|
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲများ ဆက်လက် ကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၁၄)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ်၊ မြို့နယ်အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက် လက် ကျင်းပလျက်ရှိရာ ဇန်နဝါရီ(၁၃)ရက်နေ့က ကွင်းနောက်အသင်းနှင့် နံဇ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နံဇအသင်းက ၄ ဂိုး - ၁ ဂိုးဖြင့် ကွင်းနောက် အသင်းကို အနိုင် ရရှိသွားသည်။
ဇန်နဝါရီ(၁၄)ရက်နေ့တွင် တောင်ခွင်အသင်းနှင့် ရွာမအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံ အမျိုး သားဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ |
|
 |
|
 |
|
 |
|
နေပြည်တော် ဇန်န၀ါရီ(၁၄)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဘော်လီဘောကွင်း၌ ကျင်းပ လျက်ရှိရာ ပထမပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပညာရေး ၀န်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဒုတိယ ပွဲစဉ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေး ၀န် ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် ပထမပွဲစဉ်၌ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအသင်းအား ဘဏ္ဍာရေးနှင့်အခွန်ဝန် ကြီးဌာနအသင်းက (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် အားက စားဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အသင်းကို (၃)ပွဲ၊ (၂)ပွဲဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများကို ဇန်န၀ါရီလ (၁၅)ရက်နေ့တွင် ပြိုင်ပွဲများရပ်နားပြီး ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
|
|
|
|
|
|
|
|
|
|
|