|
အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ ဇေယျာသီရိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှု
|
|
 |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၁၃)။ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူသည် ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် အားကစားရုံများ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ ဒုတိယ၀န်ကြီး အား Max Myanmar ကုမ္ပဏီမှ ဒါရိုက်တာဦးကိုလေးနှင့် တာဝန်ရှိသူများက အားကစားကွင်း တည်ဆောက်ရေးရှင်းလင်းဆောင်တွင် လုပ်ငန်းဆောင်ရွက် မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယ၀န်ကြီးက ယာဉ်ရပ်နားရန် နေရာများနှင့် ၀င်/ထွက်ပေါက်များ လုံလောက်စွာရှိနိုင်မည့် အခြေအနေများ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ ကွင်းအတွင်းဖြည့်ဆည်း ဆောင်ရွက်မည့် မြေပြင်/ကြမ်းပြင် အမျိုးအစားများသည် ကျင်းပမည့် အားကစားနည်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ အသုံးပြုမည့် လျှပ်စစ်စွမ်းအားနှင့် မီးရှုးတိုင် ဆောက်လုပ်မည့် ကိစ္စရပ်များအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်နှင့် ကျင်းပမည့်အား ကစားနည်းစနစ်နှင့် ဆက်စပ်သည့် လုပ်ငန်းကိစ္စများအတွက် အားကစား ၀န်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်သွားရန်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ဒုတိယ၀န်ကြီးသည် ရှုရပ်နေရာမှ Sport Complex အတွင်း သတ်မှတ် အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန်တည်ဆောက် မှုလုပ်ငန်းများအား ကြည့်ရှုကာ ဘောလုံးအားကစားကွင်း ဆောက်လုပ်မှု လုပ် ငန်းခွင်အတွင်းလှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် အား ကစားရုံများ ဆောက်လုပ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကာ တာဝန်ရှိသူများ၏ Work Schedule Plan အရလုပ်ငန်းများ ဆောင်ရွက်နေမှု တို့အားရှင်းလင်းမှုအပေါ် အားကစားရုံများဆောက်လုပ်ရာတွင် အားကစား နည်းတစ်မျိုးတည်းအတွက်သာမက အခြားအားကစားနည်းများပါ ပြိုင်ပွဲကျင်းပ နိုင်သည့် အနေအထားဖြစ်ရေး၊ နိုင်ငံတကာအားကစားရုံများ၏ တည်ဆောက် ထားရှိမှုတို့အား သွားရောက်လေ့လာပြီး ဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ပြောကြားကာ အားကစားရုံ ဆောက်လုပ်မှုအခြေအနေများအား လိုက်လံ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဖွင့် ပွဲ အခမ်းအနားကျင်းပ
|
|
 |
|
 |
|
(၁၇)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် အဖွင့်အမှာစကား ပြောကြား စဉ်
|
|
 |
|
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း သရုပ်ပြခတ်ကစားစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက် ။ ၂ဝ၁၁ ခုနှစ်၊ (၁၇)ကြိမ်မြောက်တိုင်းဒေသ ကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့် ရေးစခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ခြင်း အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်ထံ သို့ ယမန်နှစ်ချန်ပီယံအသင်းများဖြစ်ကြသော အမျိုးသမီးအဖွဲ့လိုက်ပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက လည်းကောင်း၊ အမျိုးသားအဖွဲ့လိုက်ပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းကလည်းကောင်း၊ အသင်းလိုက်တံခွန်စိုက်ဒိုင်းဆုကြီးကို ရန်ကုန် တိုင်းဒေသကြီးအသင်းတို့က လည်းကောင်း တံခွန်စိုက်ဒိုင်းဆုများအား အသီး သီးပြန်လည်အပ်နှံကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအားကစား
ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာ နိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အဖွင့်အမှာစကား ပြော
ကြားပြီးနောက် ပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်သည်။ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြပြီး မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများက သရုပ်ပြခတ်ကစား ကြသည်။
ပထမနေ့ပွဲစဉ်များဖြစ်သော အမျိုးသားအဖွဲ့လိုက်ပြိုင်ပွဲတွင်စစ်ကိုင်း တိုင်းဒေကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးအဖွဲ့လိုက် ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။ ၄င်းပြိုင်ပွဲများအား စက်တင်ဘာ(၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ နေ့စဉ်ကျင်းပသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုစစ်ဆေး
|
|
 |
|
မြန်မာ့လက်ရွေးစင်သေနတ်ပစ်အားကစားများ လေ့ကျင့်နေစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက် ။ ၂ဝ၁၁ခုနှစ်၊နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက်စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစား သမားများ လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်ရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နှင့်သေနတ်ပစ်အဖွဲ့ချုပ်များသို့ အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဦးနော်တောင်နှင့်ဦးအုန်းမြင့်ဦးတို့ သွားရောက်ကြည့်ရှုအား ပေးစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦးက အားကစားသမားများနေထိုင်၊စားသောက်မှု၊ ကစားသမားအိပ်ဆောင်များသန့် ရှင်းသပ်ရပ်မှုအပိုင်းများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးနော်တောင်က အားကစားသမားများလေ့ကျင့်မှု ၊ နည်းစနစ်မှန် ကန်မှု ၊ စံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်မှုများကို တာဝန်ရှိသူများနှင့် နည်းပြချုပ်များအား အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်မှုအခြေအနေများကို အသေးစိတ်မေးမြန်းပြီး လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် အမျိုးသား/အမျိုးသမီးအိပ်ဆောင်များ ၊လေ့ကျင့်မှုများ၊ စားရိပ်သာများအားလိုက်လံစစ်ဆေးပြီးနောက် မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် ၊မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်တို့မှ အားကစားသမားများစခန်းသွင်းလေ့ကျင့်နေမှုများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
|