|
ရန်ကုန်၊ ဇန်နဝါရီ(၂ဝ)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၁၉) ရက်နေ့တွင် ဖဒိုအသင်းနှင့် ဈေးလူငယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ဖဒိုအသင်းက ဈေးလူငယ်အသင်းကို ( ၂ )ဂိုး ၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၂ဝ)ရက်နေ့တွင် မြို့မအသင်းနှင့် သမင်အင်းကုန်း အသင်းတို့ ဆက် လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|