|
ရန်ကုန်၊ ဒီဇင်ဘာ(၁၃)။ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယမန်နေ့ (၆) နာရီခွဲက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသော (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင် ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် လှေ လှော်နှင့်ပိုက်ကျော်ခြင်း အားကစားသမား မောင်/မယ် များအား ဂုဏ်ပြုပွဲ အ ခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဌ သူရဦးအေးမြင့်နှင့်ဇနီး ဒေါ်အေး အေး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဒေါ်ခင်မာအေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီးဦးလှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နာယကများ၊ ဒုတိယဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ လှေလှော်နှင့်ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးချစ်ခိုင်နှင့် အမှု ဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် ဖိတ် ကြားထားသူများ၊ အောင်ပွဲရ အားကစားမောင်/မယ်များ တက်ရောက်ကြ သည်။
အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ဒီနေ့ အခမ်းအနားဟာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီကျင်းပတဲ့ မင်္ဂလာအခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများမှ အောင်နိုင်ဆု ၊ ဆုတံဆိပ်များရယူဆွတ်ခူး နိုင်ခြင်းဟာ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ဂုဏ်သိက္ခာ အဆင့်အတန်း မြှင့်တင် ပေးခြင်းဖြစ်သလို နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်း ဂုဏ်ကိုလည်း ဖော်ဆောင်နိုင်ခြင်းဖြစ်တဲ့အတွက် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအသင်းအနေနဲ့ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခုရယူပေးနိုင်ခဲ့ပြီး၊ လှေလှော်အသင်း အနေ နဲ့ကတော့ ရွှေတံဆိပ်(၁ဝ)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ်(၃)ခု ရယူပေးနိုင် ခဲ့တာတွေ့ရပါကြောင်း၊ လှေလှော် အဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်းမှာ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်အများ ဆုံး ရယူပေးနိုင်တဲ့ အအောင်မြင်ဆုံးနှစ်ဖြစ်ပြီး၊ ပြိုင်ပွဲဝင် မြန်မာအားကစား အ ဖွဲ့ချုပ်အားလုံးတွင် အအောင်မြင်ဆုံး အားကစားအဖွဲ့ချုပ်အဖြစ် အားကစား ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးကျူးမှတ်တမ်းတင်ပါကြောင်းဖြင့် ပြောကြားလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ စေတ နာရှင်အလှူရှင်များ၊ အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများရဲ့ အားပေးချီးမြှောက် မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အားကစားသမားများက မိမိတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံ အရှုံးမ ပေးတဲ့စိတ်ဓါတ်များနဲ့ ပေါင်းစပ်ပြီး နောင်လာမယ့် နိုင်ငံတကာပြိုင်ပွဲများမှာ ယခုထက်ပိုမို အောင်နိုင်ရေးအတွက် အလေးအနက်ထားပြီး ကြိုးပမ်း ဆက် လက်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ မိမိနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ယခုအောင်မြင် မှုများထက် ပိုတဲ့အောင်မြင်မှု တွေရအောင် မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ ပြည် သူလူထုရှေ့မှာ မြန်မာ့လှေလှော်နှင့် ပိုက်ကျော်ခြင်း အားကစားသမားများက ရွှေတံဆိပ်ဆုများများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသွားပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ လှေလှော်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌ ဦး ချစ်ခိုင်နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ တင်ထွန်းဦး တို့မှ ချီးကျူးဂုဏ်ပြု စကားများအသီးသီးပြောကြားကြသည်။
ဆက်လက်၍ လှေလှော်နှင့် ပိုက်ကျော်ခြင်းအားကစားသမားမောင်/မယ်များက နိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုသံပြိုင်သီဆိုကြပြီး မြန်မာ့လက်ရွေးစင် လှေလှော် နှင့်ပိုက်ကျော်ခြင်း အားကစားသမားများ၏ ပြိုင်ပွဲများတွင် အောင်မြင်မှု ဗီဒီယို မှတ်တမ်းများကို ပရိုဂျက်တာဖြင့်ပြသပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက် လက်ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသမီးရိုးရာ လှေလှော်ပြိုင်ပွဲ များတွင် ရွှေတံဆိပ်(၅)ဆုရ အသင်းအား အမေရိကန်ဒေါ်လာ (၁)သိန်းအား လည်းကောင်း၊ ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက် ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဌ သူရဦးအေးမြင့်က အမျိုးသားရိုးရာ လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ဆုရအသင်းအား အမေရိကန် ဒေါ်လာ(၈) သောင်း အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အမျိုးသမီးနှစ်ယောက်တွဲ LWXZ အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆုရ အသင်းအား အမေရိကန်ဒေါ်လာ(၂)သောင်းအား လည်း ကောင်း၊ ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးလှမြင့်က အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင် ပွဲတွင် ရွှေတံဆိပ်(၁)ဆုရအသင်းအား အမေရိကန်ဒေါ်လာ (၂)သောင်းအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်သက်ဌေးက ငွေတံဆိပ်(၆)ဆုရ လှေလှော်အသင်းအား ဆုငွေကျပ်(၁၄၁)သိန်းနှင့် အမျိုး သားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ အသင်းအား ဆုငွေကျပ်သိန်း(၃ဝ)တို့အားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ပိုက်ကျော်ခြင်း နာယက ဒေါ်အေးအေးသင်းက လှေလှော်ပြိုင်ပွဲများ တွင် ကြေးတံဆိပ်(၃)ဆုရ လှေလှော်အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၂၉) သိန်းနှင့် အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်(၂)ဆုရ ပိုက် ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၇၂)သိန်းတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ လှေလှော်နှင့်ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဌ ဦးချစ်ခိုင်က အောင် မြင်မှုများရအောင် စွမ်းဆောင်ပေးခဲ့ကြသော လှေလှော်အဖွဲ့ချုပ်မှ နည်းပြများ အား ဆုငွေကျပ် (၁၁၂)သိန်း၊ ပိုက်ကျော်ခြင်း နည်းပြများအား ဆုငွေကျပ်(၁၈) သိန်း၊ လှေလှော်အဖွဲ့ချုပ်မှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူများအား ဆုငွေ ကျပ် သိန်း(၃ဝ)နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ များအား ဆုငွေ ကျပ်(၂၅)သိန်းတို့အား အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထို့နောက် အောင်ပွဲရ အားကစားသမားများအား မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းမှ ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးက ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်း၊ ဧရာဟင်္သာကုမ္ပဏီများအုပ်စုမှ ဦးဇော်ဝင်းရှိန်က ဂုဏ်ပြုဆုငွေ အမေရိကန် ဒေါ်လာ(၅ဝဝဝ)နှင့် ဦးလှမျိုးကုမ္ပဏီလီမိတက်မှ အမေရိကန်ဒေါ်(၅ဝဝဝ)တို့ အားထပ်မံချီှးမြှင့်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။
|