|
ရန်ကုန်၊ ဇန်နဝါရီ(၁၃)ရက်။ ၂ဝ၁၂ ခုနှစ်၊ နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ဒီးမော့ဆိုမြို့နယ်တွင် မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ(၁၃) ရက်နေ့ နံနက်(၆)နာရီခွဲ၌် စံပြ(၆)မိုင်ဘုရားရှိခိုးကျောင်း ရှေ့စုရပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်၊ ပြည်နယ် အား/ကာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အဆင့် အားကစားနှင့်ကာယပညာဦးစီး ဌာနမှတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ထို့နောက် မာရသွန်ပြိုင်ပွဲကို စံပြ(၆)မိုင်ဘုရားရှိခိုးကျောင်းရှေ့မှ နံနက်(၆) နာရီခွဲတွင် စတင်တာလွတ်၍ ဒီးမော့ဆိုမြို့နယ်အုပ်ရေးမှူးရုံးရှေ့တွင် ပန်းဝင် ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား အမျိုးသားလွတ်တော် ကိုယ်စား လှယ် ဦးဘိုးရယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုတို့က ပထမဆု ကျပ်(၃)သောင်း၊ ဒုတိယဆုကျပ်(၂)သောင်း၊ တတိယဆုကျပ်(၁)သောင်းနှင့် နှစ်သိမ့်ဆု ကျပ်(၅)ထောင်စီအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အသက် (၄၅)နှစ်နှင့်အထက် ပြိုင်ပွဲအတွက် အထူးဆု ကျပ်(၅)ထောင်စီအား လည်း ကောင်း၊ဇွဲဆုအဖြစ် ပြိုင်ပွဲဝင်များအားတီ-ရှပ်အင်္ကျီများနှင့်ဆုမရရှိသောကလေး ငယ်များအား ဦးထုပ်(၁၆ဝ)လုံး မဲဖောက်၍ တာဝန်ရှိသူများက ဆုများအသီး သီး ချီးမြှင့်ခဲ့ကြသည်။
ယင်းပြိုင်ပွဲသို့ ကျား(၁၃၁ဝ)ဦးနှင့် မ(၁၉၃)ဦး စုစုပေါင်း(၁၅ဝ၃)ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။ |