|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပ လျှက် ရှိရာ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ခန္တီခရိုင်အသင်းနှင့်မုံရွာခရိုင်အသင်းတို့ ယှဉ် ပြိုင်ကစားကြရာ မုံရွာခရိုင်အသင်းက ခန္တီခရိုင်အသင်း ကို (၆)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မော်လိုက်ခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်း တို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်းသတင်းရရိသည်။
|
|
|
|
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုး သား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၆)ရက်နေ့ညနေ(၃)နာရီတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ နာယက ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကချင် ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးရားဝမ်ဂျုံး၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်ပြည်နယ် အားက စားနှင့်ကာယပညာကော်မတီ ဒုတိယဥက္ကဌ(၁) ပြည်နယ် အစိုးရ အဖွဲ့အတွင်း ရေးမှူး ဦးမင်းချစ်ဦး၊ ဒုတိယဥက္ကဌ(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဗိုလ်လုပွဲအဖြစ် မန်စီမြို့နယ်အသင်းနှင့် မိုးညှင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မန်စီမြို့နယ်အသင်းက (၅)ဂိုး၊(၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ ဒုတိယဥက္ကဌ(၂)ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင် က ဒုတိယဆုရရှိသော မိုးညှင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ ကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဒုတိယ ဥက္ကဌ(၁) ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းချစ်ဦးက ပထမဆု ရရှိ သော မန်စီမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ပွဲစဉ်တလျှောက် အကောင်းဆုံးဆုရရှိသူအား ဆုကြေးငွေ ကျပ်
(၄)သောင်း၊ ရှေ့တန်း အကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆုနှင့် ဂိုးသမား အကောင်းဆုံးဆုရရှိသူများအား ဆုကြေးငွေ ကျပ်(၂)သောင်းစီ ကိုလည်းကောင်း၊ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးရားဝမ်ဂျုံးက အသန့်ရှင်းဆုံး အသင်းဆုရရှိသော မိုးကောင်းမြို့နယ် အသင်းအား ဆုဖလားနှင့် ဆုကြေးငွေကျပ်(၇)သောင်း(၅)ထောင်၊ ဒုတိယဆု ရရှိသော မိုးညှင်းမြို့နယ်အသင်းအား ဆုဖလားနှင့်ဆုကြေးငွေကျပ်(၂)သိန်း နှင့် ပထမဆုရရှိသော မန်စီမြို့နယ်အသင်းအား ဆုဖလားနှင့် ဆုကြေး ငွေကျပ် (၄)သိန်းကိုလည်းကောင်း၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာ ကော်မ တီနာယက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပထမ ဆုရရှိသော မန်စီမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကြီးကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင် မှု ရရှိခဲ့ကြသော နိုင်ငံဂုဏ်ဆောင် လက်ဝှေ့အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဆုများ ချီးမြှင့်
|
|
 |
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ကြ သော နိုင်ငံဂုဏ်ဆောင် လက်ဝှေ့အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားသို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်ဆုများ ချီးမြှင့်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၈)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ကြသော နိုင်ငံဂုဏ်ဆောင် အားကစားသမား များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ လက်ဝှေ့ လေ့ကျင့်ရေး စခန်း (သုဝဏ္ဏ) မြက်ခင်းပြင်၌ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုပွဲအခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်နှင့် ဖိတ်ကြားထားသူများ အောင်ပွဲရ လက်ဝှေ့ အားကစားမောင်/မယ်များနှင့် ဆွေမျိုးမိဘများ တက်ရောက်ကြ သည်။
အစီအစဉ်အရ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ အားက စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် မြန်မာ နိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း တို့က ဂုဏ်ပြုစကားများ အသီးသီး ပြောကြားကြသည်။
ဆက်လက်ပြီး ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အားက စားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက (၈၁)ကီလိုတန်းမှ ငွေတံဆိပ် ဆုရ အောင်ကိုကို အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၅ဝ) အားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် က (၆၉)ကီလိုတန်းမှ ငွေတံဆိပ်ဆုရ ဝေလင်းအောင်အား ဂုဏ်ပြုဆုငွေ ကျပ် သိန်း(၅ဝ)အားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်က (၄၈)ကီလိုတန်းမှ ငွေတံ ဆိပ်ဆုရ သက်ထားစံ အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၅ဝ)အားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ က (၅၇)ကီလိုတန်းမှ ကြေးတံဆိပ်ဆုရ ကြူကြူလှိုင်အား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ ချုပ် ဥက္ကဌ ဦးရန်ဝင်း က (၄၉)ကီလိုတန်းမှ ကြေးတံဆိပ်ဆုရ ဝေဖြိုးထွန်းအား ဂုဏ်ပြုဆု ငွေကျပ် (၂၅)သိန်းအား လည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်တောင် က (၅၂)ကီလိုတန်းမှ ကြေးတံဆိပ်ဆုရ ထက်အောင်အား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းနှင့် မြန်မာ နိုင်ငံ လက်ဝှေ့အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးကျော်ကျော်စိုးက (၅၆)ကီလိုတန်းမှ ကြေးတံဆိပ်ဆုရ ကျော်ကျော်လတ်အား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းအား လည်းကောင်း၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းက အသင်း အုပ်ချုပ်သူ အဖွဲ့အား (၁၅)သိန်း၊ နည်းပြအဖွဲ့အား သိန်း(၂ဝ)နှင့် ဆေးအ ထောက်အကူပြု အဖွဲ့အား (၁၅)သိန်းတို့အားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် က ပြိုင်ပွဲ ပွဲစဉ်
