|
နေပြည်တော်၊
စက်တင်ဘာ(၂၀)
။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံတော်
အမျိုးသား အားကစားကော်မတီဝင်များနှင့်
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန် ရှိသူများအား ယနေ့နံနက်၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်
ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဋ္ဌ
အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၊
ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံအမျိုးသား
အားကစားကော်မတီဝင်များ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ ချုပ်များမှဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများ၊
ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ရှေးဦးစွာ
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းအား အခမ်းအနားသို့
တက် ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ
ဥက္ကဋ္ဌများနှင့် တာ ဝန်ရှိသူများက အသီးသီး မိတ်ဆက်ကြသည်။
ယင်းနောက်
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက လမ်းညွှန်အမှာစကား
ပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ
အမျိုးသားအားကစားကော်မတီနှင့် အဖွဲ့ချုပ်များမှ
တာဝန်ရှိသူများအား မိတ်ဆက်တွေ့ဆုံနိုင်ရန် နှင့်တာဝန်ယူ
ဆောင်ရွက်နေကြသော အားကစားကဏ္ဍများအလိုက်တွေ့ကြုံရသည့်
အခက် အခဲများကို ကျော်လွှားနိုင်ပြီး ရှေ့လုပ်ငန်းစဉ်များတွင်
အောင်မြင်မှုများ ရရှိ နိုင်အောင် မည်သို့ဆောင်ရွက်သွား ကြမည်
ဆိုသည်ကို ဆွေးနွေးညှိနှိုင်းရန် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အားကစားကဏ္ဍကို ဦးဆောင်ဦးရွက်ပြုခဲ့သည့်
အဖွဲ့အစည်း များ၏ သမိုင်းကိုပြန်ကြည့်လျှင် ပထမဦးဆုံး
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၃၆ ခုနှစ်က (Burma Athletic
Association) စတင်ဖွဲ့စည်းပြီး ဂျာမနီနိုင်ငံ
ဘာလင်အိုလံပစ်ပြိုင်ပွဲတွင်ကိုလိုနီမြန်မာနိုင်ငံကိုယ်စားပြုအလေးမဦးဇော်ဝိတ် က အရင်ဦးဆုံး သွားရောက်ယှဉ်ပြိုင်ခဲ့သည်ကို
တွေ့ရကြောင်း။၁၉၄၈ ခုနှစ် တွင်(Burma Olympic Association)
အဖြစ်ဖြင့် လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင်
ပါဝင်ဆင်နွှဲခဲ့ကြောင်း။
၁၉၅၀ ခုနှစ်တွင် “အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ” ခေါ်သည့် (National Fitness Council) ဖြစ်လာပြီး ကျန်းမာရေးဝန်ကြီးက
ဥက္ကဋ္ဌ အဖြစ် ပါဝင်သည့် အဖွဲ့ဖြစ်ကြောင်း၊ ယင်း National Fitness
Council က ၁၉၅၇ ခုနှစ် အရှေ့တောင်အာရှ လက်ဝှေ့ပြိုင်ပွဲနှင့်
၁၉၆၁ခုနှစ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့ကို
အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ကြောင်း။
