|
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၁ခုနှစ် ပထမအကြိမ် Champion Challenge Cup Tournament ဒုတိယ အသုတ်ပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေး |
|
 |
|
 |
|
 |
|
 |
| နေပြည်တော်၊ စက်တင်ဘာ(၁၆)။ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပ လျက်ရှိသော ၂၀၁၁ခုနှစ် ပထမအကြိမ် Champion Challenge Cup Tournament ဒုတိယအသုတ်ပြိုင်ပွဲများအနက်မှ အလေးမပွဲစဉ်များ ကျင်းပနေ မှုအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲကို တာဝန်ယူကျင်းပနေကြသော ဒိုင်လူကြီး များနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစား ၀န် ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပနေသော ၂၀၁၁ခုနှစ်ပထမအကြိမ် Champion Challenge Cup Tournament စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှု အားပေးသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်များတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ စိုးမိုးခိုင် (မကွေးကလပ်အသင်း)က ပထမ၊ နန်းအမ်ရွှန်းလဲ့ရည်(မန္တလေးကလပ်အသင်း)ကဒုတိယ၊ လွင်မာစိုး(မုံရွာကလပ် အသင်း)က တတိယ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၌ မန္တလေးကလပ်အသင်း က ပထမ၊ မုံရွာကလပ်အသင်းက ဒုတိယနှင့် မော်လမြိုင်ကလပ်အသင်းက တတိယ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် ကျော်ကျော်စိုး(ရန်ကုန်ကလပ်အသင်း)က ပထမ၊ လှိုင်မြင့်သူ (စစ်တွေကလပ် အသင်း)က ဒုတိယ၊ အောင်မျိုးမင်း(ကျိုင်းတုံကလပ်အသင်း)က တတိယ၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်ကလပ်အသင်းကပထမ၊ မော်လမြိုင် ကလပ်အသင်းကဒုတိယနှင့် စစ်တွေကလပ်အသင်းကတတိယ၊ မြန်မာ့ရိုးရာ စစ်တုရင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မောင်မောင်လတ် (ရန်ကုန်ကလပ် အသင်း)ကပထမ၊ ငြိမ်းချမ်း(ပုသိမ်ကလပ်အသင်း)ကဒုတိယ၊ နေဦးကျော်ထွန်း (မန္တလေးကလပ်အသင်း)က တတိယ၊ အမျိုးသားအသင်းလိုက်
ပြိုင်ပွဲတွင် ရန်ကုန်ကလပ်အသင်းက ပထမ၊ ပုသိမ်ကလပ်အသင်းက ဒုတိယနှင့် မန္တလေး ကလပ်အသင်းကတတိယအသီးသီးရရှိသွားကြသည်။ထို့နောက် ပြည်ထောင်စု ၀န်ကြီးသည် ASIA KARATEDO FEDERATION PRESIDENT Mr. KUANG HUEI CHAN နှင့် ASIA KARATEDO FEDERATION REFEREE COUNCIL CHAIRMAN Mr. LIM CHEE JIN တို့အား နံနက် (၉နာရီခွဲ)တွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကာ (၂၆)ကြိမ်မြောက်နှင့်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များတွင် မြန်မာ့ကရာတေးဒိုအားကစားသမားများ အောင်မြင်မှုရရှိရေးနှင့် ပတ် သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။
|
|
|
|
မြန်မာ့လက်ရွေးစင် ဝူရှူးအသင်း
Joint Training လေ့ကျင့်ရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
|
|
 |
| ရန်ကုန်၊ စက်တင်ဘာ(၁၆)။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့နှင့် ဝူဟန်မြို့များ၌ ဝူရှူးအားကစားပူးတွဲလေ့ကျင့်ရန်အတွက် မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းသည် ယမန်နေ့ညနေ(၂)နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
