|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေပြိုင်ပွဲ တွင် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ဆုနှင့် ဝူရှူးပြိုင်ပွဲမှ ငွေတံဆိပ်(၁)ခု၊ကြေး(၁)ခု ထပ်မံ ဆွတ်ခူးရရှိ
|
|
 |
|
ဂျူဒိုအားကစား အမျိုးသမီး(-78)Kgတန်းပြိုင်ပွဲတွင် ပထမရွှေတံဆိပ် ဆွတ်ခူးသွား သော အေးအေးအောင်
|
|
 |
|
အမျိုးသမီးဝူရှူး Jian Shu + Qiang Shu ပြိုင်ပွဲတွင် ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး သွားသော စန္ဒီဦး
|
|
 |
|
အမျိုးသားဝူရှူး Nandao + Nan Gun ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု ဆွတ်ခူး သွားသောဝေဖြိုးအောင်
|
|
 |
|
ဂျူဒိုအားကစား အမျိုးသား (-90)Kg တန်းပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူး သွားသော ဇင်လင်းအောင်
|
|
 |
|
ဂျူဒိုအားကစား အမျိုးသမီး (-70)Kg တန်းပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူး သွားသော သန္တာဝင်း
|
|
 |
|
 |
|
 |
|
 |
|
 |
|
ရန်ကုန်၊ နိုဝင်ဘာ(၂ဝ)ရက်။ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ပါလမ်ဘန်မြို့တို့တွင် (၉)ရက် မြောက်နေ့ ဆက်လက်ကျင်းပလျှက်ရှိရာ ရိုးရာလှေလှော်အားကစား ပြိုင်ပွဲများ ဖြစ်သည့် မီတာ(၅ဝဝ) အမျိုးသမီးရိုးရာလှေ (၁ဝ)တက်လှော်ပြိုင်ပွဲ (၂ မိနစ် ၂၆.၈၆စက္ကန့်)တွင် မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံ က ဒုတိယဆုနှင့် အင်ဒိုနီးရှားနိုင်ငံက တတိယဆုကိုလည်းကောင်း၊ မီတာ (၅ဝဝ) အမျိုးသားရိုးရာလှေ (၁ဝ)တက်လှော်ပြိုင်ပွဲ (၂ မိနစ် ၁၄.၁၈ စက္ကန့်) တွင် မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံက ဒုတိယ နှင့် အင်ဒိုနီးရှားနိုင်ငံက တတိယဆု ကိုလည်းကောင်း၊ မီတာ(၅ဝဝ) အမျိုးသမီး ရိုးရာလှေ တက်(၂ဝ)လှော်ပြိုင်ပွဲ (၂ မိနစ် ၆.၄၅ စက္ကန့်)တွင် မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယဆုကိုလည်းကောင်း၊ ဂျူဒိုအားကစား အမျိုးသမီး (-78)Kg တန်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ အေးအေးအောင်က ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး ဗီယက်နမ်နိုင်ငံမှ ဒုတိယဆု၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲတတိယ ဆုကိုလည်းကောင်း၊ မီတာ(၅ဝဝ) အမျိုးသား ရိုးရာလှေ တက်(၂ဝ)လှော်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ဒုတိယငွေတံဆိပ်ဆုကို (၁ မိနစ် ၅၄.၁၂စက္ကန့်)ဖြင့် ဆွတ် ခူးရရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံက (၁ မိနစ် ၅၃.၉၅စက္ကန့်)ဖြင့် ပထမဆုရရှိသွားသည်။ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ၏စံချိန်မှာ (ဝ.၁၇စက္ကန့်)သာကွာခြားပြီး ပန်းဝင် ဓါတ်ပုံအဆုံးအဖြတ်ဖြင့် ရွှေတံဆိပ်(၁)ခု လက်လွတ် ခဲ့ရခြင်းဖြစ်သည်။ အဆို ပါပြိုင်ပွဲတွင် တတိယဆုကို ထိုင်းနိုင်ငံက ရရှိသွားသည်။ အမျိုးသမီးဝူရှူး
Jian shu + Qiang Shu ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စန္ဒီဦးမှ ဒုတိယငွေတံဆိပ် ဆွတ် ခူးရရှိပြီး ၊ အင်ဒိုနီးရှားနိုင်ငံမှ ပထမဆုနှင့် ဗီယက်နမ်နိုင်ငံမှ တတိယဆုကို လည်းကောင်း၊ အမျိုးသားဝူရှူး
Nandao + Nan Gun
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝေဖြိုးအောင်မှ တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိပြီး ပထမဆုနှင့် ဒုတိယ ဆုကို မလေးရှားနိုင်ငံတို့မှလည်းကောင်း၊ ဂျူဒိုအားကစား အမျိုးသား (-90)Kg တန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇင်လင်းအောင်က ဒုတိယငွေတံဆိပ်ဆု ဆွတ် ခူးရရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံမှ ပထမဆု၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပူးတွဲ တတိယဆုကိုလည်းကောင်း၊ ဂျူဒိုအားကစား အမျိုးသမီး (-70)Kg တန်း ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ သန္တာဝင်းက ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံ မှ ပထမဆု၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပူးတွဲတတိယဆုကို အသီး သီးဆွတ်ခူးရရှိခဲ့ကြသည်။
နိုဝင်ဘာ(၂ဝ)ရက် ယနေ့ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ မှ ရွှေတံဆိပ်(၄)ဆု၊ ငွေတံဆိပ် (၄)ဆု၊ ကြေးတံဆိပ်(၁)ဆုဆွတ်ခူးရရှိပြီး၊ နိုဝင် ဘာ(၁၁)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ မြန်မာနိုင်ငံသည် တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီယားနှင့် လာအိုတို့အထက်တွင် နိုင်ငံအလိုက် အဆင့်(၇)ဖြင့် ရပ်တည် လျှက်ရှိကာ ရွှေတံဆိပ်(၁၂)ဆု၊ ငွေတံဆိပ် (၂၂)ဆုနှင့် ကြေးတံဆိပ်(၂၆)ဆု စုစုပေါင်း(၆ဝ)ဆု ဆွတ်ခူးရရှိ ထားကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၁၉)ရက်နေ့တွင် မိုင်းဆတ်ခရိုင်အသင်းနှင့် မိုင်းဖြတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိုင်း ဆတ်ခရိုင်အသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လားရှိုးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လားရှိုးခရိုင်အသင်းက (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ သွားသည်။
နိုဝင်ဘာ(၂ဝ)ရက်နေ့ တွင် တာချီလိတ်ခရိုင်အသင်းနှင့် ပအို့ဝ်ဒေသအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂ဝ)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၈)ရက်၊ ညနေ(၃)နာရီ တွင် ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဦးစန်းမောင်၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီး အကဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဦးစန်းမောင်မှ အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲ အား ဖွင့်လှစ်ပေးခဲ့သည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်း အတွင်းနေရာယူကြပြီးနောက် အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြ ပြီး နောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါပြိုင်ပွဲသို့ အသင်းပေါင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများကို နိုဝင်ဘာ(၂၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်အဖြစ် ဖျာပုံခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖျာပုံ ခရိုင်အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသတင်းရရှိသည်။
|
|
|