|
၂ဝ၁၁ခုနှစ်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင် ပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင် ပြိုင်ပွဲကို စစ်တွေမြို့ ဘုရားကြီး ဝင်္ကဘာကွင်းတွင် ဒီဇင်ဘာ (၁၃)ရက်နေ့၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တက်ရောက်၍ စက်ခလုပ်နှိပ်၍ ဖဲကြိုးဖြတ်ကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ပြိုင်ပွဲတွင် စစ်တွေမြို့ အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန် ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိ၊ မြို့ဖများနှင့် အားကစား ဝါသနာ ရှင်များ တက်ရောက်ကာ ကြည့်ရှုအားပေး ကြသည်။
အဆိုပါရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ပြိုင်ပွဲတွင် ပြိုင်ပွဲအတန်းအစား (၂)မျိုး ယှဉ်ပြိုင်ပြီး ရွှေမောင်းတန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား (၁၃)ဦးနှင့် ငွေမောင်းတန်းပြိုင်ပွဲတွင် အားကစားသမား(၂၉၉)ဦး ပါဝင်ယှဉ်ပြိုင် ကြ သည်။
ဒီဇင်ဘာ(၁၅)ရက်နေ့၊ ဆုပေးပွဲအခမ်းအနားတွင်ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်မှ ရွှေ့မောင်းတန်းပြိုင်ပွဲတွင် ပထမဆုရရှိသူအား ရွှေ(၁)ကျပ် သားနှင့် ၊ ဒုတိယဆုရရှိသူအား ရွှေ(၃)မတ်သားတို့ကိုလည်းကောင်း၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နုနုစံမှ ငွေမောင်းတန်းပြိုင်ပွဲတွင် ပထမဆုရရှိ သူအား ရွှေ(၃)မတ်သားနှင့် ဒုတိယဆုရရှိသူအား ရွှေ(၅)မူးသားတို့ကို လည်း ကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
|
|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပ လျှက် ရှိရာ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကသာခရိုင်အသင်းနှင့် တမူးခရိုင်အသင်း တို့ယှဉ်ပြိုင်ကစားကြရာ ကသာခရိုင်အသင်းက တမူးခရိုင်အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ကလေးခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယပညာ ကော်မ တီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲများကို ဒီးမော့ဆို အားကစားကွင်း၌ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် မြို့မကျေးရွာအသင်း နှင့် နောင်ပုလဲကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောင်ပုလဲကျေးရွာ အသင်းက (၃)ဂိုး၊(၁)ဂိုးဖြင့်လည်းကောင်း၊ ဒေါစဲကျေးရွာအသင်းနှင့် ဆောင်ဒူ လာကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒေါစဲကျေးရွာအသင်းက (၅)ဂိုး၊ (၄)ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။
ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ငွေတောင်(ခ)ကျေးရွာအသင်းနှင့် မြလဲကျေးရွာ အသင်းတိုကသည်လည်းကောင်း၊ ဆောင်ဒူရွာသစ်ကျေးရွာအသင်းနှင့် သေးဆူ လဲကျေးရွာအသင်းတို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစား ကြ မည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျွမ်းဘားပြိုင်ပွဲ ဆုပေးပွဲကျင်းပ
|
|
 |
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် အမှတ်(၃)အခြေခံပညာ ဦးစီး ဌာနတို့ ပူးပေါင်းမှုဖြင့် ၂ဝ၁၁ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ ကျွမ်းဘားပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန် နေ့ညနေ(၃)နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူ အားက စားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌများ ဖြစ်ကြသည့် ဦးဝေလင်းအောင်နှင့် ဦးသိန်းဟံ၊ အမှုဆောင်များ၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြ သည်။
