|
၂ဝ၁၁ ခုနှစ်၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ
ဥာဏ်ရည်မမီသူများ အားက စားပြိုင်ပွဲ ဆုပေးပွဲကျင်းပ
|
|
 |
|
မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံဥာဏ်ရည်မမီသူများအဖွဲ့ ဥက္ကဌ ဦးမျိုးမြင့်က ရွှေတံဆိပ်(၃၉)ခု၊ ငွေတံဆိပ်(၄ဝ)ခုနှင့် ကြေးတံဆိပ်(၄၁)ခုဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်စဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ
ဥာဏ် ရည်မမီသူများ အားကစားပြိုင်ပွဲကို နိုဝင်ဘာ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအားကစားပြိုင်ဝင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် မီတာ(၅ဝ/၁ဝဝ/၂ဝဝ) အပြေးပြိုင်ပွဲ၊ မီတာ (၁ဝဝ)လမ်းလျှောက် ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ဆော့(ဖ်)ဘောပစ်ပြိုင်ပွဲနှင့် ဘိုချီပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီး အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်(၇) နာရီတွင် နောက်ဆုံးပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ခဲ့ရာ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံ
ဥာဏ်ရည်မမီသူများအဖွဲ့ဥက္ကဌ ဦးမျိုးမြင့်၊ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အမှု ဆောင် ဥာဏ်ရည်မမီသူများအဖွဲ့
National Director ဒုတိယဗိုလ်မှူးကြီး သိန်းဝင်း ၊မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်အမှုဆောင် ဦးစိန်ဝှက်နှင့်အမှုဆောင် များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အားက စားဝါသနာရှင်များ တက်ရောက်ကြသည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံ ဥာဏ်ရည်မမီသူများအဖွဲ့ဥက္ကဌ ဦးမျိုးမြင့်က ရွှေတံဆိပ်(၃၉)ခု၊ ငွေတံဆိပ် (၄ဝ)ခုနှင့် ကြေးတံဆိပ်(၄၁)ခုဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန် တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|
|
|
|
ကရင်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုး ဗစ်) ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၈)ရက်။ ၂ဝ၁၁ခုနှစ်၊ ကရင်ပြည်နယ်၊ အမျိုးသမီး အားက စားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုး ဗစ်) ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၄)ရက်နေ့ တွင် ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အ ခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ နိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အဝေးရောက်နာယက ဒေါ်ညွန့်ညွန့်ဝေ နှင့် ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြ သည်။
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အဝေးရောက်နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညွှန့်ညွှန့်ဝေက ပထမတံခွန်စိုက်ဆုဖလားရရှိ သွားသော ''လေ့ကျင့်ရေးအလယ်တန်းကျောင်းအသင်း'' အား တံခွန်စိုက်ဆု ဖလားကို
ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျန်ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြားပစ် အားကစားနည်းမှ ရွှေတံဆိပ်(၁)ဆုထပ်မံ ဆွတ်ခူးရရှိပြီး အခြားအားက စားနည်းများတွင်လည်း ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရရှိ
|
|
 |
|
 |
|
အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ မြားပစ်(Mix Team Compound) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးသွားသော ရဲမင်းဆွေနှင့် အောင်ငှိမ်း
|
|
 |
|
ဂျူဒိုပြိုင်ပွဲ အမျိုးသား (-၆ဝ)Kg ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးသွားသော ဟိန်းလတ်ဇော်
|
|
 |
|
ဂျူဒိုပြိုင်ပွဲအမျိုးသမီး(-၅၂)Kg ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးသွားသော သဉ္ဇာစိုး
|
|
 |
|
အမျိုးသား အလေးမ (၆၉)Kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးသွားသော ကျော်မိုးဝင်း
|
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
ရန်ကုန်၊ နိုဝင်ဘာ(၁၈)ရက်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျှက်ရှိသော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ မြားပစ် (Mix Team Compound) ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရဲမင်းဆွေနှင့် အောင်ငှိမ်းတို့က ရမှတ်(၁၅ဝ)ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိပြီး၊ မလေးရှားနိုင်ငံက ရမှတ်(၁၄၆)မှတ်ဖြင့် ဒုတိယဆုနှင့် အင်ဒိုနီးရှား နိုင်ငံက တတိယဆုကို လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲ အမျိုးသား (-၆ဝ)Kgတွင် ဟိန်းလတ်ဇော်က ငွေတံဆိပ်(၁)ဆုကိုဆွတ်ခူးရရှိပြီး ဗီယက်နမ်နိုင်ငံက ပထမ ဆုကိုလည်းကောင်း၊ ဂျူဒိုပြိုင်ပွဲ အမျိုးသမီး(-၅၂) Kgတွင် သဉ္ဇာစိုးက ငွေတံ ဆိပ်(၁)ဆုကို ဆွတ်ခူးရရှိပြီး လာအိုနိုင်ငံက ပထမဆုကိုလည်းကောင်း ၊ အမျိုး သား အလေးမပြိုင်ပွဲ (၆၉) ကီလိုတန်းတွင် မြန်မာနိုင်ငံမှ ကျော်မိုးဝင်းက ကြေး တံဆိပ်ကို ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ပထမဆုနှင့် ဒုတိယဆု တို့ကို ဆွတ်ခူးခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ(၁၈)ရက် ယနေ့ပြိုင်ပွဲ များတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၁)ဆု၊ ငွေတံဆိပ်(၂)ဆုနှင့် ကြေးတံဆိပ်(၁)ဆု ဆွတ် ခူး ရရှိပြီး၊ နိုဝင်ဘာ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့ အထိ စုစုပေါင်း ရွှေတံဆိပ် (၄)ဆု၊ ငွေတံဆိပ် (၁၅)ဆုနှင့် ကြေးတံဆိပ်(၂၃)ဆု ဆွတ်ခူးရရှိ ခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|