|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီအတွင်းရေးမှူး အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ အားကစားကွင်း/ အားက စားရုံများ တည်ဆောက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေး
|
|
 |
|
 |
|
 |
|
နေပြည်တော် ဇန်န၀ါရီ(၁၈)။ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အ တွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူသည် ယမန် နေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်ရှိ မက်စ်မြန်မာအုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဇေယျာသီရိ ဘောလုံးအားက စားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ ဘောလုံးကွင်း တည်ဆောက်ရေး စီမံကိန်းတာဝန်ခံမန်နေဂျာ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိ သူများ၊ အားကစားဝန်ကြီးဌာန (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးနှင့် အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ခေါင်း ဆောင် ဦးကျော်ဦးနှင့် လေ့လာရေးရောက်ရှိနေကြသော အားကစားနည်းအ သီးသီးမှ တာဝန်ခံအရာရှိများက ရှင်းလင်းဆောင်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် Project Manager ဦးကျော်ကျော်ဦးက ရှင်းလင်းဆောင်၌ ဇေယျာ သီရိ ဘောလုံးအားကစားကွင်း စတင်တည်ဆောက်သည့် ရက်စွဲ၊ ပြီးစီးရန် လျာ ထားချက်၊ လက်ရှိဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်တည် ဆောက်နေမှုအခြေအနေများအား လုပ်ငန်းအပိုင်းအလိုက် ရှင်းလင်း တင်ပြရာ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများ၊ လေ့လာရေးအဖွဲ့သားများက သိလိုသည် များအား ပြန်လည်မေးမြန်းကြသည်။
ယင်းနောက် ဒုတိယ၀န်ကြီးနှင့် လေ့လာရေး အဖွဲ့သားများသည် ဇေယျာသီရိ ဘောလုံးကွင်းအတွင်း တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် ဇေယျာသီရိအဆင့်မြင့် အားကစားရုံ တည် ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းအင်ဂျင်နီယာ ဦးခင်မောင် ကြည် က အဆင့်မြင့်အားကစားရုံအတွင်းတွင် ဆောက်လုပ်မည့် ခန်းမကြီး(၃) ခုနှင့် ကျင်းပမည့် အားကစားနည်းများ၊ လက်ရှိတည်ဆောက်ပြီးစီးမှု၊ ဆက် လက်ဆောက်လုပ်နေသည့် အခြေအနေများနှင့် ပြီးစီးရန်လျာထားသည့် အခြေ အနေများအား ရှင်းလင်းတင်ပြရာ အားကစားနည်းအသီးသီးမှ တာဝန်ခံအရာရှိ များက မိမိတို့အားကစားနည်းအလိုက် သိလိုသည်များအား မေးမြန်းကြသည်။
ထို့နောက် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် အဆင့်မြင့်ရေကူးကန် တည်ဆောက် ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့် ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
|
| |
|
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး
အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) အားကစားလေ့ကျင့်နေမှုများ လိုက်လံကြည့်ရှု
|
|
 |
|
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားသမားများလေ့ကျင့်နေစဉ် |
ရန်ကုန်၊ စက်တင်ဘာ(၁၈)ရက်။ မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ သည် တာဝန်ရှိသူများ လိုက်ပါ၍ ဇန္နဝါရီလ(၁၈)ရက်နေ့ ညနေ(၄)နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)သို့ ရောက်ရှိပြီး ၂ဝ၁၃ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လေ့ ကျင့်နေသော ဂျူဒို၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားနည်းများအား လိုက် လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
|
| |
|
ကရင်ပြည်နယ် OLD STAR ဘောလုံးအသင်းနှင့်ဘားအံတက္ကသိုလ်
မိသားစုဘောလုံးအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစား
|
|
 |
ရန်ကုန်၊ ဇန်နဝါရီ(၁၈)ရက်။
ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့်ပြည်နယ်ဝန်ကြီးများပါဝင်သော
OLDSTAR လက်ရွေးစင်ဘောလုံးအသင်း နှင့် ဘားအံတက္ကသိုလ်မှ
ဒုတိယပါမောက္ခချုပ်နှင့် ဆရာများပါဝင်သော UNIVERSITY UNITED
ဘောလုံးအသင်းတို့သည် ဇန်နဝါရီလ(၁၄)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင်
ဘားအံမြို့၊ အောင်သံလွင်ပြည်နယ်အားကစားကွင်း
၌ဘောလုံးယှဉ်ပြိုင်ကစားခဲ့သည်။ OLD STAR လက်ရွေးစင်ဘောလုံးအသင်း တွင်
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌဦးစောအောင်ကျော်မင်း၊ ဒုတိယဥက္ကဌ
ဦးမန်းလှမြိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင်၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးစောဆာလောလ ၊ လူမှုရေးဝန်ကြီး
ဦးချစ်လှိုင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးစောဝင်းထိန်၊
လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်၊
စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစောခရစ္စတိုဖာ၊
ပအို့ရေးရာဝန်ကြီး ဦးခွန်သန်းမြင့် တို့ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး
တစ်ဖက် (၄)ဂိုး၊ စီဖြင့် သရေကျခဲ့ကြောင်းသတင်းရရှိသည်။
| | |
|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား
အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၈)ရက်။ ပဲခူးတိုင်းဒေသကြီး
ကျောက်တံခါးမြို့နယ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား
အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ်
အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း
ပလျက်ရှိရာဇန်နဝါရီ(၁၇)ရက်နေ့တွင်မကျီးပင်အသင်းနှင့် ဇီးကုန်း(သမင်အင်း
ကုန်း)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ မကျီးပင်အသင်းက ဇီးကုန်းအသင်းကို
(၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၁၈)ရက်နေ့တွင် ရင်းတိုက်ကုန်းအသင်းနှင့် ကျောင်းစိုးအသင်းတို့
ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|