၁၉၆၄
ခုနှစ်တွင် “မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီ”
ဖွဲ့စည်း ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်တွင်
ဆက်လက်ထားရှိခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ်တွင်
အားကစားနှင့်ကာယပညာဦးစီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းပြီး
ဝန်ကြီးချုပ်ရုံးအောက်တွင်ထားရှိခဲ့ကြောင်း၊ ၁၉၉၆ခုနှစ်ရောက်မှသာ အားက စားဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခု ၂၀၁၁ခုနှစ်တွင် ယခင် ခေါ်ဝေါ်သုံးစွဲခဲ့သော
“မြန်မာနိုင်ငံအိုလံပစ်ကာင်စီ” ကို “မြန်မာနိုင်ငံအမျိုးသား
အားကစားကော်မတီ”ဟု ပြောင်းလဲခေါ်ဝေါ်ပြီး အားကစားဝန်ကြီးဌာနမှ
အား ကစားဆိုင်ရာများအားလုံးကို ကြီးကြပ်ကွပ်ကဲသွားနိုင်အောင်
ပြင်ဆင်ဖွဲ့စည်း ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊
ယင်းကော်မတီကို အားကစားဝန်ကြီး ဌာန ဝန်ကြီးအပါအဝင်
ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊ ဒုတိယဝန်ကြီး ငါးဦး၊ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများပါ အဖွဲ့ဝင်ပေါင်း ၅၄ ဦးဖြင့်
စုပေါင်းဖွဲ့စည်း တာဝန်ပေးထားခြင်း ဖြစ်ကြောင်း။။
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်အောင်
လိုအပ်သည့် စားစ ရိတ်၊ ဝတ်စုံစရိတ်၊ လေ့ကျင့်စရိတ်၊
နည်းပြငှားရမ်း စရိတ်၊ အထောက်အကူ ပစ္စည်းဝယ်ယူစရိတ်၊
ပြည်တွင်းပြည်ပဖိတ်ခေါ်ပြိုင်ပွဲများအတွက်
ကုန်ကျစရိတ် အဝဝတို့ကို နိုင်ငံတော်၏ ပူးပေါင်းပါဝင်မှုနှင့်အတူ
အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက
ငွေကြေးမြောက်မြားစွာ အကုန်အကျခံ စိုက်ထုတ် ဆောင်ရွက်ကြောင်းသိရသည့်အတွက် ပါဝင်သောပုဂ္ဂိုလ်များအားလုံးကို နိုင်ငံ တော်က
အထူးကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ပြောကြား
လို ကြောင်း။
ယင်းသို့
ငွေကြေးအမြောက်အမြား အကုန်အကျခံစိုက်ထုတ်ပေးရသည့် ပုဂ္ဂိုလ် များနှင့်အဖွဲ့များကို အားကစားနှင့်စပ်လျဉ်းပြီး တရားသဖြင့်ရရှိသော
ဝင်ငွေ များ၊ အလှူငွေများအပေါ် လိုအပ်လျှင်
ဝင်ငွေခွန်စည်းကြပ်ခြင်းမှ သက်သာခွင့်၊ ကင်းလွတ်ခွင့်
ရရှိနိုင်စေရေး သက်ဆိုင်ရာဌာနများနှင့်
ညှိနှိုင်းဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအပါအဝင် ယနေ့နိုင်ငံတကာတွင် ယှဉ်ပြိုင်နေကြသော
အားက စား ယှဉ်ပြိုင်အနိုင်အရှုံးပေးမှုစနစ်ကို ပြန်ကြည့်လျှင်
အားကစားနည်း တော် တော် များများသည်-
(က)
အနိုင်အရှုံးဖြင့် ယှဉ်ပြိုင်ဆုံးဖြတ်သည့်စနစ်
(ခ)
အမှတ်ပေးပြီး အနိုင်အရှုံးဆုံးဖြတ်သည့်စနစ်တို့ဖြင့်
သွားနေခြင်းဖြစ်ပြီး ကိုယ် ကောင်းလျှင် နိုင်မည်၊
ကိုယ်ညံ့လျှင်ရှုံးမည်ဖြစ်သကဲ့သို့ မနိုင်မရှုံးသော
