|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာလှေ လှော်အဖွဲ့ ပြန်လည်ရောက်ရှိ ၊ မြန်မာဂျူဒိုအဖွဲ့ ဂျကာတာမြို့သို့ ထွက် ခွာ
|
|
 |
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ မြန်မာလှေလှော်အဖွဲ့ ပြန် လည်ရောက်ရှိ ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ်
|
|
 |
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ဂျူဒိုအဖွဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ထွက်ခွာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၅)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံလှေလှော်အဖွဲ့သည်ဦးထွန်းဦး (လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဌ)ဦးဆောင်၍ (၁၅)ဦးပါဝင်သောအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူး၍ မြန်မာနိုင်ငံသို့ ယမန်နေ့ ညနေ(၄)နာရီက လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးအေးကြည် ခေါင်းဆောင်သော မြန်မာဂျူဒို အဖွဲ့သည် ယမန်နေ့ည(၇)နာရီ(၄ဝ)မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။
|
|
|
|
မြန်မာအမျိုးသမီးဖူဆယ်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ ထွက် ခွာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများမှ ပို့ ဆောင် နှုတ်ဆက်
|
|
 |
|
(၂၆) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ အမျိုးသမီးဖူဆယ်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၅)ရက်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ၌ ကျင်းပသည့် (၂၆) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးဖူဆယ်ဘောလုံးအသင်းသည် ယနေ့နေ့လည်(၁း ၄၅)နာရီ ကမြန်မာအမျိုးသမီး ဖူဆယ်ဘောလုံးအသင်း အဖွဲ့ခေါင်းဆောင် ဒေါ်မြတ်မြတ် ဦး ဦးဆောင်၍ (၁၆)ဦး ပါဝင်သောအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့ သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံအမျိုးသမီး အားက စားအဖွဲ့ချုပ် နာယကအဖွဲ့ဝင်များဖြစ်ကြသော ဘောလုံးအားကစားနည်း တာ ဝန်ခံနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဇနီး ဒေါက်တာ ဒေါ်မွန်မွန်အောင် ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေ မြင့်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၏ဇနီး ဒေါ်ဌေးဌေးခိုင် တို့က ပို့ဆောင်နှုတ်ဆက်၍ ဘောလုံးအားကစားနည်း တာဝန်ခံနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါက်တာ ဒေါ်မွန်မွန် အောင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် ကစားသမားများအား ထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကရာတေးဒို ပြိုင်ပွဲ အောင်မြင်မှုရရှိသောအဖွဲ့အား ကြိုဆို |
|
 |
|
 |
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ ကြသော ကရာတေးဒိုအားကစားအဖွဲ့အား အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်နှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်စဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၅)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသော ကရာတေးဒို အားကစားအဖွဲ့ သည် ယနေ့နေ့လည် (၁၁)နာရီက လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေမြင့်နှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
မြန်မာကရာတေးဒိုအ သင်းသည် ငွေတံဆိပ်(၁)ဆုနှင့်ကြေးတံဆိပ်(၂)ဆု ဆွတ်ခူး ရရှိခဲ့သည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား နိုဝင် ဘာ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျင်း ပသွားမည်ဖြစ်သည်။
ဘောလုံးပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲ တွင် ပထမဆု(၁ဝ)သိန်း၊ ဒုတိယ(၇)သိန်း၊ နေရာအလိုက် အကောင်းဆုံးဆု များနှင့် အကောင်းဆုံးအားကစားသမားဆုများကို
