|
၂ဝ၁၁ခုနှစ်၊မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဖလား ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီး အားကစားအဖွဲ့နာယကဖလား ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂၇)ရက်နေ့ ညနေ(၄)နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မြတ်ငွေ၊ မန္တလေးတိုင်းဒေသကြီး လူမှု ရေးဝန်ကြီး၏ဇနီး ဒေါ်မြစန္ဒာဝင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ ဇနီး ဒေါ်ရီရီနွဲ့၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့နာယက အဖွဲ့ဝင် မြို့တော်ဝန်၏ဇနီး ဒေါ်မိုးသီတာ၊ လုပ်ငန်းရှင်များ၊ အမျိုးသမီး အားက စား ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဆုပေး ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသက်(၁၂)နှစ်အထက် အသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးခရိုင်အသင်းအား ဒေါ်နန်းလှစိန် (လုပ်ငန်းရှင်)၊ ဒုတိယဆုရရှိသော ကျောက်ဆည်ခရိုင်အသင်းအား ဒေါ်တင် တင်စန်း (လုပ်ငန်းရှင်)၊ တတိယဆုရရှိသော ညောင်ဦးခရိုင်အသင်းအား ဒေါ် ကြည်ကြည်ဆွေ(လုပ်ငန်းရှင်)တို့မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး လူမှု ရေးဝန်ကြီး၏ဇနီး ဒေါ်မြစန္ဒာဝင်းမှ အသက်(၁၂)နှစ်အထက် (၃)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးခရိုင်၊ ဒုတိယဆုရရှိသော ကျောက်ဆည် ခရိုင်၊ တတိယဆုရရှိသော ရမည်းသင်းခရိုင်အသင်းတို့အား လည်းကောင်း၊ အသက်(၁၂)နှစ်အောက် အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေး ခရိုင်အသင်းအား ဒေါ်ရွှေလှ(လုပ်ငန်းရှင်)၊ ဒုတိယဆုရရှိသော ပြင်ဦးလွင်ခရိုင် အသင်းအား ဒေါ်နွယ်နွယ်စိုး(လုပ်ငန်းရှင်)၊ တတိယဆုရရှိသော ကျောက်ဆည် ခရိုင်အသင်းအား ဒေါ်ခင်ပြုံးရည်(လုပ်ငန်းရှင်)တို့မှလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကအဖွဲ့ဝင် မြို့တော်ဝန်၏ ဇနီး ဒေါ်မိုးသီတာမှ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးခရိုင်မှ ဟန်နီထွန်း၊ ဒုတိယဆုရရှိသော ပြင်ဦးလွင်ခရိုင်မှ သိမ့်သိမ့်နွယ်၊ တတိယဆုရ ရှိသော ကျောက်ဆည်ခရိုင်မှ မို့မို့ဇော်ဝင်းတို့အားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ဇနီး ဒေါ်ရီရီနွဲ့မှ အကောင်းဆုံး အားကစား သမားဆုရ မန္တလေးခရိုင်အသင်းမှ ဟန်နီထွန်းအားလည်းကောင်း၊ မန္တလေး တိုင်း ဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ဇနီး ဒေါ်မြတ်ငွေမှ ပထမတံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးခရိုင် အသင်းအား တံခွန်စိုက် ဆုဖလားကိုလည်းကောင်း အသီးသီးဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် သတ္တမအကြိမ်မြောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သတ္တမအကြိမ်မြောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၁၁)ရက် ညနေ(၃)နာရီခွဲတွင် တောင်သာမြို့နယ် ကျောက်ကာဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲအခမ်းအနားသို့ တောင် သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းမောင်၊ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၏ ကိုယ်စားလှယ် ဦးအောင်ဝင်းကြည်၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇံ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးကော်မတီဝင် ဦးကိုကိုထွေးနှင့် ဦးသောင်းဝေ၊ မြင်းခြံခရိုင် အားက စားနှင့်ကာယပညာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးထွေးအောင်၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းတင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဗိုလ်လုပွဲအဖြစ် မြင်းခြံခရိုင်(ခ)အသင်းနှင့် တောင်သာမြို့နယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မြင်းခြံခရိုင်(ခ)အသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။
ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ပထမဆုရ မြင်းခြံ ခရိုင်(ခ)အသင်းအား ဆုကြေးငွေကျပ် (၅)သိန်းနှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းမောင်က ဒုတိယဆုရ တောင်သာမြို့နယ်အသင်းအား ဒုတိယဆုနှင့် ဆုကြေးငွေကျပ်(၃) သိန်းကိုလည်းကောင်း၊ တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ် စားလှယ် ဦးအောင်ဝင်းကြည်က အသန့်ရှင်းဆုံးအသင်းဆုရ ကျောက်ပန်း တောင်းမြို့နယ်အသင်းအား ဆုကြေးငွေကျပ် (၅)သောင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇံ က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရ မြင်းခြံခရိုင်(ခ) အသင်းမှ မြင့်မောင်မောင်အား ဆုကြေးငွေကျပ်(၃)သောင်းကို လည်းကောင်း၊ မြင်းခြံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထွေးအောင်က ပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးကြ သော ဒိုင်အဖွဲ့အား ဆုကြေးငွေ ကျပ် (၉)သောင်းကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို မြားပစ်အားကစားမယ် မအောင်ငှိမ်း ကဆွတ်ခူးပေး အခြားအားကစားနည်းများတွင်လည်း ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရရှိ
|
|
 |
|
အမျိုးသမီးတစ်ဦးချင်းIndividual Compound ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ သော အောင်ငှိမ်း
|
|
 |
|
အမျိုးသမီးမာရသွန် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးရရှိသော နီလာစန်း
|
|
 |
|
စစ်တုရင် Asean Chess ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးရရှိသော ဝင်းဇော်ထွန်း
|
|
 |
|
 |
|
လှေလှော်ပြိုင်ပွဲ အမျိုးသမီး(၂)ယောက်တွဲ W2 ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ဆွတ် ခူးရရှိသော ရွှေဇင်လတ်နှင့် သန်းသန်းနွယ်
|
|
 |
|
လှေလှော်ပြိုင်ပွဲ အမျိုးသား M1X ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိ သွားသောအောင်ကိုမင်း
|
|
 |
|
နိုဝင်ဘာ(၁၅)ရက်နေ့က ပန်ကြပ်ဆီလတ်သိုင်းပြိုင်ပွဲ အမျိုးသမီး (၆၅-၇ဝ)Kg ပြိုင်ပွဲ ၌ တတိယဆုဆွတ်ခူးရရှိသွားသော ဟေမာဦး
|
|
 |
|
နိုဝင်ဘာ(၁၅)ရက်နေ့က ပန်ကြပ်ဆီလတ်သိုင်းပြိုင်ပွဲ အမျိုးသမီး (၇ဝ-၇၅)Kg ပြိုင်ပွဲ ၌ တတိယဆုဆွတ်ခူးရရှိသွားသော သင်းမြတ်အေး
|
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၆)ရက်။ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပလျှက်ရှိသော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်း Individual Compound ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အောင်ငှိမ်းက ပြိုင်ဖက် ဖိလစ်ပိုင်နိုင်ငံကို အနိုင်ယူ၍ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို မြားပစ် အားကစားနည်းဖြင့် ဆွတ်ခူးရရှိသွားသည်။ အဆိုပါ ပြိုင်ပွဲတွင် အောင်ငှိမ်းသည် ဖိလစ်ပိုင်ကို သတ်မှတ်မြား(၁၅)ချောင်း ပစ်ခတ်ပြီး (၁၃၉) မှတ်စီ အမှတ်တူနေရာမှ အပိုမြား(၁)ချောင်း ထပ်မံပစ်ခတ် ယှဉ်ပြိုင်ရာတွင် (၁ဝ)မှတ်(၉)မှတ်ဖြင့် အနိုင်ရရှိလိုက်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေ တံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ တတိယဆုကို အင်ဒိုနီးရှားနိုင်ငံက ရရှိသွားသည်။
ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး မာရသွန်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ နီလာစန်းက ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံကပထမဆု၊ ဗီယက်နမ်နိုင်ငံက တတိယဆုကိုလည်းကောင်း၊ လှေလှော်ပြိုင်ပွဲ အမျိုးသမီး (၂)ယောက်တွဲ
W2 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေဇင်လတ်နှင့် သန်းသန်းနွယ် တို့က
ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူးရရှိပြီး၊ ဗီယက်နမ်နိုင်ငံက ပထမဆုနှင့်
စင်ကာပူနိုင်ငံက တတိယဆုကိုလည်းကောင်း၊ လှေလှော်ပြိုင်ပွဲ အမျိုးသား M1X
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်ကိုမင်းက တတိယကြေးတံဆိပ်ဆုကို
ဆွတ်ခူးရရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံက ပထမဆုနှင့် ထိုင်းနိုင်ငံက
ဒုတိယဆုကို လည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲ
Asean Chess ပြိုင်ပွဲတွင်
မြန်မာနိုင်ငံမှ ဝင်းဇော်ထွန်းက ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးရရှိပြီး၊
ထိုင်းနိုင်ငံက ပထမဆုနှင့် ဗီယက်နမ်နိုင်ငံက တတိယဆုကိုလည်းကောင်း
ဆွတ်ခူးရရှိသွားသည်။ နိုဝင် ဘာ(၁၅)ရက်နေ့က ပန်ကြပ်ဆီလတ်သိုင်းပြိုင်ပွဲ
အမျိုးသမီး (၆၅-၇ဝ)Kg ပြိုင် ပွဲ၌ မြန်မာနိုင်ငံမှ ဟေမာဦးက တတိယဆုကို
ဗီယက်နမ်နိုင်ငံနှင့် ပူးတွဲရရှိပြီး၊ (၇ဝ-၇၅)Kg ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သင်းမြတ်အေးက တတိယဆုကို မလေးရှား နိုင်ငံနှင့်ပူးတွဲရရှိခဲ့သည်။
နိုဝင်ဘာ(၁၆)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ သည် ရွှေ(၁)ခု၊ ငွေ(၃)ခုနှင့် ကြေး(၁) ဆွတ်ခူးရရှိခဲ့ပြီး၊ နိုဝင်ဘာ(၁၁)ရက်နေ့ မှ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်အထိ မြန်မာ အားကစားအဖွဲ့မှ ရွှေ(၁)ခု၊ ငွေ(၁၂)ခုနှင့် ကြေး(၁၆) စုစုပေါင်း(၂၉)ဆု ဆွတ်ခူးရရှိထားကြောင်း သတင်း ရရှိသည်။
|
|
|