|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဆဌမနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ |
|
 |
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲအဖြစ်
မကွေးတိုင်း ဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေကြီး
အသင်းတို့ယှဉ်ပြိုင်ကစားနေစဉ် |
ရန်ကုန်၊ စက်တင်ဘာ(၁၈)၊ ၂ဝ၁၁ ခုနှစ်၊ (၁၇)ကြိမ်မြောက်
တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဆဌမနေ့ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်း မြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေး
စခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ခြင်း အားကစားရုံတွင် ဆက်လက်
ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပြိုင်ပွဲ
များတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို
(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းက
မကွေးတိုင်း ဒေသကြီး အသင်းကို(၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊
ဧရာဝတီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ် အသင်းကို
(၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက
ရှမ်းပြည်နယ် အသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊
အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ တွင်
ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို
(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်(ခ)အသင်းက
တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး
အသင်းကို(၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီး
နှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပြိုင်ပွဲများတွင်
မွန်ပြည်နယ်(ခ)အသင်းက မွန်ပြည်နယ်(က)အသင်းကို
(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး(က)အသင်းက
ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊
မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို
(၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက
စစ်ကိုင်းတိုင်းဒေသကြီး (ခ) အသင်းကို (၂)ပွဲပြတ်ဖြင့်
လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
နောက်ဆုံးဗိုလ်လုပွဲများကို (၁၉.၉.၂ဝ၁၁)ရက်နေ့
နံနက်(၈)နာရီမှစတင်၍ အဆိုပါ အားကစားရုံ၌
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|
|
ဇီးကုန်းမြို့နယ်၊
မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲကျင်းပ |
|
 |
|
ဇီးကုန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား
ကျေးရွာပေါင်းစုံ
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် |
ရန်ကုန်၊ စက်တင်ဘာ(၁၈)။ ၂ဝ၁၁ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊
ဇီးကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ကျေးရွာ
ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ
(၁ဝ)ရက်နေ့၊ ညနေ(၃)နာရီအချိန်တွင် ဇီးကုန်းမြို့နယ်
အားကစားကွင်း၌ ကျင်းပပြု လုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဇီးကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးညွှန့်စိုး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဇီးကုန်းမြို့နယ်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုး သမီး ရေးရာအဖွဲ့၊
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒိုင်လူကြီးအဖွဲ့ဝင်
များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး၊ ဖွင့်ပွဲကို
ဇီးကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးမှ
အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက်
ရွတ် ဆို ကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
၎င်းပြိုင်ပွဲ တွင် ကျေးရွာအုပ်စု(၃၄)သင်းမှ
ပါဝင်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ(၁ဝ)ရက်မှ အောက်တိုဘာ
