|
မြန်မာလက်ရွေးစင်ရေကူးအသင်း Joint Training ပူးတွဲလေ့ကျင့်ရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
|
|
 |
|
မြန်မာလက်ရွေးစင်ရေကူးအသင်း Joint Training ပူးတွဲလေ့ကျင့်ရန်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာ
|
| ရန်ကုန်၊ စက်တင်ဘာ(၁၇)။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ချီးပြည် နယ်(နမ်နင်းမြို့)၌ ရေကူးအားကစား ပူးတွဲလေ့ကျင့်ရန်အတွက် မြန်မာ့လက် ရွေးစင်ရေကူးအသင်းသည် ယနေ့နေ့လည်(၂)နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Air China အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(နမ်နင်းမြို့)သို့ထွက်ခွာသွားရာ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့လက်ရွေးစင်ရေကူးအသင်းတွင်အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါ်ခိုင်သန္တာစိုး (ဦးစီးအရာရှိ၊ အားကစားနှင့် ကာယပညာဦးစီးဌာန) ၊ အုပ်ချုပ်သူအဖြစ် ဒေါ်သန်းသန်းမြင့်၊ တရုတ် ရေကူးနည်းပြဆရာ Mr. Huang Shao Hua ၊ တရုတ်ဒိုင်ဗင်ဆရာ Mr. Cui Xiao Feng ၊ အားကစားသမားများအဖြစ် သီဟအောင်၊ ဇင်မောင်ထက်၊ မင်းသုခ၊ တင်ကျော်လင်း၊ အိအိသက်၊ နန်းခမ်းမြတ်ခြူး၊ ကေဇင်ဝင်း၊ နောင်ဂျာ၊ ခိုင်မောင်ကြည်၊ ပြည့်ဖြိုးပိုင်၊ ဇွဲသက်ဦး၊ စိုးစန္ဒာညွှန့်နှင့် ဟေမာနှင်းတို့လိုက်ပါသွားကြောင်း သတင်းရရှိ သည်။
|
|
|
|
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့ (PSI)တို့ ပူးပေါင်း၍ အားကစားနှင့်တီဘီရောဂါအကြောင်း သိကောင်းစရာ ပညာပေးဟောပြောပွဲကျင်းပ
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၇)ရက် ။ အားကစားနှင့်ကာယပညာဦးစီးဌာန အားက စားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေး ဝန်ဆောင် မှုအဖွဲ့ (Population Service International )တို့ပူးပေါင်း၍ အားကစားနှင့် တီဘီရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်(၁)နာရီခွဲက အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ ၊ ဆရာ များ၊အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့မှ ဒေါက်တာနန်းညိုညိုဝင်း၊ ဒေါက်တာနန်းခိုင်ဇာ ၊ ဒေါက်တာစိမ်းလဲ့သန်းနှင့် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းသားများ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ လူထုရေးဝန်ဆောင်မှု အဖွဲ့မှ ဒေါက်တာနန်းညိုညိုဝင်းက သင်တန်းသားအားကစားသမားများ ကျန်း မာရေး အသိပညာဗဟုသုတများ၊တိုးပွားလာစေရန် အားကစားနှင့် တီဘီ ရောဂါအကြောင်း သိကောင်းစရာများ၊ ဆောင်ရန်/ ရှောင်ရန်များကို ဆွေးနွေး ပြောကြားပြီးနောက် တက်ရောက်လာကြသော အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)မှ အားကစားသမားသင်တန်းသားများက သိလိုသည်များကို မေး မြန်းရာ ဒေါက်တာနန်းညိုညိုဝင်းက ပြန်လည်ဖြေကြားပြီး ဟောပြောပွဲကိုည နေ(၃)နာရီခွဲတွင် ရုပ်သိမ်းလိုက်ပြီး စက်တင်ဘာလ(၂၃)ရက်နေ့တွင် အသိ ပညာပေးဟောပြောပွဲများကို ဆက်လက် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
အပြည်ပြည်ဆိုင်ရာ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၁)
ဖွင့်ပွဲအခမ်းအနားကျင်းပ
|
|
 |
|
 |
|
အပြည်ပြည်ဆိုင်ရာခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂ဝ၁၁) ဖွင့်ပွဲ အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဌ အဖွင့်အမှာစကားပြောကြားစဉ်
|
|
 |
|