သရေပွဲများလည်း ရှိတတ်ကြောင်း။
အမှတ်ပေးစနစ်တွင် အမှတ်ပေးသည့် ဒိုင်ကို မိမိအား
အမှတ်များများပိုပေးစေ ခြင်းဖြင့် အနိုင်ရသွားနိုင်သော်လည်း
တစ်ပွဲတိုး ကိစ္စမျိုးသာဖြစ်သည့်အတွက် ရေရှည်တွင် မိမိတို့၏
အားကစားကဏ္ဍကို အဆင့်မြင့်စေချင်လျှင် (Fair Play) ခေါ်
သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ယူခြင်းမှာ
အကောင်းဆုံးဖြစ်ကြောင်း။
အားကစားသမားများ ယှဉ်ပြိုင်ကြသည့်နေရာတွင် ပထမရည်မှန်းချက်မှာ
အောင်နိုင်ရေးဖြစ်ကြောင်း၊ ဒုတိယမှာ မိမိတို့၏အနိုင်သည်
ရှိပြီးသား ဒေသ စံချိန်၊ ကမ္ဘာ့စံချိန်ထက် နိမ့်သည်၊
မြင့်သည်သိရရန်လိုကြောင်း၊ သို့မှသာ မိမိ တို့၏
စွမ်းဆောင်မှုအဆင့်သည် ဘယ်အဆင့်ရှိသည်၊ တက်နေသည်၊ ကျနေ သည်တို့သိရမည်ဖြစ်ပြီး မည်ကဲ့သို့ ကြိုးစားရမည်ဆိုသည်ကို
သိကြမည်ဖြစ် ကြောင်း၊ နိုင်ငံတကာအားကစားစံချိန်များမှာ
တစ်နှစ်ပြီးတစ်နှစ် ဆက်ချိုးနေ မည်၊ ဆက်တိုးနေမည်ဖြစ်ပြီး
အားကစားလောကကြီး၏ တိုးတက်ဖွံ့ဖြိုးမှု သည် လည်း
မရပ်မနားဆက်သွားနေမည်သာ ဖြစ်ကြောင်း။
အားကစားတွင် မိမိတို့စဉ်ဆက်မပြတ် တိုးတက်နေမှသာ
ကမ္ဘာ့အား ကစားကို အမီလိုက်နိုင်မည်ဖြစ်ကြောင်း၊
တစ်ဦးချင်းကောင်းသည့် စွမ်း ဆောင်မှုဖြင့် နိုင်သည့်
အားကစားများရှိသကဲ့သို့ (Team work) ခေါ် အဖွဲ့လိုက်ကောင်းပါမှနိုင်သည့်အားကစားမျိုး(ဥပမာ) ဘောလုံးအားက စားလိုမျိုးမှာ
တစ်ဦးချင်းကောင်းရမည့်အပြင် အဖွဲ့လိုက်လည်းကောင်း ပြီး
အချိတ်အဆက်မိမိဖြင့် ကစားနိုင်ပါမှ နိုင်နိုင်မည်ဆိုသည်ကို
အား လုံး အသိဖြစ်ကြောင်း။
အားကစားအောင်မြင်မှုကို ရယူလိုလျှင် အားကစားအဝိုင်းအဝန်းထဲကို
ရောက် လာကြသည့်သူများအားလုံးတွင် တာဝန်ကိုယ်စီရှိကြသည်ကိုသိရန်လိုကြောင်း၊ အားကစားသမား၊ နည်းပြ၊ စီမံခန့်ခွဲသူ၊
ဦးဆောင်ပံ့ပိုးသူ၊ အထောက်အကူ ပြုသူများအပြင် ပရိသတ်ကပါ
တာဝန်ကိုယ်စီရှိကြကြောင်း။
ထို့ပြင်
အားကစားသမားတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှု၊ ဇွဲ၊
လုံ့လဝီရိယ၊ အသက်အရွယ်၊ ပညာအရည်အချင်း၊ တွေးတောဆင်ခြင်မှု၊
ခန္ဓာကိုယ်ကြံ့ခိုင်ဖွံ့ ဖြိုးမှု၊ သက်လုံကောင်းမှု၊
ပြည်တွင်းပြည်ပပြိုင်ပွဲအတွေ့အကြုံ စသည်တို့အ ပြင်
မိမိ၏ရည်မှန်းချက်ကိုလည်း မြင့်မြင့်မားမားထားရှိနိုင်ရန်
လိုအပ်မည်ဖြစ် ကြောင်း။
Nothing
happens, unless first, a dream ဆိုသကဲ့သို့
ရည်မှန်းချက်ပန်းတိုင်မထားရှိဘဲနှင့် ဘာမှဖြစ်မလာနိုင်၊
အောင်မြင်မှုမ ရနိုင်ဟု ဆိုချင်ကြောင်း၊ ထို့ကြောင့် အားကစားသမားများ အနေဖြင့် အောင်မြင်ချင်သည့် စိတ်ဆန္ဒ၊ ပြိုင်လျှင်
နိုင်ရမည်ဆိုသည့် စိတ်ထားမျိုး ထားရှိနိုင်ရမည်ဖြစ်ကြောင်း။
တပည့်ကောင်းရန်အတွက် ဆရာဖြစ်သောနည်းပြကလည်းကောင်းပါမှ။ ထို့အတူ
နည်းပြကောင်းများ အမြောက်အမြားပေါ်ပေါက်လာစေရန် စီမံ၊ ပံ့ပိုး၊