(၁၄)ရက်နေ့ အထိကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
ဖွင့်ပွဲနေ့တွင် သစ်နဖားကျေးရွာအုပ်စုအသင်းနှင့်
ဘဲအင်းကျေးရွာအုပ်စု အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ၊
သစ်နဖားကျေးရွာအုပ်စုအသင်းက ဘဲအင်း ကျေးရွာအုပ်စုအသင်းကို
(၇)ဂိုး (၁)ဂိုးဖြင့်အနိုင်ရရှိသွားကြောင်း သတင်း ရရှိသည်။ |
|
|
|
၂၀၁၁ ခုနှစ် နေပြည်တော်
Champion Challenge Cup Tournament လက်ဝှေ့ဗိုလ်လုပွဲနှင့် ဒုတိယအသုတ်
အားကစားပြိုင်ပွဲ များအား ဆုချီးမြှင့်ပွဲကျင်းပ |
 |
 |
 |
 |
နေပြည်တော်စက်တင်ဘာ(၁၈)။ ၂၀၁၁ ခုနှစ်
နေပြည်တော် Champion Challenge Cup Tournament လက်ဝှေ့ဗိုလ်လုပွဲနှင့်
ဒုတိယအသုတ် အားကစားပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကို ယနေ့
နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌
ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီဥက္ကဌ
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက် ကြည့်ရှု
အားပေးကာ ဆုချီးမြှင့်ပေးသည်။
ရှေးဦးစွာ အမျိုးသားလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲများကို ကျင်းပရာ
(၄၆)ကီလိုတန်း တွင် ရန်မျိုးအောင် (ရန်ကုန်ကလပ်အသင်း)က
ကျော်ခိုင်ဦး(ဘားအံကလပ် အသင်း)ကို လည်းကောင်း၊ အမျိုးသား (၅၆)
ကီလိုတန်းတွင် အောင်ဘာလေ (ပုသိမ်ကလပ်အသင်း)က
ဝင်းကျော်သူ(ဘားအံကလပ်အသင်း)ကို လည်း ကောင်း
အသီးသီးအနိုင်ရဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ အားကစားနှင့်
ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့်
တာဝန်ရှိသူများက အလေး မပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲနှင့် စစ်တုရင်
ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိကြသူ
အားကစားသမားမောင်/မယ်များအား ဆုတံဆိပ်နှင့် ငွေ သားဆုများ
အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက အလေးမပြိုင်ပွဲ အမျိုးသား(၆၂)
ကီလိုတန်း၊ အမျိုးသား(၆၉)ကီလိုတန်း၊ အမျိုးသား(၅၂)ကီလိုတန်းနှင့်
အမျိုး သား(၅၆)ကီလိုတန်းပြိုင်ပွဲများတွင် ဆုရရှိ
ကြသူများအားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင်
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အားကစားနှင့်
ကာယပညာသိပ္ပံအချင်းချင်း အလေးမပြိုင်ပွဲ အမျိုးသား(၆၉)ကီလိုတန်းနှင့်
(၆၉)ကီလိုအထက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုတံ
ဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသား(၅၀)ကီလိုတန်း
အလေးမပြိုင်ပွဲတွင် ပထမဆုရ လှမိုး(ပဲခူးကလပ်အသင်း)၊ ဒုတိယဆုရ
ဇော်မင်းပိုင်(ဘားအံကလပ်အသင်း)၊ တတိယဆုရ ပိုင်စိုးသန့်ဇင် (ရန်ကုန်
ကလပ်အသင်း)၊ အမျိုးသား(၅၆)ကီလိုတန်း အလေးမပြိုင်ပွဲ ပထမဆုရ
ထွန်းထွန်းအောင်(ရန်ကုန်ကလပ်အသင်း)၊ ဒုတိယဆုရ
စောဧရာအောင် (မန္တလေးကလပ်အသင်း)၊ တတိယဆုရ
ဇော်မင်းဦး(ထားဝယ်ကလပ်အသင်း) တို့ အား လည်းကောင်း၊
အမျိုးသား(၄၆)ကီလိုတန်း လက်ဝှေ့ပြိုင်ပွဲတွင် ပထမ ဆုရ
ရန်မျိုးအောင်(ရန်ကုန်ကလပ်အသင်း)၊ ဒုတိယဆုရ ကျော်ခိုင်ဦး(ဘားအံ
ကလပ်အသင်း)၊ တတိယဆုရ ကိုကိုဦး(ကျိုင်းတုံကလပ်အသင်း)၊ အမျိုးသား
(၄၉)ကီလိုတန်း လက်ဝှေ့ ပြိုင်ပွဲ ပထမဆုရ မျိုးလင်းကျော်(ဘားအံကလပ်
အသင်း)၊ ဒုတိယဆုရ မင်းဇော် (ကျိုင်းတုံကလပ်အသင်း) နှင့် တတိယဆုရ
စည်သူထွန်း(စစ်တွေကလပ်အသင်း)တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ
အသီးသီး ပေးအပ်ချီးမြှင့်ကာ ဆုပေးပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
၂၀၁၁ ခုနှစ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်
အားကစားပြိုင်ပွဲများအဖြစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ပြေးခုန်ပစ်
ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲများကို စက်တင်ဘာ (၂၂)ရက်တွင်
နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌
ဖွင့်ပွဲအခမ်းအနားဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |