|
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကြို တင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ အထိမ်းအမှတ်တံဆိပ် Logo ပြိုင်ပွဲ ၀င်များအားခေါ်ယူတွေ့ဆုံ
|
|
 |
|
 |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၁၅)။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူသည် ယမန်နေ့နံနက်ပိုင်း က(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိမ်းအမှတ်တံဆိပ် Logoပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြသူများအနက် သတ်မှတ်ပေးထားချက် များနှင့်အညီ အနီးစပ်ဆုံးရေးဆွဲခဲ့ကြ၍ ပဏာမရွေးချယ်ခြင်းခံကြရသော ပြိုင်ပွဲ ၀င်(၁၅)ဦးအား နေပြည်တော် အားကစားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ခေါ်ယူတွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးက ပြိုင်ပွဲဝင်များအား ခေါ်ယူတွေ့ ဆုံရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ ရေးဆွဲချက်များကို Projector ဖြင့်ပြသပြီး တစ်ဦးချင်းတွေ့ဆုံ၍ အဓိပ္ပါယ်ဖွင့်ဆိုစေပါသည်။
ထို့နောက် တစ်ဦး ချင်းလိုအပ်ချက်များအပေါ် ဆွေးနွေးမှာကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက် သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E. Mr.YARON MAYER နှင့် အဖွဲ့ဝင်(၅)ဦးတို့ အား အားကစားဝန်ကြီးဌာန၀န်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကာ(၂၇)ကြိမ် မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် Over All Management ၊ Security နှင့် Communication လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် ညနေ(၃)နာရီခွဲတွင် အစည်းအဝေးခန်းမ၌ ကျင်းပသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တည်းခိုရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ် ကော်မတီ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
|
|
|
|
အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ နှင့် ညွှန်ကြား ရေးမှူးချုပ် ဦးသောင်းထိုက်တို့ ၂၀၁၁ခုနှစ် ပထမအကြိမ် Champion Challenge Cup Tournament ဒုတိယသုတ်ပြိုင်ပွဲများအား လိုက်လံ ကြည့်ရှုအားပေး
|
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၁၅) ။ အားကစားဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူနှင့် ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်တို့သည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက
နေပြည်တော် အားကစားဝန်ကြီးဌာနရှိ စုပေါင်းခန်းမ၌
ကျင်းပလျက်ရှိသော ၂၀၁၁ခုနှစ် ပထမအကြိမ် Champion Challenge Cup
Tournament ဒုတိယသုတ်ပြိုင်ပွဲများအနက်မှ စစ်တုရင်ပြိုင်
ပွဲယှဉ်ပြိုင်ကစားနေပုံများအား လိုက်လံကြည့်ရှုအားပေးသည်။ထို့နောက်ဒုတိယ
ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ
၌ ကျင်းပနေသော အလေးမပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သတင်းရရှိသည်။
|
|
|
|
ချင်းပြည်နယ်၊ ဟားခါးရွာလ်အိုဖလား ရပ်ကွက်အလိုက် ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် |
|
နေပြည်တော်၊ စက်တင်ဘာ(၁၅) ။ ဟားခါးမြို့နယ်၊ အားကစားနှင့်ကာယ ပညာကော်မတီနှင့် ဟားခါးရွာလ်အိုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၁ခုနှစ်၊ ဒုတိယအကြိမ် ရွာလ်အိုဖလား ရပ်ကွက်အလိုက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာ(၁၃)ရက် မွန်းတည့်(၁၂နာရီ)က ၀မ္မသူးမောင် အားက စားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဘောလုံးအားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်း(၈)သင်း တို့ ကွင်းအတွင်း နေရာယူထားကြပြီး ဟားခါးမြို့ ရွာလ်အို အဖွဲ့ဥက္ကဌ ဦးထလာဘိခ်မှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပထမပွဲစဉ်အဖြစ် ဈေးသစ်(က)အသင်းနှင့်မြို့သစ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် ပြည်တော်သာအသင်းနှင့် ဈေးသစ်(ခ)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်တော်သာအသင်းက(သုံးဂိုး၊ဂိုးမရှိ)ဖြင့်အနိုင်ရရှိသွားကြောင်း နှင့် ပြိုင်ပွဲများကို စက်တင်ဘာ(၂၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
|
|
|
|
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် |
|
