|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား
အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၁၇)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၁၆)ရက်နေ့တွင် ကမ္ဘောဇအသင်းနှင့် ကျေးရိုးအသင်း တို့ ယှဉ်ပြိုင် ကစားကြရာ ကျေးရိုးအသင်းက ကမ္ဘောဇအသင်းကို(၆)ဂိုး၊ (၁)ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၁၇)ရက်နေ့တွင် မကျီးပင်အသင်းနှင့် ဇီးကုန်း(သမင်အင်းကုန်း)အ သင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ရေး အေဂျင်စီ (JICA)၏ offical Supporter တစ်ဦးဖြစ်သူ အိုလံပစ်အပြေးမယ် လက်တွေ့ ဟောပြော ပို့ချ
|
|
 |
|
 |
|
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ရေး အေဂျင်စီ (JICA)၏ offical Supporter တစ်ဦးဖြစ်သူ အိုလံပစ်အပြေးမယ် လက်တွေ့ဟောပြောပို့ချ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၇)ရက်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ offical Supporter တစ်ဦးဖြစ်သူ ၂ဝဝဝခုနှစ်၊ ဆစ်ဒနီ အိုလံပစ်ပြိုင်ပွဲတွင် မာရသွန်ရွှေတံဆိပ်ဆုရှင် လက်ရှိ (စံချိန်ရှင်)Ms. Naoko Takahashi နှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီကအားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ရှိ ပြေးခုန်ပစ် နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင် တန်းသူများ စုစုပေါင်း (၅၆)ဦးအား အပြေးပိုင်းဆိုင်ရာ နည်းစနစ်များ၊ လေ့ ကျင့်မှုဆိုင်ရာ လေ့ကျင့်ခန်းများ၊ လေ့ကျင့်သည့် အစီအစဉ်များကို အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် တွေ့ဆုံ ဆွေးနွေးခြင်း၊ လက်တွေ့ ဟောပြောပို့ချ သင်ကြား ပြသခဲ့ကြောင်းသတင်းရရှိသည်။
|
| |
|
၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုး သားဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ |
|
နေပြည်တော် ဇန်န၀ါရီ(၁၇)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးအုပ်စုပတ်လည် ပြိုင်ပွဲ ကို ယနေ့ညနေ(၃နာရီခွဲ)က နေပြည်တော် ဘော်လီဘောကွင်း၌ ဆက်လက် ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန် အဖွဲ့ ရုံးအသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။ ဒုတိယအဆင့် အုပ်စု ရှုံး/ ထွက်ပြိုင်ပွဲများကို ဇန်န၀ါရီလ(၁၉)ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ မနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာန အ သင်း၊ စက်မှုဝန်ကြီးဌာနအသင်း နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန အသင်း၊ ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အ သင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
| |