|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား
အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၆)ရက်။ ပဲခူးတိုင်းဒေသကြီး
ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးဖလားအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ်
အားကစားကွင်းတွင်အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ
ဇန်နဝါရီ(၁၅)ရက်နေ့တွင် တောကျွဲအင်းကျေးရွာအသင်းနှင့်
မြို့ချောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောကျွဲအင်းအသင်းကမြို့ချောင်း အသင်းကို (၅) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၁၆)ရက်နေ့တွင်ကမ္ဘောဇအသင်းနှင့် ကျေးရိုးအသင်းတို့ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊
အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်အတွင်းရေးမှူး ၊ အလုပ်အမှုဆောင်များအားတွေ့ဆုံညှိနှိုင်း ကျင်းပ
|
|
 |
|
 |
|
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား
နှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အတွင်းရေးမှူး နှင့်
အလုပ်အမှုဆောင်များ က ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်
ပတ်သက်၍ ဆွေးနွေးကြစဉ် |
ရန်ကုန်၊ ဇန်နဝါရီ(၁၆)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ၊ အလုပ်အမှုဆောင်များအား
တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အား
ကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ ၊ ကျိုက္ကဆံအားကစား ကွင်းတွင်
ဇန္နဝါရီလ(၁၆)ရက်နေ့ နေ့လည်(၁၂ဝဝ)နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး
အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် ၊
အားကစားနှင့် ကာယပညာ ဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ
စက်ဘီးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး
အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က
အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်
အတွင်းရေးမှူး နှင့်အလုပ်အမှုဆောင်များ ကရှေ့ဆက်လက်
ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားက
စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က လိုအပ်
သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ |
| |
|
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဆေးခန်းပြုပြင် မွမ်းမံရန်အ
တွက်ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(KOICA)မှ လုပ်ငန်းအပ်နှံသည့် အခမ်းအနားကျင်းပ
|
|
 |
|
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဆေးခန်းပြုပြင်မွမ်းမံရန်အတွက်
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)မှ
လုပ်ငန်းအပ်နှံသည့် အခမ်းအနားကျင်းပ |
ရန်ကုန်၊ ဇန္နဝါရီ(၁၆)ရက်။
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(KOICA)မှ
ထောက်ပံ့မှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့်အားက စားနှင့်
ကာယပညာသိပ္ပံ(ရန်ကုန်)၏ ဆေးပေးခန်းပြုပြင် မွမ်းမံခြင်းလုပ်ငန်း
အစီအစဉ်အတွက် ရွှေဧရာကုမ္ပဏီလီမိတက်နှင့်(KOICA) တို့ လုပ်ငန်းအပ်နှံ
သည့်အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ရန်ကုန်တိုင်းဒေသကြီး
တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြု
လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ၊အားကစားနှင့်
ကာပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး
ညွှန်ကြားရေးမှူးဦးတင်ဝင်း၊ကိုရီးယား အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ တာဝန်ရှိ ကိုယ်စားလှယ်များ၊
အားကစားနှင့်ကာယပညာသိပ္ပံမှ လက်ထောက်ညွှန်ကြား
ရေးမှူးများ၊ရွှေဧရာကုမ္ပဏီလိမီတက်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားတွင် ကျောင်း၏ ဆေးပေးခန်း
အဆောက်အဦး သပ်ရပ်လှပတိုးတက်ရေး ၊ ကျန်းမာရေး ပညာပေးတိုးတက်မှု
အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ(၂၉၈ဝဝ) တန်ဘိုးရှိ ကျောင်းသား
ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဆေးပေးခန်းပြန်လည်
ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ၊ သန့်စင်ခန်းအသစ်တည်ဆောက်ခြင်း ၊ ဆရာ
ဝန်ရုံးခန်းနှင့် စမ်းသပ်ခန်းများအသီးသီး သတ်မှတ်ခွဲခြားခြင်း ၊
ဆေးခန်းလိုက် သူများ နားနေဆောင်များ၊ ကြမ်းခင်းနှင့်
မျက်နှာကျက်ပြုပြင်ခြင်း ၊ အဆင့်မီ ကျန်းမာရေး
ဆေးစစ်ပစ္စည်းကိရိယာများဝယ်ယူ ဖြည့်တင်းရေး စသည့် ကျန်းမာရေး
ပညာပေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ
သည်။ |
| |
|
၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုး သားဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ |
|
နေပြည်တော် ဇန်န၀ါရီ(၁၆)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဘော်လီဘောကွင်း၌ ကျင်းပ လျက်ရှိရာ ပထမပွဲစဉ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနအသင်းက အလုပ်သမား ၀န်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် မွေးမြူ ရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအသင်းက ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနအသင်းကို (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် ပထမ ပွဲစဉ်၌ ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းအား ပို့ဆောင်ရေး ၀န်ကြီးဌာနအသင်း က (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းအား ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအသင်းက (၃)ပွဲ၊ (၁)ပွဲဖြင့် အသီးသီး အ နိုင်ရရှိခဲ့ပြီး ဇန်န၀ါရီလ (၁၇)ရက်နေ့ ညနေ(၃ နာရီခွဲ) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ် ပြိုင် ကစားကြမည်ဖြစ်ပြီး ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် ပြိုင်ပွဲများ ရပ်နား မည် ဖြစ်ကြောင်း သတင်းရရှိသည်။ |