များတွင် အနိုင်ရရှိခဲ့ကြသော အားကစားသမားများအား တစ်ပွဲအနိုင်ရရှိလျင် ငွေကျပ်(၁)သိန်းစီဖြင့် စုစုပေါင်းငွေကျပ် (၆)သိန်းအား အသီးသီး ဂုဏ်ပြု ပေး အပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ကျော်စိုး၊ အမှုဆောင်များဖြစ်ကြသော ဦးထိပ်တင်ရှိန်၊ ဦးမင်းဟန်၊ ဦးအောင်သန်းကြွယ်၊
ဦးမင်းစိန်၊ ဦးကြည်လင်း တို့က အောင်ပွဲရ အားကစားသမားအား ဂုဏ်ပြု ဆု ငွေကျပ် (၃၆)သိန်းအားလည်းကောင်း၊ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင် က အုပ်ချုပ်နည်းပြအဖွဲ့အား ဂုဏ်ပြုဆု ငွေကျပ်(၁ဝ)သိန်း၊ ဦးမင်းဟန် က နည်းပြအုပ်ချုပ်မှုအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် ဦးအာကာကြိုင်က ဆေးအထောက်အကူပြုအဖွဲ့နှင့်ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် (၁ဝ)သိန်းတို့ အား အသီးသီးဂုဏ်ပြု ချီးမြှင့်ခဲ့ကြပြီး ညစာစားပွဲဖြင့်တည်းခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ (၁၂)ကြိမ်မြောက် ဂရိတ်ဝေါ အမျိုးသားတံခွန်စိုက် ကြက် တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
|
|
 |
|
၂ဝ၁၁ခုနှစ်၊ (၁၂)ကြိမ်မြောက် ဂရိတ်ဝေါ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ |
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၈)ရက်။ ၂ဝ၁၁ခုနှစ်၊ (၁၂)ကြိမ်မြောက် ဂရိတ်ဝေါ အမျိုး သား တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသား ကြက် တောင် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက် တောင် အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေနှင့် ဇနီး၊ အဖွဲ့ချုပ်ဒုတိယ ဥက္ကဌ များနှင့် အမှုဆောင်များ၊ အထွေထွေ အတွင်းရေးမှူး ဦးရော်ဘင်တင်နှင့် ဖိတ် ကြားထားသူများတက်ရောက်ကြသည်။
ဗိုလ်လုပွဲများအဖြစ် အမျိုးသား/အမျိုးသမီးတစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ များ ကျင်းပပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသက်(၁၆) နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းနှင့်နှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန် တန်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်းနှင့်နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၄၅၊ ၅၅)နှစ် အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ များတွင် ဆုရရှိသူများအား အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးရော်ဘင်တင် တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ၏ဇနီး က အမျိုးသမီး အလွတ်တန်း တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ သက်ထားသူဇာ ၊ ဒုတိယ လဲ့လဲ့ရီ နှင့် ခင်ဂုဏ်ရည်လင်း တို့နှင့် အလွတ်တန်းအမျိုးသမီးနှစ်ယေက်တွဲပြိုင်ပွဲတွင် ပထမ နေဇာလှိုင်နှင့်ဖူးပွင့်ဇံ၊ ဒုတိယ သက်ထားသူဇာနှင့်ခင်ဂုဏ်ရည်လင်း၊ တတိယ ထူးထူးရနှင့် အေးစုဝင်း အတွဲတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေက အမျိုးသားအလွတ်တန်း တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ ရဲမင်းအောင်၊ ဒုတိယ မျိုးမင်းထွန်း၊ တတိယ မျိုးဇော်ဦးနှင့် ပူးတွဲ တတိယ အောင်ကြည်မင်းနှင့် အမျိုးသားအလွတ်တန်း နှစ် ယောက်တွဲပြိုင်ပွဲတွင် ပထမ သက်ခိုင်နှင့် သံလွင်အောင်၊ ဒုတိယ ရဲမင်းအောင် နှင့်အသေးလေး၊ တတိယအောင်ကြည်မင်း နှင့်အေးမင်းထွန်း တို့အား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယ ပညာကော်မ တီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၁၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲများကို ဒီးမော့ဆိုအားကစားကွင်း၌ ပထမ အဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများအဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ဒေါရောက်ခူကျေးရွာ အသင်းနှင့် ဒီ/ကျေး ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာဒီ/ကျေး ကျေး ရွာအသင်းကဒေါရောက်ခူကျေးရွာအသင်းကို (၆)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ လှိုင်ဘူးအန်းကျေးရွာအသင်းနှင့် ဆင်တောင်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်က စားကြရာ ဆင်တောင်ကျေးရွာအသင်း လှိုင်ဘူးအန်းကျေးရွာအသင်းကို(၄)ဂိုး ၊ ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၁၉)ရက်နေ့တွင် ကန်(၇)ဆင့်ကျေးရွာအသင်းနှင့် ဟိုဝမ်ကျေးရွာအ သင်းတို့သည်လည်းကောင်း၊ ကုန်းသာကျေးရွာအသင်းနှင့် ဆိုဘောသျဲကျေး ရွာအသင်း တို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|