2)ပြိုင်ပွဲတွင် ဝင်းထိုက်နှင့် ရဲအောင်စိုးတို့က ကြေးတံဆိပ်ဆု ကို လည်းကောင်း၊ ကရာတေးဒိုပြိုင်ပွဲ အမျိုးသား ကုမိတဲ့ (၆ဝ)ကီလိုအောက်ပြိုင်ပွဲ တွင် စန်းတိုးက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ တိုက်ကွမ်ဒို 62-67 Kg (Welter Weight) ပြိုင်ပွဲတွင် ရွက်ဝါထွန်းက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း English Billeard Single ပြိုင်ပွဲတွင် ကျော်ဦးက ကြေး တံဆိပ်ဆု(၁)ခုနှင့် နေသွေးဦးက ကြေးတံဆိပ်ဆု(၁)ခုစီ အသီးသီး ဆွတ်ခူး ရရှိကြကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် ကာယ ဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက်နေ့မှ (၁၂)ရက် နေ့အထိ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်
ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ် ကာယအလှမယ်ပြိုင်ပွဲကို ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၁၂)ရက်နေ့ ည(၇)နာရီ အချိန်တွင် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ပြိုင်ပွဲများအပြီး ဆု ပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ (၆)ခရိုင် ကာယဗလမောင် ပြိုင်ပွဲ (၅၅)(၆ဝ)(၆၅)(၇ဝ)(၇၅)(၈ဝ)နှင့်(၈၅)ကီလိုတန်းပြိုင်ပွဲများတွင် အသင်းလိုက် တံခွန်စိုက်ဆုရရှိသော အသင်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းက အသင်း လိုက်ကာယဗလမောင်ပြိုင်ပွဲ၌ ပထမဆုရရှိသော ဖျာပုံခရိုင်အသင်း၊ ဒုတိယဆု ရရှိသော ပုသိမ်ခရိုင်အသင်းနှင့် တတိယဆုရရှိသော ဟင်္သာတခရိုင်အသင်း များအား လည်းကောင်း၊ တစ်ဦးချင်း အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲ၌ ပထမဆုရရှိသော မြတ်သူထွန်း (ပုသိမ်ခရိုင်အသင်း)၊ ဒုတိယဆုရရှိသော ဝင်းထိန် (ဖျာပုံခရိုင်အသင်း)နှင့် တတိယဆုရရှိသော အောင်မျိုးဇော် (ဖျာပုံခ ရိုင်အသင်း)တို့အား ဆုများချီးမြှင့်ပေးပြီး (၂၆)မြို့နယ် ကာယအလှမယ်ပြိုင်ပွဲ တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး ဖျာပုံခရိုင် အမျိုးသမီးအားကစားမြှင့်တင်ရေး ဥက္ကဌ ဒေါ်သိန်းသန်းကျင်က ပထမဆုရရှိသော မျိုးဇာနည်ဇွန် (ကံကြီးဒေါင့် မြို့နယ်)၊ ဒုတိယဆုရရှိသော ဝင်းအိဖြူဌေး(ဖျာပုံမြို့နယ်)နှင့် တတိယဆုရရှိ သော စန္ဒာထွန်း (ဇလွန်မြို့နယ်)တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။
|
|
|
|
မကွေးတိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အဖွဲ့
စခန်းသွင်းလေ့ကျင့် |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ် မည့် (၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ထူးချွန်စွာ အောင်မြင်မှုရရှိစေ ရေးအတွက် ရည်မှန်း၍ မကွေးတိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင် မှု လေ့ကျင့်ခန်း(အေရိုးဗစ်)အဖွဲ့သည် နိုဝင်ဘာ(၇)ရက်နေ့မှစတင်၍ မကွေး တိုင်းဒေသကြီး၊ တိုင်းအားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး လက်ရွေးစင် ကစားသမား (၂၇)ဦးအား ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ပေးလျှက်ရှိကြောင်း သတင်းရရှိ သည်။
|
|
|