|
နေပြည်တော် ဒီဇင်ဘာ(၁၉)။ ၂၀၁၂ ခုနှစ် (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲနှင့် အမျိုးသား ဘတ်စ ကက်ဘောပြိုင်ပွဲ ကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ (၁)နာရီက နေပြည်တော်အားကစားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်း ပရာ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ သဘာပတိအားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်ကြူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဆပ်ကော်မတီအဖွဲ့ဝင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် ဌာနခွဲ တာဝန်ခံများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း၊ ရိုးရာအားကစား၊ ဘောလုံး၊ ဘောလီဘောနှင့် ဘတ်စကက် ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ဝန်ကြီးဌာနအသီးသီးမှ အား ကစားတာဝန်ခံ အရာရှိများ တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံး ကျင်းပရသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲဖြစ်သဖြင့် ဦးတည်ချက်များနှင့်အညီ အားက စားပြိုင်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ လူ ငယ်လူရွယ်များ စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲပြီး အားကစားကို အမျိုးသားရေး တစ်ရပ်အသွင်ဖြင့် ခုံမင်လာစိတ်ရှိရေးအတွက် ဝန်ကြီးဌာန အသီးသီးနှင့် အား ကစားအဖွဲ့ချုပ်အသီးသီးတို့က ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရေး ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ယမန်နှစ် ပြိုင်ပွဲ အတွေ့ အကြုံများ နှင့် အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးတင်ပြသည်။
ထို့နောက် ဌာနခွဲတာဝန်ခံများ၊ အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ နှင့် ဝန်ကြီးဌာနအသီးသီးမှ အားကစားတာဝန်ခံ အရာရှိများက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများမှ အထွေထွေ ကိစ္စရပ် များအား ဆွေးနွေးကြပြီး သဘာပတိဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|