|
နေပြည်တော်၊ ဒီဇင်ဘာ(၂၀)။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အ တွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး သောင်းထိုက်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပျဉ်း မနားမြို့ရှိ ပေါင်းလောင်းအားကစားခန်းမ၌ (၂၇)ကြိမ်မြောက် အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လက်ဝှေ့၊ ပိုက်ကျော် ခြင်း နှင့် အလေးမအားကစားသမား များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ် ဆေးကာ ပြိုင်ပွဲမကျင်းပမီလေ့ကျင့်နေသည့် ကာလအတွင်း မိမိဘ၀နောင်ရေး နှင့် နိုင်ငံတော်ဂုဏ်သိက္ခာမြင့်မားစေရေးအတွက် စိတ်ရှည်သီးခံကာ သတ်မှတ် ထားသည့် လေ့ကျင့်ရေး Program အတိုင်း နည်းစနစ်မှန်မှန်၊ ပြင်းပြင်း ထန် ထန်၊ ထိထိရောက်ရောက် လေ့ကျင့်သွားကြရန်နှင့် သွားလာနေထိုင် စား သောက်မှုများ ကအစ စည်းကမ်းတကျ ရှိစေရန် မှာကြား သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် အမှတ်(၁)နေပြည်တော်အားကစား ကွင်း၌ လေ့ကျင့်လျက်ရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် (မန္တလေး)တို့မှ အမျိုးသမီးဘောလုံး အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ နေထိုင်စားသောက်ရေးနှင့် အလုပ် အကိုင်ရရှိ ရေး တို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော်စည်ပင်သာယာရေး ကော် မတီ ဘိလိယက်နှင့် စနူကာခန်းမသို့ ရောက်ရှိပြီး ပဏာမမြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာ(ရွှေကြာပင်)သို့ ရောက်ရှိပြီး ဖွင့်လှစ်ထားရှိသော (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး အထောက် အကူ ပြုကော်မတီအုပ်ချုပ်မှုရုံးခန်း၊ အားကစားသမားများစားရိပ်သာနှင့် အား ကစားသမားများ၏ အဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ် သည်
များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
|