|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Rowing လှေလှော်အဖွဲ့နှင့် သိုင်းအဖွဲ့အား ဂုဏ်ပြုကြိုဆို
|
|
 |
|
Rowing လှေလှော်အားကစားအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ပြန် လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြု ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုစဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၉)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပါလာဘန်မြို့နှင့် ဂျကာတာမြို့တို့တွင် ဆက် လက် ကျင်းပလျှက်ရှိပြီး နိုဝင်ဘာ(၁၈)ရက်နေ့ ညနေ(၄)နာရီက မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ယွပ်ဆိုင်းအိန် ခေါင်းဆောင်သော(၁၉)ဦး ပါ ဝင်သည့် မြန်မာ့သိုင်းအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ မြန်မာ့သိုင်းအဖွဲ့သည် သိုင်း အားကစား ပန်ကြပ်ဆီလတ်ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်(၃)ခု ဆွတ်ခူး ရရှိ ခဲ့သည်။
အဆိုပါနေ့ ညနေ(၆)နာရီ(၄၅)မိနစ်တွင် Rowing လှေလှော်အား ကစားနည်း၌ ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခု ဆွတ် ခူး ရရှိခဲ့သော ဒေါ်မွန်မွန်ခိုင် ဦးဆောင်သည့် (၃၄)ဦးပါဝင်သော Rowing လှေ လှော်အားကစားအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ပြန်လည်ရောက် ရှိလာရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြု ပန်းစည်းများဖြင့် ကြို ဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သော မြန်မာ မြားပစ်အားကစားအဖွဲ့အားဂုဏ်ပြုကြိုဆို
|
|
 |
|
 |
|
 |
|
အောင်ပွဲရမြန်မာနိုင်ငံမြားပစ်အားကစားများအား အာရှမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ အရှေ့တောင် အာရှမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့်အမှုဆောင်အဖွဲ့ဝင်များ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နှင့်အတူ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၉)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူး ရရှိခဲ့သည့် အသင်းအုပ်ချုပ်သူ ဦးသန်းကြိုင် ဦးဆောင်သော (၂၃)ဦးပါဝင်သည့် မြန်မာမြားပစ်အားကစားအဖွဲ့သည် ယနေ့ညနေ(၃)နာရီ (၄၅)မိနစ်တွင် အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့မှ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် အာရှမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ အရှေ့တောင်အာရှမြား ပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ ခင်ရွှေ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်း သောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေပြိုင် ပွဲတွင် ရွှေတံဆိပ်(၄)ခုနှင့် အခြားပြိုင်ပွဲများမှ ငွေတံဆိပ်(၂)ခု ထပ်မံ ဆွတ်ခူးရရှိ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၉)ရက်။
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ပါလမ်ဘန်မြို့တို့တွင်
(၈)ရက် မြောက်နေ့ ဆက်လက်ကျင်းပလျှက်ရှိရာ ယနေ့ နံနက် (၉)နာရီခွဲမှ
စတင်ယှဉ် ပြိုင်ခဲ့သော ရိုးရာလှေလှော်အားကစား ပြိုင်ပွဲများဖြစ်သည့်
မီတာ(၁ဝဝဝ) အမျိုးသမီးရိုးရာလှေ(၁ဝ)တက်လှော်ပြိုင်ပွဲတွင်
မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက
ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယဆုကို လည်းကောင်း၊ မီတာ(၁ဝဝဝ)
အမျိုးသားရိုးရာလှေ (၁ဝ)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဒုတိယနှင့်
ထိုင်းနိုင်ငံက တတိယဆုကိုလည်းကောင်း၊ မီတာ(၁ဝဝဝ) အမျိုးသမီး ရိုးရာ လှေ
တက်(၂ဝ)လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဒုတိယနှင့်
ထိုင်းနိုင်ငံက တတိယဆုကိုလည်းကောင်း၊ မီတာ(၁ဝဝဝ) အမျိုးသား ရိုးရာလှေ
တက်(၂ဝ)လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဒုတိယနှင့်
ဖိလစ်ပိုင်နိုင်ငံ က တတိယဆုကိုလည်းကောင်း၊ ရွက်လှေအားကစားနည်း၌
International 470 Class အမျိုးသမီးပြိုင်ပွဲတွင် ခင်ညိုလင်းနှင့်
သိင်္ဂီဝင်းရွှေတို့က ဒုတိယငွေ တံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားဂျူဒို
(-၇၃)Kg ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သူရဇော်က ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံက ပထမဆုနှင့် ဖိလစ်ပိုင်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံက ပူးတွဲတတိယဆု ဆွတ်ခူးရရှိခဲ့သည်။
နိုဝင် ဘာ(၁၉)ရက် ယနေ့ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၄)ဆု၊ ငွေတံဆိပ် (၂)ဆုဆွတ်ခူးရရှိပြီး၊ နိုဝင်ဘာ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ မြန်မာနိုင်ငံမှ တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အထက်တွင် နိုင်ငံအလိုက် အဆင့်(၇)ဖြင့် ရပ်တည်လျှက်ရှိရာ စုစုပေါင်း ရွှေတံဆိပ်(၈)ဆု၊ ငွေတံဆိပ် (၁၈)ဆုနှင့် ကြေးတံဆိပ်(၂၅)ဆု ဆွတ်ခူးရရှိထားကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၁၈)ရက်နေ့တွင် ဓနုဒေသအသင်းနှင့် လင်းခေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓနုဒေသ အသင်းက (၂)ဂိုး၊(၁)ဂိုးဖြင့်လည်းကောင်း၊ တောင်ကြီးခရိုင်အသင်းနှင့်ကျိုင်းတုံ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းက (၄)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
နိုဝင်ဘာ (၁၉)ရက်နေ့ တွင် မိုင်းဆတ်ခရိုင်အသင်း နှင့် မိုင်းဖြတ်ခရိုင်အသင်း၊ လားရှိုးခရိုင်အသင်းနှင့် လွယ်လင်ခရိုင်အသင်းတို့ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်း ရရှိ သည်။
|
|
|
|
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၊ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၁၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ ခရိုင်၊ မြင်းခြံမြို့နယ်၊ တောင်းဆုပြည့်စုံ ရွှေစည်းခုံဘုရားပွဲအထိမ်းအမှတ်၊ ဆီမီး ခုံကျေးရွာ၊ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကို နိုဝင်ဘာ(၁၅)ရက်နေ့ ညနေ(၃)နာရီတွင် ဆီမီးခုံကျေးရွာ အားက စားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တောင်းဆုပြည့်စုံ ရွှေစည်းခုံ ဂေါပကဥက္ကဌ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဗိုလ်လုပွဲအဖြစ် ဆားကြူးရွာအသင်းနှင့် ဆုံရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆုံရွာအသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ဆုပေးပွဲ အခမ်းအနား ကို ဆက်လက်ကျင်းပရာ တောင်းဆုပြည့်စုံ ရွှေစည်းခုံ ဂေါပက ဥက္ကဌမှ ပထမ ဆုရရှိသော ဆုံရွာအသင်းအား ဆုကြေးငွေကျပ်(၁)သိန်း(၅)သောင်းကိုလည်း ကောင်း၊ ဒုတိယဆုရရှိသော ဆားကြူးရွာအသင်းအား ဆုကြေးငွေကျပ်(၁) သိန်းကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|