|
အားကစားဝန်ကြီးဦးတင့်ဆန်း ဂျာကာတာမြို့တွင် ကျင်းပသော 26th seagames ပွဲများ ကြည့်ရှုအားပေး |
|
 |
|
 |
|
 |
| |
|
မြန်မာအားကစားအသင်း ကြေးတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိ |
|
 |
|
 |
|
 |
|
နိုဝင်ဘာ(၁၂)ရက်နေ့က အမျိုးသမီး ကရာတေးဒို အသင်းလိုက် ''ခတ''ပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုဆွတ်ခူးသွားသော
ပိုးမြာ၊ ဆွေဆွေအောင်နှင့်သဇင်အေး |
|
 |
|
နိုဝင်ဘာ(၁၃)ရက်နေ့က အမျိုးသမီးမီတာ(၄ဝဝ)အပြေးပြိုင်ပွဲ၌ တတိယကြေးတံဆိပ် ဆုဆွတ်ခူးရရှိသွားသော ကေခိုင်လွင်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၄)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲကို ဆက်လက် ကျင်းပလျက်ရှိရာ နိုဝင်ဘာ (၁၂)ရက်နေ့တွင် အမျိုး သမီး ကရာတေးဒို အသင်းလိုက် ''ခတ''ပြိုင်ပွဲ၌ ပိုးမြာ၊ ဆွေဆွေအောင် နှင့် သဇင်အေးတို့က ဗီယက်နမ်နှင့် ပူးတွဲတတိယ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိပြီး၊ ပထမဆုကို မလေးရှားနိုင်ငံကလည်းကောင်း၊ ဒုတိယဆုကို ဗီယက်နမ်နိုင်ငံက လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။
နိုဝင်ဘာ (၁၃)ရက်နေ့တွင် အမျိုး သမီး မီတာ(၄ဝဝ) အပြေးပြိုင်ပွဲ၌ ကေခိုင်လွင်က တတိယ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိပြီး၊ ပထမဆုကိုထိုင်းနိုင်ငံကလည်းကောင်း၊ ဒုတိယဆုကိုဗီယက်နမ် နိုင်ငံကလည်းကောင်း၊ အသီးသီးဆွတ်ခူးခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တတိယအကြိမ်မြောက် တလင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် တတိယအကြိမ်မြောက် တလင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၁)ရက်နေ့တွင် အမရပူရမြို့နယ်အားက စားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အသင်းပေါင်း(၃၁)သင်း ဝင်ရောက် ယှဉ်ပြိုင်ပြီး ရှူံး/ထွက်စနစ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။
ပြိုင်ပွဲ ဖွင့်ပွဲ တွင် မြစ်တူးကျေးရွာအသင်းနှင့် ကင်းဘက်ကျေးရွာအသင်းတို့ ယှဉ်ပြိုင် ကစား ကြမည်ဖြစ်ရာ တလင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးလွင်နှင့် အားကစား နှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းကျော်တို့မှ နှစ်ဖက်အသင်းများ အား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ မြစ်တူးကျေးရွာ အသင်းက ကင်းဘက်ကျေးရွာအသင်းကို (၆)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
မန္တလေးတိုင်းဒေသကြီး အသက်(၁၄)နှစ်အောက် မန္တလေးဘောလုံး အကယ်ဒမီအသင်းနှင့် တောင်သာမြို့နယ်အသင်း ခြေစမ်းဘောလုံးပွဲ ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ(၁ဝ)ရက်နေ့ ညနေ(၃) နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကျောက်ကာဘောလုံး အားကစားကွင်းတွင် အသက်(၁၄)နှစ်အောက် မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းမှ အားကစားသမားများနှင့် တောင်သာမြို့နယ်မှ လက်ရွေးစင် အားက စားသမားများ ခြေစမ်းဘောလုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်၊ မြင်းခြံခရိုင် အားက စားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွေးအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သာမြို့နယ် ပညာ ရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာများမှ အားကစား ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲတွင် မန္တလေးဘောလုံး အကယ်ဒမီအသင်းနှင့် တောင်သာမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးဘောလုံးအကယ်ဒမီအသင်းက (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပြိုင် ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြိုင်ပွဲတွင် ပထမရရှိ သွားသော မန္တလေးဘောလုံးအကယ်ဒမီအသင်းအား ဆုကြေးငွေကျပ်(၂)သိန်း နှင့် ဒုတိယရရှိသော တောင်သာမြို့နယ်အသင်းအား ဆုကြေးငွေကျပ်(၁)သိန်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|