|
ရန်ကုန်၊ ဇန်နဝါရီ(၁၅)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစား ကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၁၄) ရက်နေ့တွင် တောင်ခွင်အသင်းနှင့် ရွာမအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ တောင်ခွင်အသင်း ကရွာမအသင်းကို(၂)ဂိုး၊ (၁)ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၁၅)ရက်နေ့တွင် တောကျွဲအင်းကျေးရွာအသင်းနှင့်မြို့ချောင်းအသင်း တို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|