|
မြန်မာ့ဘောလုံးအားကစားစွမ်းရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ |
|
 |
|
 |
|
 |
|
နေပြည်တော်စက်တင်ဘာ(၁၉) ။ မြန်မာ့ဘောလုံးအားကစားစွမ်းရည် မြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်(၈နာရီခွဲ)တွင် နေပြည်တော်၊ အားကစားဝန်ကြီးဌာနရှိ စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ၀န်ကြီးဌာန များမှ တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဘောလုံးကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူ များ၊အားကစားကလောင်ရှင်များ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်းမှ အမျိုးသားအားကစားဖြစ်သည့် ဘောလုံးအားကစား တိုးတက်အောင်မြင်လာစေရေးအတွက် ဘောလုံးကလပ်အသင်းများကို ဖွဲ့စည်း ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးကလပ်အသင်းများ အနေဖြင့် ငွေကြေးစိုက် ထုတ် ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ယခင်က မြန်မာ့ ဘောလုံးအဆင့်အတန်းသည်အာရှအဆင့်အထိအောင်မြင်မှုရရှိခဲ့သည့်နည်းတူ ယခုအခါတွင်လည်း ဘောလုံးအားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲမှ မြန်မာ့ဘောလုံးအားကစားစွမ်းရည် မြှင့်တင်ရေး အလုပ်ဆွေးနွေးပွဲပြုလုပ်ရန် လမ်းညွှန်ထားကြောင်း၊ အစည်းအဝေးသို့ တက် ရောက်လာသော ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံး ကလပ်အသင်းများ၊ အားကစားကလောင်ရှင်များအနေဖြင့် မြန်မာ့ဘောလုံး အားကစားစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အကြံဥာဏ် များ၊အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ရေးသားပြုစုပေးကြရန် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မပါဝင်သော ဘောလုံးအားကစားဝါသနာရှင်များအ နေဖြင့်လည်း ဝေဖန်အကြံပြုချက်များကို ပေးပို့လိုပါက ပေးပို့နိုင်ကြောင်း၊ ယခု အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်ဆွေးနွေးပေးကြရန် အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ၊ ညွှန်ကြားရေး မှူးချုပ် ဦးသောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့် အစည်းအဝေး တက်ရောက်လာသူများက ၀ိုင်းဝန်းဆွေးနွေး တင်ပြကြပြီး
ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မြန်မာ့ဘောလုံးအားကစားစွမ်းရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ အောက်တိုဘာဒုတိယအပတ်အတွင်း ကျင်းပသွားမည် ဖြစ်ရာ အကြံပြုစာတမ်းများ ရေးသားတင်ပြလိုသူ၊ အကြံပြုစာများ ပေးပို့လို သူများအနေဖြင့်ရုံးအဖွဲ့မှူး၊အားကစားဝန်ကြီးဌာန၊ရုံးအမှတ်(၃၁)၊နေပြည်တော် ၊ဖုန်းနံပါတ်-၀၆၇-၄၀၆၀၃၈ နှင့် သတင်းနှင့်ပြန်ကြားရေးဌာန ဒါရိုက်တာ ဦးစိုးမိုးကျော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ ဝေဇယန္တာလမ်း၊ ရန်ကုန်မြို့သို့ စက်တင်ဘာ(၃၀)ရက်နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်း ရရှိသည်။
|
|
|
|
မြန်မာ့ဘောလုံးအားကစားစွမ်းရည် မြှင့်တင်ရေးအတွက် အကြံပြုစာတမ်းများ ရေးသားပြုစု၍ ဆက်သွယ်ပေးပို့နိုင် |
မြန်မာ့ဘောလုံး အားကစားစွမ်းရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာခန်းမတွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ကျင်းပပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အမျိုးသားအားကစားဖြစ်သည့် မြန်မာ့ဘောလုံး အားကစားစွမ်းရည် မြှင့်တင် ရေးအတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ ဘောလုံးအားကစားအား ချစ်မြတ်နိုးကြသည့် ဘောလုံးအားကစားဝါသနာရှင်များ၊ အစိုးရဌာနအဖွဲ့အ စည်းများ၊ အားကစားကလောင်ရှင်များအနေဖြင့် ဆောင်ရွက်သင့်သည့် နည်း လမ်းများ၊အကြံဥာဏ်များအား ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသား စာတမ်းပြုစု၍ (၃၀.၉.၂၀၁၁)ရက်နေ့အရောက် အောက်ပါလိပ်စာများအတိုင်း ဆက်သွယ် ပေးပို့ နိုင်ပါသည် -
ဆက်သွယ်ရန်လိပ်စာ ဦးထွန်းမြင့်ဦး ဒုတိယညွှန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး) အားကစားဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ်(၃၁) ဖုန်း-၀၆၇-၄၀၆၀၃၈
၀၉-၈၃၀၄၄၉၈
|
ဆက်သွယ်ရန်လိပ်စာ ဦးစိုးမိုးကျော်
သတင်းနှင့် ပြန်ကြားရေးဌာန မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဝေဇယန္တာလမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၅၇၇၃၆၆ ၀၉-၅၀၉၆၆၂