နေပြည်တော်၊ စက်တင်ဘာ(၁၅)။ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်နှင့်ကျေးရွာ ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၀)ရက် ညနေ(၃)နာရီက ဆင်ပေါင်ဝဲမြို့နယ် အားကစားကွင်းတွင် ကျင်းပ ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၂၅) သင်း ၀င်ရောက်ယှဉ်ပြိုင်ကြ ကြောင်းသိရသည်။
|
|
|
|
အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ KOICAမှ အားကစား လေ့ကျင့်ရေးလမ်းညွှန်စာအုပ်များ လွှဲပြောင်းပေးအပ်လှူဒါန်း
|
|
 |
|
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ KOICAမှ အားကစားလေ့ကျင့်ရေး လမ်း ညွှန်စာအုပ်များ လွဲပြောင်းပေးအပ်လှူဒါန်းစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၁၅) ။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ KOICAမှ အားကစားနှင့်ကာယပညာဆိုင် ရာ လေ့ကျင့်ရေးလမ်းညွှန်စာအုပ်များလှူဒါန်းပွဲကို ယမန်နေ့နေ့လည်(၁)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိအားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲ အခမ်းအနားသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်းနှင့် ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း၊ နည်းပြဆရာများ၊ KOICA ဌာနေ ကိုယ်စားလှယ် Ms. Kim Tae Eun နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ KOICA မှဌာနေကိုယ် စားလှယ် Ms. Kim Tae Eun ကလှူဒါန်းရခြင်း အကြောင်းရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်းထံသို့ အမေရိကန်ဒေါ်လာ (၁၄ဝဝ)တန်ဖိုးရှိ အားကစားနှင့်ကာယပညာဆိုင်ရာ လေ့ကျင့်ရေးလမ်းညွှန်စာ အုပ်များကို ပေးအပ်လှူဒါန်းကာ ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးတင်ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ KOICAမှ ကိုရီးယားပင်လယ်ရပ် ခြား လုပ်အားပေးပညာရှင် KOV အဖြစ် တိုက်ကွမ်ဒို နည်းပြ(၃)ဦး၊ Physical Education နည်းပြ(၁)ဦး၊ သူနာပြု(၁)ဦးတို့ကို အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)သို့ ၂ဝဝ၆ခုနှစ်မှစ၍(၂)နှစ်တစ်ကြိမ်လဲလှယ်စေလွှတ်ခဲ့ကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ၂ဝဝ၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၂ဝ၄၂၅)တန်ဘိုးရှိ တိုက်ကွမ်ဒိုအားကစား အထောက်အကူပြုပစ္စည်း များ၊ အဲယားကွန်းနှင့် ရေခဲသေတ္တာများ၊ ၂ဝဝ၉ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁၂ဝဝဝ)တန်ဘိုးရှိ အားကစားအထောက်အကူပြုပစ္စည်း (၁၆)မျိုး၊ ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၅၉၄၅ဝ)တန်ဘိုးရှိ အားကစားနည်းအား လုံး လေ့ကျင့်နိုင်မည့် လေ့ကျင့်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
တတိယနေ့ပွဲစဉ် ဆက်လက်ကျင်းပ |
|
 |
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
တတိယနေ့ပွဲစဉ် ဆက်လက်ကျင်းပ |
ရန်ကုန်၊ စက်တင်ဘာ(၁၅)
။ ၂ဝ၁၁ ခုနှစ်၊
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
တတိယနေ့ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေး စခန်း(သုဝဏ္ဏ)ရှိ
ပိုက်ကျော်ခြင်းအားကစားရုံတွင် ဆက်လက်ကျင်းပရာ
အမျိုး သားအသင်းလိုက်ပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း ကဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည် နယ်အသင်းက ကရင်ပြည်နယ်အသင်းကို
(၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက
ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊
အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ပွဲစဉ်တွင်
ရန်ကုန်တိုင်းဒေသ ကြီးအသင်းကကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည် နယ်(က)အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက
မွန်ပြည်နယ်(ခ)အသင်းကို(၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်း ကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊
အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ် တွင်
မန္တလေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို
(၂)ပွဲ(၁)ပွဲ ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်(က)အသင်းက စစ်ကိုင်းတိုင်းဒေသကြီး(ခ) အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်
လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို
(၂)ပွဲပြတ်ဖြင့် လည်း ကောင်း အသီးသီးအနိုင်ရရှိကြသည်။
စတုတ္တနေ့ပြိုင်ပွဲများကို (၁၆.၉.၂ဝ၁၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍
အဆို ပါ အားကစားရုံ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
|
|
|