|
ရန်ကုန်၊ ဇူလိုင်(၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဆဌမအကြိမ် တိုင်းဒေသကြီးနှင့်
ပြည် နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက
ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလံလေလုံ
အားကစားခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ တွဲဖက် အတွင်း
ရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်ကိုယ်ခံ ပညာ
ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးမြင့်ဦး၊
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး
ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
ဦးဟန်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
များမှ ဝူရှူးအားကစားသမားများတက်ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းနေရာယူပြီး ညွှန်ကြားရေး
မှူးချုပ် ထံသို့ ယမန်နှစ် ချန်ပီယံအသင်းများက ထောက်လုတံခွန်စိုက်
ဒိုင်းဆုအား (ရန်ကုန်တိုင်း ဒေသကြီးအသင်း)နှင့်
ဆနုးဆိုတံခွန်စိုက်ဒိုင်းဆုအား (မန္တလေးတိုင်း ဒေသကြီးအသင်း)တို့က
တံခွန်စိုက်ဒိုင်းဆုများ အသီးသီး ပြန်လည်အပ်နှံကြသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား တွဲဖက်အတွင်းရေးမှူး အား
ကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က
အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး
ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို
ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် ၂ဝ၁၁ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ဝူရှူး၊
ထောက်လုပဏာမလက်ရွေးစင်များလက်ရည်စစ်ပြိုင်ပွဲကျင်းပရာ
(ချန်းချွမ်၊နန်းတု၊ ထိုက်ချိချွမ်) ပြိုင်ပွဲများနှင့်
ဆန်းဆိုပြိုင်ပွဲများ ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။ |