|
|
|
|
|
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း ဆုတံဆိပ်များဆွတ်ခူးရရှိ |
|
ရန်ကုန်၊ စက်တင်ဘာ(၁၉) ။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်မှ (၁၁)ရက်အထိ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ ကျင်းပပြုလုပ်သည့် ပထမ အကြိမ် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စက်တင်ဘာလ(၁၂)ရက်မှ (၁၇)ရက် အထိ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော် ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခု ရရှိခဲ့သော မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် ယမန်နေ့ ညနေ(၄)နာရီက လေ ကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ ၌ ငွေတံဆိပ်(၁)ခု၊ အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲ၌ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ခုနှင့် အမျိုးသမီး
Hoop (ဂွင်းသွင်း) ခြင်းခတ်ပြိုင်ပွဲ တွင် ငွေတံဆိပ်(၁)ခု စုစုပေါင်း ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခု အသီးသီး ဆွတ်ခူး ရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
(၁၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
|
|
 |
|
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မြင့်သိန်း အမျိုးသားအသင်းလိုက် တံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီး အသင်းအား ပေးအပ်ချိးမြှင်စဉ် |
|
 |
|
 |
|
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အမျိုးသားအသင်းလိုက် ဗိုလ်လု ပြိုင်ပွဲအား ကြည့်ရှုအားပေးစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၁၉) ၊ ၂ဝ၁၁ ခုနှစ်၊ (၁၇)ကြိမ်မြောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ခြင်းအားကစားရုံ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်သိန်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဥာဏ်ထွန်းနှင့်အမှုဆောင်များ တက်ရောက်ကြသည်။
ဗိုလ်လု ပွဲများအဖြစ် အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ ဗိုလ်လုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြိးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး နှစ် ယောက်တွဲ ပထမဆုရ မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရ မန္တလေးတိုင်းဒေသ ကြီးအသင်းနှင့်တတိယဆုရမကွေးတိုင်းဒေသကြီးအသင်းတို့အားလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ ပထမဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယ ဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရ မကွေးတိုင်းဒေသကြီး အသင်းတို့အားလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ
ပထမဆုရ ရန်ကုန် တိုင်းဒေသကြီးအသင်း၊ဒုတိယဆုရဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယ ဆုရ တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ အမျိုးသားသုံး ယောက်တွဲ ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ငွေသားဆုများနှင့် ဆုတံဆိပ်များကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးဥာဏ်ထွန်းနှင့်အမှုဆောင်များက ဆုများအသီးသီး ပေးအပ် ချီးမြှင့် ကြသည်။
ဆက်လက်၍ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းမြင့် က အမျိုးသားအသင်းလိုက်ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ဆုရ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရ တနင်္သာရီတိုင်းဒေသ ကြီးအသင်းတို့အား ငွေသားဆုနှင့်ဆုတံဆိပ်များပေးအပ် ချီးမြှင့်သည်။ ထို့ နောက် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်သိန်းက အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ်အသင်းအား လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မန္တလေးတိုင်းဒေသကြီး အသင်းအား လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားအဖွဲ့ လိုက်ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတို့တွင် တံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်းဒေသ ကြီးအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီးများနှင့် ဆင့်ပွားဒိုင်းဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|