|
၂ဝ၁၂ခုနှစ်၊ နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်
အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၉)ရက်။ ၂ဝ၁၂ခုနှစ်၊
နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး
ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီလ(၁ဝ) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကယားပြည်နယ်နေ့ ကျင်းပပြုလုပ်ခဲ့ရာအား ကစားကွင်းတွင် ကျင်းပပြုလုပ်ရာ
အမျိုးသမီးအသင်း(၉)သင်းနှင့် အမျိုးသား အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲ အမျိုးသား/အမျိုးသမီးနောက်ဆုံး ဗိုလ်လုပွဲကို
ဇန်နဝါရီလ(၁၅) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ
အမျိုးသမီးပြိုင်ပွဲတွင် ကယားစာပေအသင်းနှင့် ပန်ကန်းကျေးရွာအသင်းတို့
ယှဉ်ပြိုင်ကစားကြရာ ပန်ကန်းကျေးရွာအသင်းမှ
(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် KNDPအသင်းနှင့် နာနောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
KNDP အသင်းမှ (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဆုရရှိသောအသင်း များအားပြည်နယ် ဘော်လီဘောဆပ်ကော်မတီဥက္ကဌ
၊ ပြည်နယ်ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဖြူနှင့်
ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင် တို့မှလည်းကောင်း၊ ပထမဆုရရှိကြသောအသင်းများအား
ပြည်နယ်အစိုးရအ ဖွဲ့၊လူမှုရေးဝန်ကြီးဦးကိုးရယ်မှလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။ |
| |
|
၂ဝ၁၂ခုနှစ်၊ နှစ်(၆ဝ)ပြည့်နှစ် ကယားပြည်နယ်နေ့ အထိမ်းအမှတ်
ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၉)ရက်။ ၂ဝ၁၂ခုနှစ်၊
နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကာယဗလမောင်နှင့် ကာယအလှမယ်
ပြိုင်ပွဲကိုဇန်နဝါရီလ (၁၃)ရက်နေ့နှင့်(၁၄)ရက်နေ့တွင် လွိုင်ကော်မြို့
မြိှု့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကာယဗလမောင်(၁၅)ဦးနှင့်
ကာယအလှမယ်(၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်
ဦးခင်မောင်ဦး ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊
အထူးဖိတ် ကြားထားသောဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များတက်ရောက် အားပေးကြသည်။
ပြိုင်ပွဲပထမနေ့ဖြစ်သော ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ကာယဗလမောင်နှင့်
ကာယအလှမယ်(၁၅)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲသို့
ဆက်လက် ယှဉ်ပြိုင်ရန်အတွက် ပဏာမပြိုင်ပွဲဝင်(၁ဝ)ဦးစီ ရွေးချယ်ခဲ့သည်။
ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ
နောက်ဆုံးအ ဆင့်သို့တက်ရောက်လာသော ကာယဗလမောင်(၁ဝ)ဦးနှင့်
ကာယအလှမယ် (၁ဝ)ဦးတို့ ယှဉ်ပြိုင်ကစားကြရာ ကာယဗလမောင်ပြိုင်ပွဲတွင်
လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုယ်စားပြု
မောင်စောဟေဗလုမှ ပထမ၊ လွိုင်ကော်တက္ကသိုလ် ကိုယ်စားပြုမောင်ရှားတော်မှ
ဒုတိယ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနကိုယ်စားပြု မောင်အောင်ထွန်းမှတတိယရရှိကြပြီး ကာယအလှ မယ်ပြိုင်ပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြု မခင်မူမူထွန်းမှ ပထမ၊ လွိုင်ကော်
တက္ကသိုလ်ကိုယ်စားပြု မနန်းဝေငြိမ်းဦးမှ ဒုတိယ၊ ပို့ဆက်+ ကညန+ မထသ
ကိုယ်စားပြု မရို့စ်လင်းဦးမိုး မှ တတိယဆုများ အသီးသီး ရရှိကြပသည်။
ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိကြသူများကို
ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး မှလည်းကောင်း၊
ကာယအလှမယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ရဲချုပ်၏ ဇနီးဒေါ်ခင်မေလတ်မှ
လည်းကောင်းအသီးသီး ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
| |
|
၂ဝ၁၂ခုနှစ်၊
3rd Japan Cup တံခွန်စိုက် ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
|
|
 |
|
 |
|
 |
|
 |
|
 |
|
၂ဝ၁၂ခုနှစ်၊3rd Japan Cup တံခွန်စိုက်ကရာတေးဒိုပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနား တွင်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီး
H.E. MR. TAKASHISAITO
မှအဖွင့်အမှာစကားပြောကြားစဉ် |
ရန်ကုန်၊ ဇန်နဝါရီ(၁၉)ရက်။
မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံရုံးတို့ ပူးပေါင်းစီစဉ်၍ ဂျပန်ကုန်သည်ကြီးများအ သင်း (ရန်ကုန်)
(JCCY) ၏ပံ့ပိုးမှုဖြင့်၂ဝ၁၂ခုနှစ်၊ 3rd Japan Cup တံခွန်စိုက်
ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၉)ရက်
နံနက်(၉)နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း ၊
မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး
H.E Mr.TAKASISAITO၊ မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ဥက္ကဌဒေါက်တာ
ဦးဝင်းဇော် ၊မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် နာယကနှင့်
အမှုဆောင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယကနှင့်
အထွေထွေအတွင်း ရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့်အမှုဆောင်များ၊ အားကစားနှင့်
ကာယပညာဦး စီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊
ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေး သော JCCYမှ အမှုဆောင် MR.