Air China အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့လက်ရွေးစင် ဝူရှူးအားကစား အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူအဖြစ် ဦးထွန်းထွန်းဦး (ဦးစီးအရာရှိ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အတွင်းရေးမှူး မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ ချုပ်)၊ ဦးခင်စိုး(နည်းပြဆန်းဆို)၊ တရုတ်နည်းပြဆရာ
Mr. Chen Wu Qiao (ဆန်းဆိုနည်းပြ)၊ တရုတ်နည်းပြဆရာမ Ms. Wei Ai
Ling (ထောက်လုနည်း ပြ)၊အားကစားသမားများအဖြစ်တင်လင်းအောင်၊မောင်မောင်သန်း၊ ရာစုမောင်၊ ထွန်းထွန်းဝင်း၊ ဝေယံလင်း၊ ဝေဖြိုးအောင်၊ ကျော်ဇင်သစ်၊ ငြိမ်းချမ်းကိုကို၊ လှလှဝင်း၊
သူရစိုး၊ စုလှိုင်ဦး၊ စန္ဒီဦး၊ အိမ့်မီမီနှင့် ဝေမာထွန်းသိန်းတို့ လိုက်ပါ သွားကြကြောင်း သတင်းရရှိသည်။
|
|
|
|
မြန်မာအမျိုးသမီးဘတ်စကက်ဘောအသင်း
Joint Training လေ့ ကျင့်ရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာ
|
|
 |
|
ရန်ကုန်၊ စက်တင်ဘာ(၁၆) ။ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အထိ တရုတ်ပြည်သူသမ္မတနိုင်ငံ (ကူမင်းမြို့)၌ ဘတ်စကက်ဘောအားကစား ပူးတွဲလေ့ကျင့်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘတ်စကက်ဘောအသင်းသည် ယမန်နေ့ နေ့လည်(၂)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
Air China အပြည်ပြည်ဆိုင်ရာ လေ ကြောင်းခရီးစဉ်ဖြင့် ကူမင်းမြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဘတ်စကက် ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့ လက်ရွေးစင်အမျိုးသမီးဘတ်စကတ်ဘောအသင်းတွင်
အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါ်ကြူကြူ အမှုဆောင၊်
မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်၊ တပ်ကြပ်
(ရန်ကုန်မြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့)၊ ဒေါ်မြနှင်းထွေး (ဦးစီးအရာရှိ၊
အား ကစား နှင့်ကာယပညာဦးစီးဌာန)၊ ဦးဌေးဝင်း(နည်းပြ၊
မြန်မာနိုင်ငံဘတ်စကတ် ဘောအဖွဲ့ချုပ်)၊ ဒေါ်ခင်မာချို (အကူနည်းပြ၊
လယ်/ဆည်ဝန်ကြီးဌာန)၊ ဒေါ်
ဝင်းမော်ဟန်(သူနာပြုအားကစားနှင့်ကာယပညာဦးစီးဌာန)၊ အားကစားသမား
များအဖြစ် ခင်သူသူအောင်၊ စန္ဒာဝင်းဇင်၊ ရီရီအောင်၊ မေနှင်းဆီလွင်၊
တင်မိုးအောင်၊ သိမ့်သိမ့်တင်ရီ၊ ကြည်လဲ့စိုး၊ ဟန်နီဝင်းအောင်၊
ဂျူးမြတ်နိုး၊ ထက်မြတ်လင်း၊ ဂျူလိုင်မိုးနှင့် ယုမမအောင်တို့ လိုက်ပါ
သွားကြောင်း သတင်း ရရှိသည်။ |
|
|
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
စတုတ္ထနေ့ပွဲစဉ် ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၆)၊ ၂ဝ၁၁ ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ စတုတ္ထနေ့ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေး စခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ခြင်းအားကစားရုံတွင် ဆက်လက်ကျင်းပရာ အမျိုး သားသုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယား ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းကမွန်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးနှစ် ယောက်တွဲပြိုင်ပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်(ခ)အသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(က အသင်း)က စစ်ကိုင်းတိုင်းဒေသကြီး(ခ)အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ပဉ္စမနေ့ပြိုင်ပွဲများကို (၁၇.၉.၂ဝ၁၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ အဆိုပါအားကစားရုံ၌ ဆက် လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|