|
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်
မတီတို့၏ ပူးပေါင်းမှုဖြင့် အိုလံပစ် သွေးစည်းညီညွှတ်ရေး အစီအစဉ် အရ
ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများ သင်တန်း
(၂/၂ဝ၁၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ |
 |
 |
|
ရန်ကုန်၊ သြဂုတ်(၁)ရက်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ
အိုလံပစ်ကော်မတီတို့၏ ပူးပေါင်းမှုဖြင့် အိုလံပစ် သွေးစည်း ညီညွှတ်ရေး
အစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများ
သင်တန်း (၂/၂ဝ၁၁)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက
ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစား ကွင်းရှိ အားကစားနှင့်
ကာယပညာဦးစီးဌာန၊ ပြည်ထောင်စုခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်
ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး
အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်
တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ
အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ
အိုလံပစ်ကော်မတီဝင် များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား
အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာများ၊
သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အား
ကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်အား
သင်တန်းသား/ သင်တန်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊
မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ကိုယ် စား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ
အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်က အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားအဆင့်
အတန်းတိုးတက် မြင့်မားရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌
အစဉ်အလာကောင်း ရှိခဲ့ဘူးတဲ့ မြန်မာ့အားကစားအဆင့်အတန်းကို
အရှေ့တောင်အာရှနိုင်ငံများ အလည်မှာ ပြန်လည်မြင့်မားတိုးတက်လာရေးအတွက်
ဦးစွာကြိုးပမ်း သွားကြ ရမှာ ဖြစ်ကြောင်း၊ အိုလံပစ်သွေးစည်းညီညွှတ်ရေး
အစီအစဉ်အရ ယခုလို အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲမှုများသင်တန်းကို
တစ်နှစ်လျင်(၃)ကြိမ် ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂ဝ၁၃ခုနှစ်၊
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တစ်ဖက်တစ်လမ်းမှ
ပံ့ပိုးကူညီနိုင်ပြီး မြန်မာ့ အားကစား တိုးတက်မြင့်မားရေး အတွက်
အထောက်အကူပြုပံ့ပိုးပေးနိုင်မယ့် အလွန်ထိ ရောက်တဲ့ သင်တန်း ဖြစ်ကြောင်း
ပြောကြား၍ သင်တန်းကိုဖွင့်လှစ်ပေးသည်။
ယင်း သင်တန်းသို့ သင်တန်းသား(၁၆)ဦးနှင့် သင်တန်းသူ(၁၅)ဦး စုစုပေါင်း
(၃၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ်လ(၁)ရက်နေ့မှ (၅)ရက် နေ့
အထိ ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
အပြည်ပြည်ဆိုင်ရာဘတ်စကက်ဘောဒိုင်လူကြီး စာမေးပွဲသို့
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဝင်ရာက်ဖြေဆိုမည် |
|
ရန်ကုန်၊ သြဂုတ်(၁)ရက်။
သြဂုတ်လ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့
တွင်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဘတ်စကက်ဘောဒိုင်လူကြီး
စာမေးပွဲဖြေဆိုရန် မြန်မာ နိုင်ငံ ဘတ်စကက် ဘောအဖွဲ့ချုပ်မှ
ဒိုင်လူကြီး(၂)ဦးဖြစ်သော ဒေါ်စိုးစိုးလွင်နှင့် ဦးဝင်းနိုင်ြဖိုးတို့
ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်းသတင်းရရှိသည်။ |
|
|
|
|
|
|