ဗိုလ်လုပွဲ၌ မူလတန်းနှင့် အလယ်တန်းအဆင့် အမျိုးသား/အမျိုးသမီး မြေပြင် လေ့ကျင့်စဉ်ပြိုင်ပွဲများကို ကျင်းပပြီးနောက် မူလတန်းအဆင့် အမျိုးသား/အမျိုး သမီး အသင်းလိုက် မြင်းခုန်ဘားနှင့် မြေပြင်လေ့ကျင့်စဉ်ပြိုင်ပွဲ၊ အလယ်တန်း အဆင့် အမျိုးသား/အမျိုးသမီး မြင်းခုန်ဘား နှင့် မြေပြင်လေ့ကျင့်စဉ်ပြိုင်ပွဲ၊ မူလတန်းနှင့် အလယ်တန်းအဆင့် အမျိုးသား/အမျိုးသမီး(၅)ယောက်တွဲ မြင်း ခုန်ဘားနှင့် မြေပြင်လေ့ကျင့်စဉ်ပြိုင်ပွဲ၊ မူလတန်းနှင့်အလယ်တန်းအဆင့် အမျိုး သား/အမျိုးသမီး တစ်ဦးချင်း မြင်းခုန်ဘား နှင့် မြေပြင်လေ့ကျင့်စဉ် ပြိုင်ပွဲများ တွင် ဆုရရှိသူများအား အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးက မူလတန်းအဆင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရ အ.ထ.က(၂) ကမာရွတ် အသင်းအား လည်းကောင်း၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မူလတန်းအဆင့် အမျိုးသမီး တံ ခွန်စိုက်ဒိုင်းဆုရ အ.ထ.က(၁) ဗဟန်းအသင်းအား လည်းကောင်း၊ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးသိန်းဟံက အလယ်တန်းအဆင့် အမျိုးသား တံခွန်စိုက် ဒိုင်းဆုရ အ.ထ.က(၂)ကမာရွတ်အသင်းနှင့် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝေလင်းအောင်က အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ အ.ထ.က(၄)အလုံအသင်းတို့အား ဆုငွေများနှင့် တံခွန်စိုက်ဒိုင်းဆုကြီးများ ပေး အပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ဒုတိယအကြိမ် အရှေ့တောင်အာရှဖလား အမျိုးသား ဟော်ကီပြိုင်ပွဲဝင်အသင်းများအား ကြိုဆို မိတ်ဆက်ညစာစားပွဲ အခမ်း အနားကျင်းပ
|
|
 |
|
မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးကျော်ကျော်လှိုင် နှင့် ဦးဇော်ဝင်းတို့က ပြိုင်ပွဲဝင်အသင်း မန်နေဂျာများသို့ အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်စဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဒုတိယအကြိမ် အရှေ့တောင်အာရှ ဖလား အမျိုးသားဟော်ကီပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ညစာ စား ပွဲအခမ်းအနားကို ယမန်နေ့ည (၇)နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ် ကရဝိတ်နန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်း၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးကျော်ကျော်လှိုင်နှင့် ဦးဇော် ဝင်း ၊ အလုပ်အမှုဆောင်များ၊ Tournament Director Mr. Ryuichi Koshiko နှင့် ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှ အသင်းမန်နေဂျာများနှင့် အားကစားသမားများ၊ ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးထင်ဇော်ဝင်းက ကြိုဆို မိတ်ဆက် အဖွင့်အမှာစကားပြောကြားပြီး၊ အရှေ့တောင်အာရှ ဟော်ကီဖလား ပြိုင်ပွဲသို့ လာရောက်တာဝန် ထမ်းဆောင်ကြမည့် Tournament Officials Director Mr. Ryuichi Koshiko နှင့် Umpire Manager Mr- Reshad Mahmood Butt တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဒုတိယဥက္ကဌ များဖြစ်ကြသည့် ဦးကျော်ကျော်လှိုင် နှင့် ဦးဇော်ဝင်းတို့က ပြိုင်ပွဲဝင်အသင်း မန်နေဂျာများသို့ အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည် ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|