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ခြင်းလုံးနာယကအဖွဲ့ဝင်များကိုယ်စား နာယက အဖွဲ့ဝင် ဒေါက်တာဒေါ်ရီရီထွေးအလှူငွေပေးအပ်စဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၁၇)။ ၂ဝ၁၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ခြင်းလုံးနည်းပြ နှင့်ဒိုင်လူကြီး သင်တန်းအမှတ်စဉ်(၁/၂ဝ၁၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင် ဆန်းကစားပြိုင်ဝင်းမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင် တန်းဖွင့်ပွဲအခမ်းအနားသို့အားးကစားဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်ဦးသိန်းအောင် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊ နာယကအဖွဲ့ဝင် ဒေါက်တာ ဒေါ်ရီရီထွေး၊ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်၊ ဒုတိယဥက္ကဌနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲအောင်၊ နည်းပြနှင့်နည်းစနစ် သင်တန်းဆရာ များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ခြင်းလုံးနာယက အဖွဲ့ဝင်များကိုယ် စား ဒေါက်တာဒေါ်ရီရီထွေးက အလှူငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်းရာ အဖွဲ့ ချုပ်ဥက္ကဌ ဦးစိုးနိုင်မှလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် သရုပ်ပြလက်ရွေးစင်များနှင့် သင်တန်းသူများက အလှခတ်၊ ဝိုင်းဖွဲ့ခတ် စွမ်းရည်သရုပ်ပြခတ် ကစားကြပြီး နောက် ပထမနေ့သင်တန်းကို မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဥပဒေရေးဆွဲရေးနှင့်နည်းစနစ်ကော်မတီဥက္ကဌ ဦးရဲအောင်က ခြင်းလုံးဥပဒေနှင့် နည်းစနစ်များကို သင်ကြားပို့ချခဲ့သည်။
သင်တန်းတွင် ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များမှအမျိုးသား(၆၈)ဦး၊ အမျိုးသမီး (၂ဝ)ဦး စုစုပေါင်း(၈၈)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို စက်တင် ဘာ(၁၇)ရက် နေ့မှ(၃ဝ)ရက်နေ့အထိ အောင်ဆန်းကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားခန်းမ၌ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
(၁၇)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ
ပဉ္စမ နေ့ပွဲစဉ် ဆက်လက်ကျင်းပ
|
ရန်ကုန်၊ စက်တင်ဘာ(၁၇) ၊ ၂ဝ၁၁ ခုနှစ်၊
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ
ပဉ္စမနေ့ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရန် ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေး စခန်း(သုဝဏ္ဏ)ရှိ
ပိုက်ကျော်ခြင်းအားကစားရုံတွင် ဆက်လက်ကျင်းပရာ အမျိုးသား သုံးယောက်တွဲ
ရှုံး/ထွက်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက
တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊
မန္တလေးတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို
(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီ တိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းကမကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင်
ရန်ကုန်တိုင်းဒေသကြီးအသင်း က မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယလုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင် ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ချင်းပြည်နယ် အသင်းကရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းကမွန်ပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက
တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး(ခ)အသင်းက ရှမ်းပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်(က)အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊
မကွေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်(ခ)အသင်းက ရန်ကုန် တိုင်းဒေသကြီးအသင်းကို(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး (က)အသင်းက ရှမ်းပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည် နယ်(က)အသင်းကပဲခူးတိုင်းဒေသကြီးအ သင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊
ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်း ကောင်း
အသီးသီးအနိုင် ရရှိသွားပါသည်။
ဆဌမနေ့ပြိုင်ပွဲများကို (၁၈.၉.၂ဝ၁၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ အဆိုပါ အားကစားရုံ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
|
|
|
|
|