|
ထိုင်းနိုင်ငံတွင် ကျင်းပမည့် Super Series
ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ထိုင်းဘုရင်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အသင်းဝင်ရောက်ယှဉ်ပြိုင်မည်
|
|
ရန်ကုန်၊ စက်တင်ဘာလ(၁)ရက် ။ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ (၈)ရက် နေ့မှ (၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့်
Super Series ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၇)ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ထိုင်းဘုရင်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ လက်ရွေးစင် ကစားသမားများ ဖြစ်ကြသော အမျိုးသားအသင်းမှ ဇော်ဇော်အောင်(၁)၊ ဇော်ဇော်အောင်(၂) ၊ ကျော်စိုးဝင်း ၊ ဇင်မောင်၊ ရာဇာထွန်း၊ အောင်ဇော်၊ ကျော်ဇေယျ၊ ဇော်ထိုက်အောင်၊ ပိုင်မိုးဦး၊ အမျိုးသမီးအသင်းမှ ခင်နုနုဖြိုး၊ မာမာဝင်း၊ နွယ်နွယ်ထွေး၊ မေဇင်ဖြိုးနှင့် အိသဉ္ဇာတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဥာဏ်ထွန်း၊ အုပ်ချုပ်သူများအဖြစ် ဦးကျော်ဇောနှင့်ဦးသန်းလွင်၊ နည်းပြများ အဖြစ် ဦးတင်ဝင်းနှင့်ဦးသန်းဇော်ဦး၊ဒိုင်များအဖြစ်
ဒေါ်မော်မော်သင်းအောင်နှင့် ဒေါ်မိမိခိုင်တို့ လိုက်ပါသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ကမ္ဘာ့ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲသို့ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် |
|
ရန်ကုန်၊ စက်တင်ဘာ(၁)ရက် ။အဇာဘိုင်ဂျမ်နိုင်ငံ၊ ဘာကူးမြို့၌ စက်တင် ဘာလ(၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ ပြုလုပ်မည့် လက်ဝှေ့ အားကစားနည်း စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်နှင့် စက်တင်ဘာလ(၂၂)ရက်နေ့ မှ အောက် တိုဘာလ(၁ဝ)ရက်နေ့ အထိကျင်းပပြုလုပ်မည့်ကမ္ဘာ့ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ သို့မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှလက်ရွေးစင် အားကစား သမားများဖြစ်ကြ သော ကျော်ကျော်လတ်နှင့် မောင်ငယ်တို့(၂)ဦး သွားရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
back |