|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၂)ရက်နေ့ ညနေ(၃)နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော်၊ တိုင်းဒေသကြီး စိုက်ပျိုး ရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးဝင်းအောင်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးသန်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းအောင်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင် ကျော်ကျော်ဦး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြင့်ဝင်း၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲတွင် ထားဝယ်မြို့နယ်ဘောလုံးအသင်းနှင့် ကျွန်းစုမြို့နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထားဝယ်မြို့နယ်အသင်းက ကျွန်းစုမြို့နယ် အသင်းကို (၃)ဂိုး ၊ဂိုးမရှိဖြင့်အနိုင် ရရှိသွားသည်။
ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲတွင်
အကောင်းဆုံး အားကစားသမားဆု ရရှိသည့် ထားဝယ်မြို့နယ် အသင်းမှ သက်ဇော်လတ်အား တိုင်းဒေသကြီး ဘောလုံးဆပ် ကော်မတီဥက္ကဌ ဦးလှမျိုး ကလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးမှ ပွဲစဉ် တလျှောက် ရှေ့တန်းအကောင်းဆုံးဆုရ ထင်ကျော်(ကျွန်းစုမြို့နယ်အသင်း) ၊ အလယ်တန်းအကောင်းဆုံးဆုရ ဇော်မင်းထွေး(ကျွန်းစုမြို့နယ်အသင်း)ှ၊နောက် တန်း အကောင်းဆုံးဆုရ ကျော်သီဟ(လောင်းလုံမြို့နယ်အသင်း) ၊ ဂိုးအ ကောင်းဆုံးဆုရ အောင်စိုးမိုးဦး(ထားဝယ်မြို့နယ်အသင်း)နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရ ရဲစည်သူအောင် (ထားဝယ်မြို့နယ်အ သင်း)တို့အားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးမြင့်ဝင်းမှ ဒုတိယဆုရ ကျွန်းစုမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေ သားဆုကိုလည်းကောင်း၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော် မှ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသား ဆုကို လည်းကောင်း ၊ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးမြတ်ကိုမှ ပထမ ရရှိ သည့် ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ |
|
|
|
ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲများကို ဒီမောဆိုအားကစားကွင်း၌ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲများအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာဒီဇင်ဘာ(၁၃)ရက်နေ့တွင် ဟိုဝမ်ကျေးရွာ အသင်း နှင့်ဆောင်ဒူလာကျေးရွာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဆောင်ဒူလာကျေးရွာ အသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ငွေတောင်(က)ရပ်ကွက်အသင်းနှင့် သေးဆူလဲရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တဖက်(၂)ဂိုးစီဖြင့်လည်း ကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
ဒီဇင်ဘာ(၁၄)ရက်နေ့တွင်ဆိုဘောသဲကျေးရွာအသင်းနှင့်မြလဲကျေးရွာအသင်း တို့ သည်လည်းကောင်း၊ ဒေါရောက်ခူ ကျေးရွာအသင်းနှင့်စံပြ(၆)မိုင်အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်း ရရှိ သည်။
|
|
|
|
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း၊ ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒိုင်း ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်း အနားကို ဒီဇင်ဘာ(၁၃)ရက်နေ့၊ ညနေ(၃)နာရီက စစ်တွေမြို့ ဝေသာလီအား ကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ရက္ခပူရ ဘောလုံးအသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းများ၊ ကျောင်းသား/ကျောင်းသူများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဗိုလ်လုပွဲအဖြစ် စစ်တွေ(က)ခရိုင်အသင်းနှင့် သံတွဲခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စစ်တွေ(က)ခရိုင်အသင်းက သံတွဲခရိုင်အသင်းကို (၂)ဂိုး၊ (၁)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း မှ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံး၊ ရှေ့တန်းအ ကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား လည်း ကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း မှ ဒုတိယဆုရရှိ သော သံတွဲခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁ဝ) သိန်းကို လည်းကောင်း၊ ရက္ခပူရ ဘောလုံးအသင်းပိုင်ရှင် ဦးဇော်မင်းသိန်းမှ ပထမဆုရရှိသော စစ်တွေ(က)ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်
ငွေ သားဆု ကျပ်သိန်း(၂ဝ)ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင် မှ ပထမဆုရ စစ်တွေ(က)ခရိုင်အသင်းအား ပထမတံခွန်စိုက်ဒိုင်း ဆု ကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|
|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပလျှက် ရှိရာ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် တမူးခရိုင်အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မုံရွာခရိုင်အသင်းက တမူးခရိုင်အသင်းကို (၅)ဂိုး၊(၁)ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၄)ရက်နေ့တွင် စစ်ကိုင်းခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ (၄၃)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက် တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
|
|
 |
|
မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီးကိုယ်စား အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦး က အမျိုးသား/အမျိုးသမီး အသင်း လိုက် တံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက် ဒိုင်းဆုကြီး များ နှင့် ဆင့်ပွားဒိုင်း များ ပေးအပ်ချီးမြှင့်စဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၄)ရက်။ ၂ဝ၁၁ခုနှစ်၊
(၄၃)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ
ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော်မြို့နယ်ရှိ အမျိုးသား ကြက် တောင်အားကစားခန်းမ၌
ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အားကစားဝန်ကြီးဌာန ၊
အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအုန်းမြင့်ဦး၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်
အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ ၊ မြန်မာ နိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေ၊ ဒုတိယဥက္ကဌ ဦးမြသောင်း၊ အတွင်းရေးမှူး
ဦးရော်ဘင်တင်၊ မြန်မာနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ်မှ
တာဝန်ရှိသူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြ သည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ
မြန်မာနိုင်ငံအမျိုးသမီး အားက စားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
ဒေါ်အယ်လ်ခွန်းရီ က အမျိုးသမီး အသင်းလိုက် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ မန္တလေး တိုင်းဒေသကြီးအသင်း၊ တတိယဆုရ
ရှမ်းပြည်နယ် နှင့် ပူးတွဲတတိယဆုရ တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား
တစ်ဦးချင်း ဆုတံဆိပ်များ ကိုလည်း ကောင်း၊
မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ် ဒုတိယဥက္ကဌ မှ
အမျိုးသား အသင်းလိုက် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ
မန္တလေး တိုင်းဒေသကြီးအသင်း၊ တတိယဆုရ ရှမ်းပြည်နယ်အသင်းနှင့်
ပူးတွဲတတိယ ဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အားတစ်ဦးချင်းဆုတံဆိပ်များကိုလည်း ကောင်း၊
မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ဆွေက
အမျိုးသမီးအကောင်းဆုံဆုရ ရွန်းလဲ့ခိုင်(ရန်ကုန်တိုင်းဒေသကြီး)နှင့် အမျိုးသား အကောင်းဆုံးဆုရ လင်းထက်ကြူ(ရန်ကုန်တိုင်းဒေသကြီး)တို့အား
အကောင်း ဆုံးဆုတံဆိပ်များကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
|
|
|
|
|