|
၂ဝ၁၁ ခုနှစ်၊ (၁၂)ကြိမ်မြောက် အမျိုးသား တံခွန်စိုက် (ဂရိတ်ဝေါ) ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
|
|
 |
|
 |
|
မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေက အဖွင့်အမှာစကား ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးစဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ အမျိုးသားတံခွန်စိုက် (ဂရိတ်ဝေါ) ကြက်တောင်ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင်အားကစားရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ဆွေ၊ ဒုတိယဥက္ကဌနှင့် အမှုဆောင် များ၊ ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ် ကြားထားသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း နေရာယူထားကြကာ မြန်မာ နိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေက အဖွင့်အမှာစကား ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း အုပ်ကြီး ညွှန်ကြားရေးမှူး၊ အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အ သင်းများအား လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို ကြပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြကာ ပထမနေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ (၄)ခရိုင်၊ အမျိုးသား(အလွတ် တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား (၄)ခရိုင် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၂)ရက်နေ့၊ညနေ(၃)နာရီက တောင်ငူမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ကျော်ဦး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ဌေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးဘေဘီအုန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ် ညိုစော၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တောင်ငူသူနာပြု သင်တန်းကျောင်းမှ သင်တန်းသူ များ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားသမားများနှင့် အားကစား ဝါသ နာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ဗိုလ်လုပွဲတွင် သာယာဝတီခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ယှဉ်ပြိုင် က စားကြ ရာ သာယာဝတီခရိုင်အသင်းက ပြည်ခရိုင်အသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လွတ်တော် ဥက္ကဌ ဦးဝင်းတင်မှ ပွဲစဉ်တလျှောက် အကောင်းဆုံးဆုရ စော ဖရိုက်ဒေး (သာယာဝတီခရိုင်အသင်း) ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညိုစောမှ အလယ်တန်း အကောင်းဆုံးဆုရ ထွန်းထွန်းနိုင်(တောင်ငူခရိုင်အသင်း) နှင့်ရှေ့တန်း အကောင်းဆုံးဆုရ ထွန်း ထွန်းအောင်(ပြည်ခရိုင်အသင်း)တို့အားလည်းကောင်း၊ လျှပ်စစ်နှင့်စက်မှုလက် မှု ဝန်ကြီး ဦးဘေဘီအုန်းမှ နောက်တန်း အကောင်းဆုံးဆုရ ဌေးကျော်သူ (သာယာဝတီခရိုင်အသင်း) ကို လည်းကောင်း၊ သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးကျော်ဌေးမှ ဂိုးသမား အကောင်းဆုံးဆုရ ဇေယျာဖြိုး(သာယာဝတီခရိုင်အ သင်း) ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းမှ ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား တစ်ဦးချင်းဆုများ ကိုလည်းကောင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာကျော်ဦးမှ ပထမဆုရ သာယာ ဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုများ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း မှဒုတိယဆုရပြည်ခရိုင်အသင်းကို ဆုကြေးငွေကျပ် (၃)သိန်း၊ ပထမဆုရ သာယာဝတီခရိုင် အသင်းအား ဆုကြေးငွေ ကျပ်(၅)သိန်း နှင့် တံခွန်စိုက်ဆုဖလားကြီးကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသတင်းရရှိသည်။
|
|
|
|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပလျှက် ရှိရာ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် စစ်ကိုင်းခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေကျသွားသည်။
ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကသာခရိုင်အသင်းနှင့်တမူးခရိုင်အသင်းတို့ ဆက် လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယပညာ ကော်မ တီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲများကို ဒီး မော့ဆိုအားကစားကွင်း၌ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများအဖြစ် ဆက် လက်ကျင်းပလျက်ရှိရာဒီဇင်ဘာ(၁၄)ရက်နေ့တွင် ဆိုဘောသဲကျေးရွာအသင်း နှင့် မြလဲကျေးရွာ အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြလဲကျေးရွာ အသင်းက (၂) ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ ဒေါတော်ခူ ကျေးရွာအသင်း နှင့်စံပြ(၆)မိုင် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဒေါတော်ခူ အသင်းက (၃)ဂိုး ၊ ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိ ကြသည်။
ဒီဇင်ဘာ(၁၅)ရက်နေ့တွင် မြို့မကျေးရွာအသင်းနှင့် နောင်ပုလဲကျေးရွာ အ
သင်းတို့ သည်လည်းကောင်း၊ ဒေါစဲကျေးရွာအသင်းနှင့် ဆောင်ဒူလာကျေးရွာ အသင်းတို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားကြမည် ဖြစ် ကြောင်းသတင်းရရှိသည်။
|
|
|
|
|