ဦးဆောင်အထောက်အကူပြုသူများပါ ထက်မြက်မှ စုပေါင်း စီမံခန့်ခွဲမှုအားကောင်းမှသာ အောင်မြင်မည် ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံကို
အကျိုးပြုသွားရောက်ယှဉ်ပြိုင်ရခြင်းနှင့် ပြိုင်ပွဲ တိုင်း
အနိုင်ရအောင် ကြိုးစားခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်
အားကစားသမားများ၊ အားကစား အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များနှင့်
အားကစားဝန်ကြီးဌာနတို့သည် အဓိကတာဝန်ရှိနေကြောင်း။
မိမိတို့
မြန်မာနိုင်ငံအနေဖြင့် ယခင်ရာစုနှစ်များထဲက အောင်မြင်မှုရခဲ့သော
အားကစားများ အများကြီးရှိခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများသည်
နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော
အောင်မြင်မှုများဖြစ်ကြောင်း၊ တစ်ဦးချင်း ယှဉ်ပြိုင်မှုက
အောင်မြင်မှုများရှိသကဲ့သို့ လူသိများသော
တစ်နိုင်ငံလုံး စိတ် ဝင်စားသည့် အားကစားတစ်ခုဖြစ်သော
ဘောလုံးကိုပဲ ပြန်ကြည့်လျှင် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၏
အောင်မြင်မှုများသည် ၁၉၆၀ ခုနှစ် ဆယ်စု နှစ်များအတွင်း
အောင်မြင်မှုများ အမြောက်အမြား တွေ့ရကြောင်း၊ ဘောလုံး လောက
ဂုဏ်ရှိန်ဂုဏ်ဝါတောက်ပခဲ့သည့် အချိန်များကို ပြန်ကြည့် လျှင်-
(၁) ၁၉၆၆
နှင့် ၁၉၇၀ တို့တွင် - အာရှချန်ပီယံဆုကို(၂)ကြိမ်၊
(၂) ၁၉၆၁ မှ
၁၉၇၇ အထိ - အာရှလူငယ်ချန်ပီယံဆုကို(၈)ကြိမ်၊
(၃)၁၉၆၅ မှ
၁၉၇၃ အထိ
- အရှေ့တောင်အာရှချန်ပီယံဆုကို
(၅)ကြိမ်၊
(၄)၁၉၆၄၊၁၉၆၇၊၁၉၇၁ အထိ
- မာဒေးကားချန်ပီယံဆု(၃)ကြိမ် နှင့် ၂၀၀၆ တွင် (၁)ကြိမ်၊
(၅) ၁၉၇၁ မှ
၁၉၇၃ အထိ
- ပတ်ချုံဟီးဖလားချန်ပီယံဆု(၃)ကြိမ်၊
(၆) ၁၉၇၁ မှ
၁၉၇၅ အထိ - ဂျာကာတာဖလားချန်ပီယံဆု(၄)ကြိမ်၊
(၇) ၁၉၇၇ မှ
၁၉၇၉ အထိ - မာရာဟာလင်ဖလားချန်ပီယံဆု(၃)ကြိမ်
စုစုပေါင်း (၂၉)ကြိမ်အထိ အားရဂုဏ်ယူဖွယ်ရာ အောင်မြင်ခဲ့သည်ကို
တွေ့ရ ကြောင်း။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ၁၉၈၀၊ ၁၉၉၀၊ ၂၀၀၀
ခုနှစ်တို့တွင် လက်ရွေးစင်အသင်း၏ အောင်မြင်မှုများသည်
အားရဖွယ်ရာသိပ်မရှိခဲ့သည်ကို တွေ့ရကြောင်း၊ ထို့အတူ
အခြားအခြားသော အားကစားအဖွဲ့များသည်လည်း အောင်မြင်မှု
နည်းပါးလာသည်ကို တွေ့ရသည့်အတွက် နိုင်ငံဂုဏ်ဆောင်ဖြစ် သည့်
မြန်မာ့အားကစားလောက ပြန်လည်ဦးမော့နိုင်ရန် ယခု
ကြွရောက်လာ ကြသူများအားလုံး မိမိတို့တွင်ရှိနေကြသည့်
အရင်းအမြစ်ပေါင်းများစွာနှင့် ပါ ဝင်ကူညီအားပေးနိုင်ကြရန်နှင့်
လာမည့် ရက်အနည်းငယ်အတွင်းတွင် ကျင်းပ မည့်
“အလုပ်ရုံဆွေးနွေးပွဲ”တွင် အကောင်းဆုံး
ဝိုင်းဝန်းဆွေးနွေး အကြံဥာဏ် ပေးကြပါဟု တိုက်တွန်းရင်း
နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြား သည်။
|