|
အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ (၂၆)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်
မြန်မာ့လက်ရွေး စင် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားစစ်ဆေး
|
|
 |
|
 |
|
 |
|
အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ
(၂၆)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်
မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ လေ့ကျင့်နေမှုများအားစစ်ဆေးကြည့်ရှုစဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၄)ရက် ။ ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားက စားသမားများ လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်၊ ဘိလိယက်/စနူကာအဖွဲ့ချုပ်နှင့် အလေးမအဖွဲ့ချုပ်များ သို့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ် များက သွားရောက်ကြည့်ရှုအားပေး စစ်ဆေးခဲ့သည်။
အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနော်တောင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအုန်းမြင့်ဦး၊ အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးအဖွဲ့မှူး)ဦးထွန်းမြင့်ဦးနှင့် ဒုတိယရုံးအဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးကျော်ဦး တို့သည် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် ကရာတေးဒို အားကစားသမားများလေ့ကျင့်နေမှု၊ ဘိလိယက်/စနူကာနှင့် အလေးမအားက စားသမားများ လေ့ကျင့်နေမှုများ ကြည့်ရှုအားပေးစစ်ဆေးပြီး၊ လေ့ကျင့်ရေး အပိုင်းတွင် နည်းစနစ်နှင့် သက်လုံကောင်းမွန်အောင်ကြိုးစားလေ့ကျင့်ရန်၊ စံ ချိန်စံညွှန်းများ တိုးတက်ကောင်းမွန်မှု ရှိစေရေးနှင့် အလေးမလေ့ကျင့်မှုအပိုင်း ကိုလည်း နိုင်ငံခြား (တရုတ်)နည်းပြ၏ နောက်ဆုံးနည်း စနစ်များဖြင့်(အမြန်မ၊ နှစ်ဆင့်မ)လေ့ကျင့်ပေးရန်၊ အထူးသဖြင့် ဆုတံဆိပ်ရရှိနိုင်သော အားကစား သမားများအား အထူးဂရုစိုက်လေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားသမား များ၏ကျန်းမာရေးစောင့်ရှောက်မှုရှိစေရေး၊ချက်ပြုတ်ကျွေးမွေးမှုများကိုအသေး စိတ်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
|
|
|
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဒုတိယနေ့ပွဲစဉ် ဆက်လက်ကျင်းပ
|
|
 |
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဒုတိယနေ့ပွဲစဉ် များယှဉ်ပြိုင်စဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၄)
။ ၂ဝ၁၁ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေး စခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ခြင်းအားကစားရုံတွင် ဆက်လက်ကျင်းပရာ အမျိုး သားအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းကရခိုင်ပြည်နယ် အသင်းကို (၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် တနင်္သာရီတိုင်း ဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး(ခ)အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်(ခ)အသင်းက ကရင်ပြည်နယ်အသင်းကို(၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်(က)အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းကရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းကစစ်ကိုင်းတိုင်း ဒေသကြီး(က)အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။
တတိယနေ့ပြိုင်ပွဲများကို (၁၅.၉.၂ဝ၁၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ အဆိုပါအားကစားရုံ၌ ဆက် လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များ၏အမည်စာရင်း အတည်ပြု သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ |
|
 |
|
 |
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များ၏ အမည်စာရင်း အတည်ပြုသတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၁၄) ။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက
စားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များ၏ အမည် စာရင်း အတည်ပြုသတ်မှတ်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေး မှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယရုံးအဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှဥက္ကဌ များ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ် အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က
အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြကြ ပြီးနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများနှင့် တာဝန် ရှိပုဂ္ဂိုလ်များက မိမိတို့အားကစားသမားများ၏စံချိန်စံညွှန်းများတိုးတက်ကောင်း မွန်ပြီး၊ ဆုတံဆိပ်ရရှိနိုင်သော အားကစားသမားများကို စုစည်းရွေးချယ်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် က လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးမှာကြား၍ အစည်းအဝေးကို ရုပ် သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|
|
|
|
|