|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းနှင့် မြားပစ်အားကစား နည်းတို့မှ ရွှေတံဆိပ်(၂)ဆု ထပ်မံဆွတ်ခူး အခြားအားကစားနည်းများ တွင်လည်း ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရရှိ |
|
 |
|
 |
|
အမျိုးသမီးနှစ်ယောက်တွဲ ရိုးရာလှေ (Rowing LW 2X)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားသော သန်းသန်းနွယ်နှင့် ရွှေဇင်လတ်
|
|
 |
|
 |
|
 |
|
အမျိုးသမီးအသင်းလိုက်မြားပစ် (Compound) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု
ဆွတ်ခူးရရှိ သွားသော အောင်ငှိမ်း၊ လှလှစံနှင့် ရောစိမ်းယ
|
|
 |
|
 |
|
အမျိုသားနှစ်ယောက်တွဲ ရိုးရာလှေ (Rowing M2)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူး ရရှိသွားသော စောဝေလျန်နှင့် မြင့်စန်း
|
|
 |
|
 |
|
 |
|
အမျိုးသမီးမြားပစ် (Team Recurve)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိသွား သော သင်းသင်းခိုင်၊ စန်းယုထွေးနှင့် သဇင်အောင်
|
|
 |
|
 |
|
 |
|
အမျိုးသားမြားပစ် (Team Recurve)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိသွား သော နေမျိုးအောင်၊ ဇော်ဝင်းထိုက်နှင့် အောင်မျိုးသူ
|
|
 |
|
 |
|
 |
|
အမျိုးသားအသင်းလိုက်မြားပစ် (Compound)ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိ သွားသော ရဲမင်းဆွေ၊ အောင်ချိမ့်ဘော်နှင့် မြတ်ဇော်ထွန်း
|
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၇)ရက်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျှက်ရှိသော (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသမီးနှစ် ယောက်တွဲ ရိုးရာလှေ (Rowing LW2X) ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သန်းသန်းနွယ် နှင့် ရွှေဇင်လတ်တို့က ရွှေတံဆိပ်ဆုကိုဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံက ဒုတိယဆု နှင့် ဗီယက်နမ်နိုင်ငံက တတိယဆုကို လည်းကောင်း၊ မြားပစ် အမျိုးသမီး အသင်းလိုက် Compound ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်ငှိမ်း၊ လှလှစံနှင့် ရောစိမ်းယတို့က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိပြီး၊ မလေးရှားနိုင်ငံက ဒုတိယဆု နှင့် ထိုင်းနိုင်ငံက တတိယဆုဆွတ်ခူးရရှိသည်။
အမျိုးသားနှစ်ယောက်တွဲ ရိုးရာ လှေ (Rowing M2) ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ စောဝေလျန်နှင့် မြင့်စန်းတို့က ဒုတိယငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး၊ ဗီယက်နမ်နိုင်ငံက ပထမဆုနှင့် မလေးရှားနိုင်ငံက တတိယဆုကို လည်းကောင်း၊ အမျိုးသမီးမြားပစ် (Team Recurve)ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သင်းသင်းခိုင်၊ စန်းယုထွေးနှင့် သဇင်အောင် တို့က တတိယကြေး တံဆိပ်ဆုဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ပထမဆုနှင့် ဗီယက်နမ်နိုင်ငံက ဒုတိယဆုကို လည်းကောင်း၊ အမျိုးသားမြားပစ် (Team Recurve)ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ နေမျိုးအောင်၊ဇော်ဝင်းထိုက်နှင့် အောင်မျိုးသူ တို့က တတိယကြေးတံဆိပ်ဆုကိုဆွတ်ခူးရရှိပြီး၊ မလေးရှားနိုင်ငံက ပထမဆု နှင့် ထိုင်းနိုင်ငံက ဒုတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသားအသင်းလိုက် မြား ပစ် (Compound) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရဲမင်းဆွေ၊ အောင်ချိမ့်ဘော်နှင့် မြတ်ဇော်ထွန်းတို့က တတိယကြေးတံဆိပ်ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
နိုဝင်ဘာ(၁၇)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့သည် ရွှေ(၂)ခု၊ ငွေ(၁)ခုနှင့် ကြေး(၃) ဆွတ်ခူးရရှိခဲ့ပြီး၊ နိုဝင်ဘာ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့ ညနေ(၄) နာရီခွဲအချိန်အထိ မြန်မာအားကစားအဖွဲ့မှ ရွှေ(၃)ခု၊ ငွေ(၁၃)ခုနှင့် ကြေး(၁၉) ခု စုစုပေါင်း(၃၅)ဆု ဆွတ်ခူးရရှိထားကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်း အနား၌ အားကစားပြိုင်ပွဲအလံလက်ခံသည့်အစီအစဉ်တွင် ယဉ်ကျေးမှု အကဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ရန် ပြည်သူ့လွှတ်တော် လူမှုရေး၊ ယဉ်ကျေးမှုနှင့် အားကစားရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ထွက်ခွာ
|
|
 |
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား၌ အားက စားပြိုင်ပွဲ အလံလက်ခံသည့်အစီအစဉ်တွင် ယဉ်ကျေးမှုအကဖြင့် ပါဝင်ဖျော်ဖြေ တင် ဆက်ရန် ပြည်သူ့လွှတ်တော် လူမှုရေး၊ ယဉ်ကျေးမှုနှင့် အားကစားရေးရာ ကော်မတီ ဥက္ကဌနှင့် အဖွဲ့ အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့သို့ထွက်ခွာစဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၇)ရက်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ ပလန်ဘမ်မြို့ရှိ အားက စားကွင်း၌ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ပြုလုပ်မည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် အားကစားပြိုင်ပွဲအလံ လွှဲပြောင်းလက်ခံသည့် အစီအစဉ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော် ဖြေတင်ဆက်ရန်အတွက် ပြည်သူ့လွှတ်တော် လူမှုရေး၊ ယဉ်ကျေးမှုနှင့် အား ကစားရေးရာကော်မတီဥက္ကဌ သူရဦးအေးမြင့်၊ အားကစားဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ် ဦးသိန်းအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း ဦးဆောင်သည့် မြန်မာ ယဉ်ကျေးမှုအဖွဲ့ဝင် (၆ဝ) ဦးနှင့် အလေးမပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်ဥက္ကဌ ဦးဝင်းလွင်ခေါင်းဆောင်သော အလေးမ အဖွဲ့ဝင်(၁၄)ဦးတို့ သည် ယနေ့ ညနေ(၄)နာရီက လေကြောင်းခရီးစဉ်ဖြင့် အင်ဒိုနီးရှားသမ္မတ နိုင်ငံ ပလန်ဘမ်မြို့သို့ ထွက်ခွာသွားသည်။
အဆိုပါ အဖွဲ့များအား အလေးမ အားကစားနည်း တာဝန်ခံနာယက ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်၏ဇနီး ဒေါ်ခင်အေးနွယ်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး ဒေါ်ချော၊ မြန်မာ နိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေမြင့်နှင့် နာယကအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရေးပေါင်း စပ်ညှိနှိုင်းအ စည်းအဝေး ကျင်းပ |
|
 |
|
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်း ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၇)ရက်။ ၂ဝ၁၁-၂ဝ၁၂
ပညာသင်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင် ရေးအတွက်
ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၂)ရက်နေ့၊ နေ့ လည်(၁)နာရီက
ရန်ကုန်မြို့ နတ်မောက်လမ်း၊ အမှတ်(၁)အခြေခံ ပညာဦးစီး ဌာန (ရုံးချုပ်)
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်း အဝေးသို့
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ၊ အခြေခံပညာ ဦးစီးဌာန
အမှတ်(၁)၊ (၂)၊ (၃) တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး
နှင့်ပြည်နယ်များမှ ပညာရေးမှူးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနှင့် လက်ထောက်
ညွှန်ကြားရေးမှူးဦးဝင်းတင့် ၊ အားကစားအဖွဲ့ချုပ်များမှ
အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ က အဖွင့် အမှာစကား
ပြောကြားပြီးနောက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အထွေထွေ
အတွင်းရေးမှူး ဦးရဲအောင်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေခံပညာကျောင်း
ပေါင်းစုံအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအား
လေ့ ကျင့်ရေး ခြင်းလုံး(၅ဝ)ပေးအပ်လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအေးကြူမှ လက်ခံရယူခဲ့သည်။ ထို့နောက် အစည်းအဝေးသို့
တက်ရောက် လာသော အဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများက
ပြိုင်ပွဲကျင်းပမည့် အားက စားနည်း(၁၅)မျိုးနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အား ကစားနှင့်ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက အားကစား ကွင်း၊ အားကစားရုံများနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအေးကြူက လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားကာ အစည်းအဝေးကို
ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|
|
|
|
ကချင်ပြည်နယ် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မြန်မာ့သိုင်း (ဗန်တို-ဗန်ရှည်) သင်တန်းဖွင့်လှစ် |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၇)ရက်။ ၂ဝ၁၁ ခုနှစ်၊
ကချင်ပြည်နယ်ကျောင်းပေါင်းစုံ
ပြေးခုန်ပစ်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်
မြစ်ကြီးနားမြို့နယ် ကျောင်း ပေါင်းစုံ ပြေးခုန်ပစ်လူရွေးပွဲကို
နိုဝင်ဘာ (၈)ရက်နေ့မှ (၉)ရက်နေ့အထိ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့
ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ ရာ လူရွေးပွဲတွင်
အမျိုးသား/အမျိုးသမီး မီတာ(၁ဝဝ/၂ဝဝ/၄ဝဝ/၈ဝဝ/၁၅ဝဝ) သံလုံးပစ်၊
သံပြားဝိုင်းပစ်၊ လှံတံပစ်၊ အလျားခုန်၊ တန်းမြင့်ခုန်နှင့်
သုံးဆင့်ခုန် ပြိုင်ပွဲများကျင်းပခဲ့ရာ ကျောင်းပေါင်း (၂၄) ကျောင်းမှ
ကျောင်းသား/ကျောင်း သူပေါင်း (၂၅ဝ)ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့အပြင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်
ပြည်နယ်သိုင်းဆပ်ကော်မတီတို့ ကြီး မှူး၍
မြန်မာ့သိုင်း(ဗန်တို-ဗန်ရှည်)သင်တန်း အမှတ်စဉ်(၂/၂ဝ၁၁)ရက်တို သင်
တန်းကို နိုဝင်ဘာ(၁၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ မြစ်ကြီးနားမြို့ ပညာရေး
ကောလိပ်၌ နေ့စဉ် နံနက်(၆)နာရီမှ (၇)နာရီအထိ သင်တန်းသား/သင်တန်းသူ
(၃၇၇)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်း နည်းပြဆရာအဖြစ်
ဦးအောင်မြင့်၊ လက်ထောက် နည်းပြဆရာများအဖြစ် ဦးအောင်ကျော်မြင့်၊
ဒေါ်နှင်းဖြူနှင့် ဒေါ်ခုန့်ဆွေတို့မှ
သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
|
|
|