Shigeo Hana ၊ ကျောင်းသား ကျောင်းသူများ၊ အားကစား
ဝါသနာရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ပြိုင်ပွဲကွင်းအတွင်း နေရာယူ၍
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသံအမတ်ကြီး H.E. MR. TAKASHISAITO
က အဖွင့်အမှာစကားပြောကြားကာပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး
မြန်မာနိုင်ငံကရာတေး ဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဦးဝင်းဇော်မှ
ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းအားကစားသမားများက အာကစားသစ္စာအဓိ ဌာန်(၄)ချက်
ရွတ်ဆိုပြီးမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E.
MR.TAKASHISAITOနှင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌဒေါက်တာ
ဦးဝင်းဇော်တို့က ပြိုင်ပွဲဝင်အသင်းအသီးသီးအား
လိုက်လံနှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဦးဝင်းဇော်မှ
မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှသံအမတ်ကြီး H.E. MR. TAKASHISAITO
နှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသော JCCY မှအမှုဆောင်
MR. Shigeo Hana တို့အား
ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင်
စည်းကားသိုက်မြိုက်စေရေးအတွက် အခမ်းအနားသို့ တက်ရောက်လာကြသော
အ.လ.က(၂)ဒဂုံမြို့နယ် ၊ အ.ထ.က(၄) မင်္ဂလာတောင်ညွှန်နှင့် အ.ထ.က(၃)
မင်္ဂလာတောင်ညွန့်တို့မှ တာဝန်ခံဆရာ /ဆရာမကြီးများအား
ကျောင်းရန်ပုံငွေအတွက် အလှူငွေပေးအပ် လှူဒါန်းခဲ့ သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ ပြိုင်ပွဲကွင်းအတွင်းမှ ပြန်လည်
ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်မှ လက်ရွေးစင်အားကစားသ
မားများက ကရာတေးဒိုနည်းစနစ် သရုပ်ပြသ၍ မြန်မာ- ဂျပန် နှစ်နိုင်ငံချစ်
ကြည်ရေးကို ရှေးရှု၍ မြန်မာနိုင်ငံတွင် Karatedo Technical
Seminor Course ကိုလာရောက်ပြသသည့်
Mr. Fujikiyo Omura (7th Dan . JKAW/F Asia Oceania Director)နှင့်
အဖွဲ့မှသရုပ်ပြသ၍ ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို စတင်ကျင်းပခဲ့သည်။
ပြိုင်ပွဲအားမည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆုပေးပွဲကို
ဇန်နဝါရီ (၂ဝ)ရက်နေ့၊ နေ့လည်(၁၄း ဝဝ)နာရီတွင်
ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
| | |
|
ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား
အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၉)ရက်။ ပဲခူးတိုင်းဒေသကြီး
ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးဖလား
အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက်တံခါးမြို့နယ်
အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများဆက် လက်ကျင်းပလျက်ရှိရာ
ဇန်နဝါရီ(၁၈)ရက်နေ့တွင် ရင်းတိုက်ကုန်းအသင်းနှင့်
ကျောင်းစိုးအသင်းတို့ယှဉ်ပြိုင် ကစားကြရာ ကျောင်းစိုးအသင်းက ရင်းတိုက်
ကုန်းအသင်း ကို (၄)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၁၉)ရက်နေ့တွင် ဖဒိုအသင်းနှင့်ဈေးလူငယ်အသင်းတို့ ဆက်လက်
ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ |
| |
|
၂ဝ၁၂ခုနှစ်၊ နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်
အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပ
|
ရန်ကုန်၊ ဇန်နဝါရီ(၁၉)ရက်။ ၂ဝ၁၂ခုနှစ်၊
နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး
ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီလ(၁ဝ) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကယားပြည်နယ်နေ့ ကျင်းပပြုလုပ်ခဲ့ရာအား ကစားကွင်းတွင် ကျင်းပပြုလုပ်ရာ
အမျိုးသမီးအသင်း(၉)သင်းနှင့် အမျိုးသား အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲ အမျိုးသား/အမျိုးသမီးနောက်ဆုံး ဗိုလ်လုပွဲကို
ဇန်နဝါရီလ(၁၅) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ
အမျိုးသမီးပြိုင်ပွဲတွင် ကယားစာပေအသင်းနှင့် ပန်ကန်းကျေးရွာအသင်းတို့
ယှဉ်ပြိုင်ကစားကြရာ ပန်ကန်းကျေးရွာအသင်းမှ
(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် KNDPအသင်းနှင့် နာနောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
KNDP အသင်းမှ (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဆုရရှိသောအသင်း များအားပြည်နယ် ဘော်လီဘောဆပ်ကော်မတီဥက္ကဌ
၊ ပြည်နယ်ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဖြူနှင့်
ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင် တို့မှလည်းကောင်း၊ ပထမဆုရရှိကြသောအသင်းများအား
ပြည်နယ်အစိုးရအ ဖွဲ့၊လူမှုရေးဝန်ကြီးဦးကိုးရယ်မှလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။ |
| |
|
၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုး သားဘော်လီဘောပြိုင်ပွဲ ဒုတိယအဆင့် ရှုံး/ထွက်ပြိုင်ပွဲများ ဆက်လက် ကျင်းပ |
|
နေပြည်တော် ဇန်န၀ါရီ(၁၉)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဒုတိယအဆင့် ရှုံး/ထွက်ပြိုင်ပွဲများ ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် နေပြည်တော် ဘော်လီဘောကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။
ယနေ့ပွဲစဉ်များအဖြစ် မနက်ပိုင်းတွင် ကာကွယ်ရေး ၀န်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီး ဌာနအသင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနအသင်းက မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ သွားကြပြီး ဇန်န ၀ါရီလ(၂၀)ရက်နေ့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအသင်းနှင့် ပြန်ကြား ရေးဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားဝန် ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန် ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား ကြ မည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
| |