|
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အမျိုးသားအားက စား ကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဒုတိယဝန်ကြီး
၂ဝ၁၁ ခု နှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
|
|
 |
|
 |
|
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဒုတိယဝန်ကြီး
၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစား လ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၇)ရက်။ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ (တတိ ယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ သက်ဆိုင်ရာ သတ်မှတ်နေရာ အသီသီး၌ ယနေ့ နံနက်(၆)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) ကွင်းပြင် ပ၌ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ အားကစားဝန်ကြီးဌာန ပြည် ထောင်စု ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ နှင့်ဇနီးမြန်မာနိုင်ငံ အမျိုးသမီး အားက စားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့် နှင့် တာဝန်ရှိ သူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် ဝန် မြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ဂီတ အစည်းအရုံးမှ အနုပညာရှင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသားများ၊ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သာ ကေတမြို့နယ်၊ ကမာရွတ် မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၅၃၈၂)ဦးတို့သည် ဘင်ခရာတပ်ဖွဲ့နှင့်အတူ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ပြင်ပပတ်လမ်း၌ တစ်ပတ်ပတ်၍ စုပေါင်းလမ်း လျှောက်ကြပြီး (သုဝဏ္ဏ)ကွင်းအတွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များ တပျော်တပါး ပြုလုပ်ကြသည်။
ထို့နောက် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပကြပြီး ဆုရရှိသူများ အား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း စုရပ်တွင် အင် အား (၅ဝဝ) ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကစားပြိုင်ကွင်း စုရပ်မှ အင်အား(၂၅ဝဝ)ဦးတို့ စုပေါင်းလမ်းလျှောက်ပွဲတွင် အသီးသီး ပါဝင် ဆင်နွှဲခဲ့ ကြောင်းသတင်းရရှိသည်။
|
|
|
|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပလျှက် ရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ကလေးခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ကလေးခရိုင်အသင်းက
ရွှေဘိုခရိုင်အသင်းကို (၃) ဂိုး၊(၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ခန္တီခရိုင်အသင်း နှင့် မုံရွာခရိုင်အသင်းတို့ ဆက် လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယပညာ ကော်မ တီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစား နှင့် ကာယပညာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲများကို ဒီးမော့ဆို အားကစားကွင်း၌ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲများအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ငွေတောင်(ခ)ကျေး ရွာအသင်းနှင့် မြလဲကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုး စီ သရေဖြင့် လည်းကောင်း၊ ဆောင်ဒူရွာသစ်ကျေးရွာအသင်းနှင့် သေးဆူလဲ ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာဂိုးမရှိသရေဖြင့် လည်းကောင်း သိရှိရ ပါသည်။
ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ဒေါရောက်ခူကျေးရွာအသင်းနှင့် ဒီ/ကျေး ကျေးရွာ အသင်းတို့သည်လည်းကောင်း၊ လှိုင်ဘူးအန်းကျေးရွာအသင်းနှင့် ဆင်တောင် ကျေးရွာအသင်း တို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
လားရှိုးမြို့ လူထုလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး (အားကစား)(ကျန်းမာရေး)(ပြည်နယ်ဝန်ကြီးချုပ်) တက်ရောက်
|
|
 |
|
 |
|
 |
|
 |
|
 |
|
|
|
|