A.U.F.C မှ ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ဘိုကလေးမြို့နယ်ပြည်သူ့အားကစားကွင်း၌ နိုဝင်ဘာ(၁၈)ရက်နေ့ ညနေ(၃)နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များ ထပ်မံဆွတ်ခူးရရှိ
|
|
 |
|
နိုဝင်ဘာ (၁၄)ရက်နေ့က ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး မီတာ(၅ဝဝဝ) အပြေးပြိုင်ပွဲ တွင် ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးသွားသော ဖြူဝါသက်
|
|
 |
|
 |
|
နိုဝင်ဘာ (၁၄)ရက်နေ့က ဘိလိယက်နှင့်စနူကာ အမျိုးသားနှစ်ယောက်တွဲ English Billiard Double ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူးသွားသော ကျော်ဦးနှင့် နေသွေးဦး
|
|
 |
|
နိုဝင်ဘာ (၁၄)ရက်နေ့က တိုက်ကွမ်ဒို အမျိုးသား Fin Weight (၅၄)ကီလိုတန်း အောက် ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးသွားသော နိုင်ဒွေးရှိန်
|
|
 |
|
 |
|
နိုဝင်ဘာ (၁၄)ရက်နေ့က အမျိုးသမီးနှစ်ယောက်တွဲ (၁ဝ)မီတာ Platform (Sync) ဒိုင်ဗင်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆွတ်ခူးသွားသော စိုးစန္ဒာညွန့်နှင့် ဟေမာနှင်း
|
|
 |
|
နိုဝင်ဘာ (၁၄)ရက်နေ့က အမျိုးသား 60 Kg (Greco - Roman) နပမ်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ကို ဆွတ်ခူးသွားသော ဇော်မင်းအောင်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၅)ရက်။ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက်ရှိရာ နိုဝင်ဘာ (၁၄)ရက်နေ့တွင် ပြေးခုန်ပစ် ပြိုင်ပွဲ အမျိုးသမီး မီတာ(၅ဝဝဝ) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဖြူဝါသက်က ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးရရှိပြီး၊ ပထမဆုနှင့် တတိယဆုတို့ကို အင်ဒိုနီးရှား နိုင်ငံကလည်းကောင်း၊ဘိလိယက်နှင့်စနူကာအမျိုးသားနှစ်ယောက်တွဲ English Billard Double ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျော်ဦးနှင့် နေသွေးဦးတို့က ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံက ပထမဆုနှင့် စင်ကာပူနိုင်ငံတ တတိယဆုကို လည်းကောင်း၊ တိုက်ကွမ်ဒို အမျိုးသား Fin Weight (၅၄)ကီလို တန်းအောက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နိုင်ဒွေးရှိန်က ဒုတိယငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံက ပထမဆုနှင့် ဗီယက်နမ်နိုင်ငံက တတိယဆုကို လည်းကောင်း၊ အမျိုးသား 60 Kg (Greco - Roman) နပမ်းပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ ဇော်မင်းအောင်က တတိယကြေးတံဆိပ်ကို ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှား နိုင်ငံက ပထမဆုနှင့် ဗီယက်နမ်နိုင်ငံက ဒုတိယဆုကို လည်းကောင်း၊ အမျိုး သမီးနှစ်ယောက်တွဲ (၁ဝ)မီတာ Platform (Sync) ဒိုင်ဗင်ပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ စိုးစန္ဒာညွန့်နှင့်ဟေမာနှင်းတို့က ကြေးတံဆိပ်ဆွတ်ခူးရရှိပြီး၊ မလေးရှား နိုင်ငံက ပထမဆုနှင့် အင်ဒိုနီးရှားနိုင်ငံက ဒုတိယဆုကို လည်းကောင်း အသီး သီးဆွတ်ခူးရရှိခဲ့သည်။
နိုဝင်ဘာ(၁၅)ရက်နေ့တွင် သေနတ်ပစ်ပြိုင်ပွဲ (၅ဝ) မီတာ Free Pistol ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်ကြူးက ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး၊ ဗီယက်နမ်နိုင်ငံက ပထမဆုနှင့် ဒုတိယဆုကို လည်းကောင်း၊ အ မျိုးသမီးမြားပစ် Individual Recurve ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သင်းသင်းခိုင် က ငွေတံဆိပ်ဆုကိုဆွတ်ခူးရရှိပြီး အင်ဒိုနီးရှားနိုင်ငံက ပထမဆုနှင့် ထိုင်းနိုင်ငံ က တတိယဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိ သည်။
|
|
 |
|
နိုဝင်ဘာ(၁၅)ရက်နေ့တွင် သေနတ်ပစ်ပြိုင်ပွဲ (၅ဝ)မီတာ Free Pistol ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုဆွတ်ခူးရရှိသွားသောမောင်ကြူး
|
|
 |
|
နိုဝင်ဘာ(၁၅)ရက်နေ့တွင် အမျိုးသမီးမြားပစ် Individual Recurve ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုဆွတ်ခူးရရှိသွားသော သင်းသင်းခိုင်
|
|
|